Thursday, January 24, 2013

23.1.2013 မှ 29.1.2013 အထိ (၇) ရက်သားသမီးများအတွက် ဟောစာတမ်း

တနင်္ဂနွေ

အတွေးသစ်၊ အမြင်သစ်၊ ရည်ရွယ်ချက်အသစ်တွေ နှင့်ရှိနေမည်။ အလုပ်အကိုင်သစ်တွေလုပ် ဖြစ်မည်။ မရောက်ဘူးသော ခရီးသစ်တွေ လည်း သွားဖြစ်မည်။ ချစ်သူအသစ်တွေလည်းတွေ့မည်။ ငွေဝင်မည်။ စက်ဝင်မည်။ သူငယ်ချင်းဟောင်း၊ ရည်းစားဟောင်းတို့နှင့် ပြန်လည် ဆုံတွေ့လိမ့် မည်။ စပ်တူစီးပွားရေးအောင်မြင်မည်။ ကျန်းမာရေးကောင်းမည်။ သို့သော် အစာအိမ်တော့ ဂရုစိုက်ပါ။ သူတပါးအရှုပ် ကိုယ့်အရှုပ်ဖြစ်မည်။ မိသားစုအတွက်စိတ်ရှုပ်ရမည်။ လမ်းသွားလမ်းလာ ဂရုစိုက်ပါ။ ခိုက်မိတတ်သည်။ သူငယ်ချင်းတစ်ယောက် ထံမှလက်ဆောင်ရမည်။

 

အကျိုးပေးဂဏန်း  - ၁၊ ၅၊ ၇။

အထူးဟော         - လန်းဆန်းမည်။ အဆင်ပြေမည်။

ယတြာ              - ကလေးတွေကို စာရေးကိရိယာ ပေးဝေပါ။

 

တနင်္လာ

ကိုယ့်ချစ်သူက သူများနောက်ပါတတ်သည်။ ငွေရစရာ ရမည်။ အလုပ်အကိုင်ပြန်၍ အဆင်ပြေလာမည်။ ထီထိုးပါ။ ထီပေါက်ကိန်း ရှိနေသည် ။ သင်၏ အင်္ဂလိပ် မွေးသက္ကရာဇ်ကို ဂဏန်း လုပ်၍ ထိုးပါ။ မုချပေါက်မည်။ စက်၊ ယာဉ်တို့ အဝယ်မှား၊ အရောင်းမှား မည်။ ဂရုစိုက်ပါ။ ခြေ၊ လက်တို့ ခိုက်မိမည်။ ဂရုစိုက်ပါ။ သူတပါးစကား ကိုယ့်စကား မလုပ်လေနှင့်။ လူယုံမထားရ၊ မရည်ရွယ်သော ခရီးများရောက် မည်။ ကျန်းမာရေးကောင်းမည်။ သို့သော် ရေချိုး ဆင်ခြင်ပါ။ အကြီးအကဲ၏ ကူညီမစ မှုရမည်။ မုန်းနေသောသူတို့နှင့် ပြန်၍ အဆင်ပြေမည်။

 

အကျိုးပေးဂဏန်း  - ၃၊ ၅၊ ၈။

အထူးဟော         - ကြားစကားမယုံနှင့်။

ယတြာ              - စာကလေး ၆ ကောင်ဝယ်လွှတ်ပါ။

 

အင်္ဂါ

ဆုံးဖြတ်ချက်ချပြီးလျှင် ရဲရဲလုပ်ပါ။ အောင်မြင်မှုရမည်။ အပေါင်းအသင်းကောင်းတွေတွေ့နေမည်။ စပ်တူရှယ်ယာ လုပ်ငန်း များအကျိုးပေး မည်။ စက်၊ ရွှေ၊ ဆိုင်ခန်း၊ ဈေးခန်း ဝင်၊ ထွက်ဖြစ်မည်။ နေအိမ်မှာ အပူသည် အဝင်မခံသင့်ပါ။ ငွေကြေး၊ ပစ္စည်း အလိမ်ခံရတတ်၍ ဂရုစိုက်ပါ။ အဝေးမိတ် ဆွေ တို့နှင့် စပ်တူရှယ်ယာလုပ်ရတတ်သည်။ ခရီးဝေး ယာယီတွေရောက်မည်။ အချစ်ရေး၊ အိမ်ထောင်ရေး အဆင်ပြေမည်။ လက်ထပ်ပွဲ ဖြစ်မည်။ တစ်ချိန်က အချစ်ဟောင်း၊ ရည်းစားဟောင်း က နှောင့်ယှက်လိမ့်မည်။ သားချင်းဆွေမျိုးအတွက် စိတ်ရှုပ်ရတတ်သည်။ သို့သော် သင်ကံကောင်းပါသည်။

 

အကျိုးပေးဂဏန်း  - ၃၊ ၄၊ ၆။

အထူးဟော         - အတိုက်အခံတွေကြားက သင်အောင်မြင်မည်။

ယတြာ              - ခိုစာကျွေးပါ။

 

ဗုဒ္ဒဟူး

 

ကတိတစ်ခုကိုလွယ်လွယ် မပြုနှင့်၊ မုန်းရတတ်သည်။ စကားပြောဆင်ခြင်ပါ။ စကားများရတတ်သည်။ ချစ်သူ၊ စွဲလန်းသူ တွေ့မည်။ အချစ်ရေး အဆင်ပြေမည်။ လက်ဆောင်တွေရမည်။ ထီပေါက်ခြင်း၊ ထီပေါက်သလို ငွေဝင်မည်။ မရည်ရွယ်သောခရီးတစ်ခု သွားရမည်။ ကား၊ ဆိုင်ကယ် ဂရုစိုက်မောင်းပါ။ ရုတ်တရက် ခိုက်မိ တော့မလိုဖြစ်မည်။ အန္တရာယ်နှင့် ရန်တို့မှ ပွတ်ကာသီကာလွတ်မြောက်လိမ့်မည်။ ပညာရေးကောင်းသည်။ အောင်မြင်မည်။ ပြည်ပထွက်ခွာသူများ၊ အလုပ်လျှောက်သူများ အဆင်ပြေ အောင်မြင်မည်။ စီးပွားရေး စတင်ဆောင်ရွက်မှုများ ထစ်ငေါ့ပြီးမှ အောင်မြင်မည်။ ကျန်းမာရေးကောင်း နေမည်။

 

အကျိုးပေးဂဏန်း  - ၄၊ ၉၊ ၆။

အထူးဟော         - မကြာမီ သင့်ကံကောင်းမည်။

ယတြာ              - အိမ်ဘုရားကို ရေသက်စေ့ရေသပ္ပာယ်ပါ။

 

ကြာသပတေး

မှားယွင်းလွဲချော်မှုများဖြစ်တတ်၍ ဂရုစိုက်ပါ။ ပစ္စည်းကျပျောက်ကိန်းများရှိ၍ ဂရုစိုက်ပါ။ ချစ်သူ၏ အထင်အမြင်လွဲမှားမှုများ ရှိ၍ အနေအထိုင်၊ အပြောအဆိုဂရုစိုက်ပါ။ ခရီးဝေးသွားရမည်။ လက်ထပ်မင်္ဂလာ ပြုရလိမ့်မည်။ ထီပေါက်ကိန်းရှိသည်။ ထီထိုးပါ။ အင်္ဂါနံ စ.ဆ.ဇ.ဈ.ည အက္ခရာပါသော ဆိုင်တွင်ထိုးပါ။ စွန့်စားမှု၊ စူးစမ်းမှု၊ လွတ်လပ်မှုတို့ ရှိသည်။ သို့သော် အတိုက်အခံများမည်။ ကွက်ကျော် မြင် အကဲခတ်ကောင်းသော်လည်း မှားယွင်းတတ်၍ ဂရုစိုက်ပါ။ ရွေးပေါင်းသောသူမှ အပေါင်းအသင်း မှားတတ်သည်။

 

အကျိုးပေးဂဏန်း  - ၅၊ ၀၊ ၁။

အထူးဟော         - ကံကောင်းမည်။

ယတြာ              - ကလေးငယ်တွေကို မုန့်ဝေပါ။

 

သောကြာ

 

လူခင်အချင်းချင်း စိတ်ဝမ်းကွဲမည်။ ပြန်ခေါ်မည်။ စက်၊ မြေနှင့်ပတ်သက်၍ ပြဿနာရှုပ်မည်။ အချစ်ရေးမှာ ရန်သူရှိနေသည်။ သင်၏ချစ်သူကို လုယူသူပေါ်လိမ့်မည်။ အချိန်မီ ဖြေရှင်းပါမှ စိတ်ချမ်းသာမှုရမည်။ ခြေ ၁ ဖက် ခိုက်မိမည်။ ငွေကြေး ရစရာတို့ စကားပြောရတတ်သည်။ မရတတ်ပါ။ ရင်းနှီးမြှုပ်နှံမှု တို့ ပြုရတတ်သည်။ ဝန်ထမ်းအလုပ် ရာထူးတက်ကိန်းရှိသည်။ ကျန်းမာရေး အနည်းငယ်ချူချာ မည်။ ထီပေါက်ကိန်းရှိသည်။ ထီထိုးပါ။ အလုပ်သစ် ရကိန်း ရှိသည်။ လက်ရှိအလုပ်ရာထူးတက်လိမ့်မည်။ လူယုံမထားရ။ ငွေလိမ်ခံရတတ်သည်။

 

အကျိုးပေးဂဏန်း  - ၆၊ ၉၊ ၈။

အထူးဟော         - သတိတရားလက်ကိုင်ထားပါ။

ယတြာ              - သောကြာနေ့တွင် လမ်းသန့်ရှင်းရေးလုပ်ပါ။

 

စနေ

 

မြင့်မြတ်သောစိတ်ဓာတ်ရှိနေသူဖြစ်သည်။ ဆက်လက်ကျင့်သုံးပါ။ ရန်သူကမိတ်ဆွေဖြစ်လာမည်။ မုန်းနေသော ချစ်သူရှိပါက နားလည် လာလိမ့်မည်။ မိဘသားချင်း အပေါ်ငဲ့ညှာမှု ရှိမည်။ ဘာသာတရား လိုက်စားမှု ပိုကောင်းလာမည်။ မိတ်ဆွေအပေါင်းအသင်း ကလည်း ကောင်းကျိုးပေးလာမှာပါ။ အိမ်ဆောက် ၊ လမ်းပြင် ၊ ရေလှူ ခြင်းတွေ ကောင်းပါတယ်။ အလုပ်တကယ် အောင်မြင် မည်။ ကျော်ကြားလာမည်။ သင့်ကိုယ်ပိုင်လုပ်ငန်းရှင် ဖြစ်လာမည်။ ၀န်ထမ်းအလုပ်လျှောက်လျှင်လည်းရမည်။ အင်တာဗျူး အောင်မြင် မည်။ ထီထိုးပါ ၊ထီပေါက်မည်။ခရီးဝေးတွေသွားရမည်။ သွားသော ခရီးတွေအောင်မြင်မည်။ ပြည်ပ အလုပ်အကိုင်လည်း အဆင်ပြေမည်။ ပြည်ပခရီးတွေ ထွက်ရမည်။ မင်္ဂလာလက်ထပ်မှု အောင်မြင်မည်။ ကျန်းမာရေး ကောင်းလာမည်။

 

အကျိုးပေးဂဏန်း - ၇၊၀၊၂

အထူးဟော - အဆင်ပြေအောင်မြင်မည်။

ယတြာ - ဘုရားကို ထီးဖွင့်ကပ်လှူပါ။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။