Thursday, December 13, 2012

BCမှ ကြီးမှူး၍ Literature Festival ကျင်းပမည်

၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ British Council မှ  ကြီးမှူး၍

မြန်မာစာရေးဆရာ၊ ဆရာမ အလွှာပေါင်းစုံ ပါဝင်မည့် Literature Festival ကို အင်းလျားလိတ် ဟိုတယ်တွင် ကျင်းပသွားမည်ဟု သိရသည်။ ယင်းပွဲအတွက် အကြိုညှိနှိုင်း စည်းဝေးပွဲကို ဒီဇင်ဘာလ ၉ရက်တနင်္ဂနွေနေ့က ဗိုလ်အောင်ကျော်လမ်းရှိ Home တွင် ကျင်းပခဲ့သည်။

 

အဆိုပါပွဲတွင် မြန်မာစာပေ ကဏ္ဍပေါင်းစုံအားသုံးရက်တိုင်တိုင်ဆွေးနွေးပြောကြားမှု ပြုလုပ်သွားမညဟုသိရသည်။
English Section တွင် ဝတ္ထု၊ကဗျာများကို English ဘာသာဖြင့် ရွတ် ဖတ် ဆွေးနွေးကြမည် ဖြစ်ပြီးအခြား ဝတ္ထုတို ကဏ္ဍ၊ ကဗျာ ကဏ္ဍများ ကိုလည်း မြန်မာစာရေးဆရာ၊ ဆရာမ များကခေါင်းစဉ်အလိုက်ဦးဆောင်ဆွေးနွေးမှုများပြုလုပ် သွားကြမည်ဟုသိရသည်။

ယင်းပွဲတွင်Bloggers' Section ကိုလည်းဆွေးနွေးသွားမည်ဖြစ်ပြီးကိုနေဘုန်းလတ်၊ မမြသွေးနီနှင့် သူရဿဝါတို့မှ ခေါင်းစဉ် တစ်မျိုးစီနှင့် ပါဝင် ဆွေးနွေးမည်ဖြစ်ပြီး ကဗျာဆရာမ မပန်ဒိုရာက Facilitator အဖြစ် ဆောင်ရွက်မည်ဟုသိရသည်။

`ကျွန်တော့်အနေနဲ့ ကတော့ " ရသစာပေနဲ့ ဘလော့ဂ်ရပ်ဝန်း " ဆိုတာလေးပြောမယ်လို့ အကြမ်းဖျဉ်းစဉ်းစား ထားပါတယ် ။အပြောင်း အလဲ ရှိနိုင်ပါတယ်´ ဟု ကိုသူရဿဝါက ၄င်း၏ ဖေ့ဘွတ်စာမျက်နှာ၌ ရေးသား ထားသည်။
၎င်းအပြင် လူငယ်အခန်းကဏ္ဍ (Youth Section) တစ်ခုကို ပြုလုပ်၍ ကိုနေဘုန်းလတ်က Facilitator အနေနှင့် ထိန်းကျောင်းကာ မေးမြန်းဆွေးနွေးမည့် ပုံစံဖြင့်ပြုလုပ်မည်ဟုလည်းသိရသည်။
 
ဓါတ်ပုံ-ThuRa ThaWah- facebook

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။