
တက္ကသိုလ်၊ ဆရာ၊ ဆရာမများ အသင်းများကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ အလုပ်သမား အဖွဲ့အစည်း ဥပဒေ ၂၀၁၁ ခုနှစ်ပါ ပုဒ်မ ၄(က) နှင့်အညီ ဆရာ၊ ဆရာမများ အသင်းများထဲမှ တက္ကသိုလ် ဆရာ၊ ဆရာမများ အသင်း (ရန်ကုန်တက္ကသိုလ်) အား ဖွဲ့စည်းတည်ထောင်ရခြင်း ရည်ရွယ်ချက်များမှာ (က) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ ပညာရေးအဆင့်အတန်း မြှင့်တင်ရေးအတွက် သက်ဆိုင်ရာ ဘာသာရပ် နယ်ပယ်အသီးသီး၌ နိုင်ငံအကျိုးပြု ခေတ်မီပညာရေးစနစ် ဖော်ဆောင်ရာတွင် ရန်ကုန် တက္ကသိုလ် ဆရာ၊ ဆရာမများ အသင်းက တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ရန်၊ (ခ) တက္ကသိုလ် ဆရာ/မများ၏ သာရေး၊ နာရေး၊ လူမှုရေး၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ ကဏ္ဍများတွင် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးရန်၊ (ဂ) ကျောင်းသား/ကျောင်းသူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဘဝ တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ထိရောက်စွာ ဆောင်ရွက်ပေးရန်၊ (ဃ) တက္ကသိုလ် ဆရာ၊ ဆရာမများ၏ ရသင့်ရထိုက်သော အခွင့်အရေးများနှင့် နစ်နာမှုများကို တရားဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက် ကူညီပေးရန်၊ (င) တက္ကသိုလ် ဆရာ/ဆရာမများ၏ တူညီသော သဘောထား ဆန္ဒများကို လွတ်လပ်စွာ ဖော်ထုတ်ရာတွင် အသင်းမှ အကူအညီပေးရန်၊ (စ) မိမိတတ်ကျွမ်းသည့် ပညာရပ်များကို အသက်မွေးဝမ်းကျောင်း ပညာရပ်အဖြစ် မူလတာဝန်များ မထိခိုက်စေဘဲ လွတ်လပ်စွာ အသုံးချခွင့် ရှိစေရန်၊ (ဆ) ပညာရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဒေသအတွင်း အဖွဲ့အစည်းများနှင့်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့်လည်းကောင်း ဆက်သွယ်ဆောင်ရွက်ရန် (သို့) ဆက်သွယ်ရာတွင် ကူညီဆောင်ရွက်ပေးရန်တို့ ဖြစ်ကြသည်ဟု
ဆိုသည်။
တက္ကသိုလ်ဆရာ၊ ဆရာမများ အသင်း (ရန်ကုန်တက္ကသိုလ်) ၏ အလုပ်အမှုဆောင် အဖွဲ့ဝင်များမှာ ဒေါက်တာ ဥက္ကာမြ (တွဲဖက်ပါမောက္ခ သမိုင်းဌာန) ဥက္ကဌ၊ ဒေါက်တာ စိုင်းခိုင်မျိုးထွန်း (လ/ကထိက နိုင်ငံတကာ ဆက်ဆံရေး ပညာဌာန) အတွင်းရေးမှူး၊ ဒေါက်တာ စိန်မိမိဦး (ကထိက၊ သမိုင်းဌာန) ဘဏ္ဍာ ရေးမှူး၊ ဒေါက်တာ ဇော်မျိုးထွန်း (လ/ထကထိက၊ ရုက္ခဗေဒဌာန) အဖွဲ့ဝင်၊ ဒေါက်တာ မျိုးမောင်မောင် (လ/ထ ကထိက၊ ဓာတုဗေဒဌာန) အဖွဲ့ဝင်၊ ဒေါက်တာ ကျော်မိုးသန်း (လ/ထကထိက၊ ရူပဗေဒဌာန) အဖွဲ့ဝင်နှင့် ဦးပြည်ဖြိုးကျော် (နည်းပြ၊ ရှေးဟောင်းသုတေသနဌာန) အဖွဲ့ဝင်တို့ ဖြစ်ကြသည်။
တက္ကသိုလ် ဆရာ/ဆရာမများ အသင်း (ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်) ၏ အလုပ်အမှုဆောင် အဖွဲ့ဝင် များမှာ-ဦးသိန်းသီ (ကထိက၊ ပထဝီဌာန) ဥက္ကဌ၊ ဒေါက်တာသန်းလွင်ဦး (လ/ထ ကထိက၊ နိုင်ငံတကာ ဆက်ဆံရေး ပညာဋ္ဌာန) အတွင်းရေးမှူး၊ ဒေါ်နွဲ့နွဲ့ရီ (ဘဏ္ဍာရေးမှူး၊ စာကြည့်တိုက်နှင့် သုတပညာဋ္ဌာန) ဘဏ္ဍာရေးမှူး၊ ဒေါက်တာ သီဟသွင် (လ/ထ ကထိက၊ ဥပဒေ ပညာဌာန) အဖွဲ့ဝင်၊ ဒေါက်တာ ဝင်းမင်းဦး (လ/ထ ကထိက၊ ဘူမိဗေဒဋ္ဌာန) အဖွဲ့ဝင်၊ ဦးသိန်းဝင်း (ကထိက၊ သင်္ချာဌာန) အဖွဲ့ဝင်နှင့် ဒေါ်နှင်းဦးခိုင် (နည်းပြ၊ အင်္ဂလိပ်စာဌာန) အဖွဲ့ဝင်တို့ ဖြစ်ကြသည်။
တက္ကသိုလ်ဆရာ၊ ဆရာမများ အသင်းများသည် အလုပ်သမား ဝန်ကြီးဌာနသို့ မှတ်ပုံတင်ရန် တရားဝင် လျှောက်ထားပြီး ဖြစ်ကြောင်း သိရပါသည်။ စာနယ်ဇင်းများနှင့် တွေ့ဆုံ ရှင်းလင်းသော ထိုအခမ်းအနားသို့ ပြည်တွင်းပြည်ပ သတင်းထောက်များ၊ စိတ်ပါဝင်စားသူများ၊ ဆရာ/ ဆရာမများ စုစုပေါင်း ၅၀ ဦး တက်ရောက်ကြောင်း သိရသည်။ ဆက်လက်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တက္ကသိုလ် ဆရာ၊ ဆရာမများ အသင်းကို ဖွဲ့စည်းသွားကြမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။