Thursday, December 13, 2012

အာဖဂန်ရှိ ကန်တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ

အာဖဂန် နစ္စတန် နိုင်ငံ အရှေ့ ဘက်ခြမ်းရှိ အမေရိကန် စစ်အခြေ စိုက်စခန်း လေယာဉ်ကွင်း အနီးတွင် နေရာအနှံ့ ပေါက်ကွဲမှုများဖြစ်ပွား ခဲ့ကြောင်းနေတိုး တပ်ဖွဲ့က ထုတ် ဖော်ပြောဆိုခဲ့သည်ဟု ဘီဘီစီ သတင်းတွင် ဖော်ပြထားသည်။

 

ထိုကဲ့သို့ ပေါက်ကွဲမှုဖြစ်စေ သည့် တိုက်ခိုက်မှုသည် ဒီဇင်ဘာ ၂ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီဝန်းကျင် ဂျလာလာဘက်ရှိ လေယာဉ်ကွင်း တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း တာလီဘန်ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

အချို့သော တာလီဘန်တိုက် ခိုက်ရေးသမားများသည် အဆိုပါ ဒေသတွင်းသို့ ဝင်ရောက်သွားကြ ကြောင်း၊ တိုက်ပွဲမှာလည်း ဆက် လက်ဖြစ်ပွားလျက်ရှိကြောင်း၊ သို့ ရာတွင် အတည်ပြုမပြောနိုင်သေး ကြောင်း အဆိုပါပြောရေးဆိုခွင့် ရှိသူက ထုတ်ဖော် ပြောဆိုခဲ့သည်။

နေတိုးတပ်ဖွဲ့အနေဖြင့် အာဖ ဂန်စစ်တပ်များသို့ လုံခြုံရေးကို တဖြည်းဖြည်း လွှဲအပ်နေပြီဖြစ် ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် တပ်ဖွဲ့ ဝင်အားလုံး အာဖဂန်နစ္စတန် နိုင်ငံမှ ထွက်ခွာကြမည်ဖြစ်ကြောင်းဘီဘီစီ သတင်းတွင် ဖော်ပြထားသည်။

အာဖဂန်ရှိ ကန်တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။