Thursday, January 24, 2013

ရန်ကုန် - မော်လမြိုင် အဝေးပြေးကားလမ်းမပေါ်တွင် ယာဉ်ကြောပိတ်ဆို့နေရာမှ ပုံမှန်အတိုင်းပြန်လည်သွားလာနိုင်ပြီဖြစ်

ပဲခူးခရိုင် ဝေါမြို့ ရန်ကုန်- မော်လမြိုင် အဝေးပြေး ကားလမ်းမပေါ်ရှိ တံတားတစ်စင်း ပျက်စီးမှုကြောင့် ယာဉ်ကြော ပိတ်ဆို့နေရာမှ ဇန်န၀ါရီလ ၂၂ ရက်နေ့ ညမှစတင်ပြီး ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ပဲခူးခရိုင် ဝေါမြို့ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ်ရှိ ပဲခူး-စစ်တောင်း တူးမြောင်းဖြတ် တံတားပေါင်အား မြေတူးစက်တင် ယာဉ်တစ်စီးမှ ၀င်တိုက်ခဲ့မှုကြောင့် တံတားပျက်စီးမှု ဖြစ်ပေါ်ခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုများ နှစ်ရက်ကြာ ဖြစ်ပေါ်ခဲ့ရာ တံတားအား ၀င်တိုက်ခဲ့သည့် မော်တော်ယာဉ်အား ရှင်းလင်းနိုင်ခဲ့မှုကြောင့် ဇန်န၀ါရီလ ၂၂ နေ့ ည ၁၁ နာရီ အချိန်ခန့် မှစတင်ပြီး ပြန်လည် အဆင်ပြေသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ်တွင် ဇန်န ၀ါရီလ ၂၃ ရက် နံနက်ပိုင်းမှ စတင်ပြီး ပုံမှန်အတိုင်း သွားလာနေကြပြီ ဖြစ်ကြောင်း သိရသည်။
မော်တော်ယာဉ်ဝင်တိုက်ခဲ့မှုကြောင့် ပျက်စီးမှု ဖြစ်ပေါ်စေခဲ့သည့် တံတားပေါင်အား ကရိန်းများဖြင့် ပြန်လည် ဖယ်ရှားပေးခဲ့သော်လည်း ယနေ့ အချိန်အထိ တံတားအား ပြန်လည် ပြုပြင်ခြင်း မရှိသေးကြောင်း သိရသည်။    

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။