Wednesday, August 22, 2012

ပိုက်လိုင်း လျော်ကြေးငွေ အစိုးရ၀န်ထမ်းများ လုယူမူ မြို့နယ် တရားရုံးက ပလပ်၊ ခရိုင်တရားရုံး အမူပြန်တင်

ကျောက်ဖြူမြို့နယ်တွင် ဂတ်စ်ပိုက်လိုင်း တည်ဆောက်ရာတွင် ပါဝင်သွားသော လယ်မြေများ အတွက် လယ်သမားများ ရရှိခဲ့သော လျော်ကြေးငွေများ အထဲမှ ငွေတချို့ကို မြေစာရင်းဌာနမှ တာဝန်ရှိသူများက လူယူသွားခဲ့သော အမူကို  မြို့နယ် တရားရုံးက ပလပ်လိုက်သဖြင့် ယခုအခါ ခရိုင်တရားရုံးကို အမူကို ပြန်လည် တင်ထားလိုက်သည်ဟု သိရသည်။
ကျောက်ဖြူမြို့နယ် ကပိုင်ချောင်းကျေးရွာမှ လယ်သမား (၅) ဦးအား သူတို့ပိုင်ဆိုင်သော လယ်မြေ များ ဂတ်စ်ပိုက်လိုင်း တည်ဆောက်ရာတွင် ပါဝင်သွားသဖြင့် ကျောက်ဖြူမြို့နယ်  အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင်  ပိုက်လိုင်း တာဝန်ခံ ကုမ္ပဏီက ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ (၅) နာရီခန့် တွင် လျော်ကြေးငွေများကို ထုတ်ပေးခဲ့သည်။
“ လျော်ကြေးငွေတွေရတာက ကပိုင်းချောင်း ကျေးရွာသားတွေ ဖြစ်ကြတဲ့  ဦးကျော်သိန်းက ကျပ်  ၅၇ သိန်း၊ ဒေါ်မာလာရီ ကျပ် ၄၀ သိန်း ၊ ဒေါ်မကျော်သိန်းက ကျပ် ၁၅ သိန်း၊ ဒေါ်ခင်ဝင်းတင် ကျပ် ၁၂ သိန်း ၅ သောင်း ၄ထောင် နှင့် ဒေါ်မဝင်းသူက ကျပ်  ၃၅ သိန်း အသီးသီး ရရှိခဲ့ပါတယ်” လူမူရေး လုပ်နေသူ ကျောင်းဆရာ တစ်ဦးက ပြောသည်။
ပိုက်လိုင်း တာဝန်ခံ တည်ဆောက်နေသော ကုမ္ပဏီက တခြားကျေးရွာများမှ လယ်သမား  ၁၈ ဦးကိုလည်း ၎င်းနေ့တွင်ပင် လျော်ကြေးငွေများ အသီးသီး ပေးအပ်ခဲ့သည်ဟု ဆိုသည်။
ကျောက်ဖြူမြို့နယ် ကပိုင်ချောင်းကျေးရွာမှ လယ်သမား (၅) ဦးသည် ရရှိထားသော လျော်ကြေး ငွေများနှင့် အတူ ၎င်းနေ့တွင်ပင် ဦမိုးချေ မော်တော်ဘုတ်နှင့် ရွာပြန်သို့ ပြန်ရန် ကျောက်ဖြူ င/လပွေဆိပ်ကမ်းတွင် ဆိပ်ကပ်ထားသော စက်လှေပေါ်တွင် ထိုင်နေကြချိန်တွင် ကျောက်ဖြူ မြို့နယ် မြေတိုင်း ဦးစီးဌာနမှ လ/ထ ဦးစီး ဦးဝေဘစံ၊ မြေတိုင်းအဆင့်(၄) ဦးမိုလင်းထွန်း၊ ကပိုင်းချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း နှင့် ဦးထွန်ဝင်း တို့လိုက်ပါလာပြီး ငွေထုတ်များကို ပေးအပ်ရန်နှင့် ရရှိလာသောငွေထဲမှ တ၀က်ကို သူတို့အား ခွဲဝေပေးရန် တောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။
“ အဲသလို တောင်းယူရာတဲ့အခါ ဒီငွေ ထုတ်တွေကို သူတို့လက်ထဲ မပေးအပ်ရင်  ဒုတိယ အကြိမ် ထုတ်ပေးတဲ့ ငွေတွေကို ရမှာ မဟုတ်ဘူးလို့  ခြိမ်းခြောက်တာကြောင့်  ရိုးသားတဲ့ တောင်သူ လယ်သမားတွေဆိုတော့ ကြောက်ပြီး ငွေထုတ်တွေကို အပ်လိုက်ကြတယ်။ ငွေထုတ်တွေကို ရသွားတော့ သူတို့လိုချင်သလောက် ယူသွားကြတာပါဘဲ” ဟု သူက ပြောသည်။
ထိုသို့ အပ်လိုက်ပြီးနောက်ပိုင်းတွင် လက်ထောက် မြေတိုင်း ဦးစီး ဦးဝေဘစံနှင့် အဖွဲ့က ဦးကျော်သိန်း ထံမှ ငွေ ကျပ် ၁၅ သိန်း၊  ဒေါ်မဝင်းသူငွေမှ ကျပ် ၁၅ သိန်း၊ ဒေါ်မာလာရီငွေမှ ကျပ်ငွေ ၁၀ သိန်း၊ ဒေါ်ခင်ဝင်းတင်ငွေထံမှ ကျပ် ၄သိန်းနှင့် ဒေါ်မကျော်သိန်းထံမှ ကျပ် ငွေ ၅သိန်း တို့ကို ယူဆောင် သွားကြသည်ဟု ဆိုသည်။
ထိုသို့ ခြိမ်းခြောက် ငွေတောင်း ယူသွားသဖြင့် ၎င်းငွေများကို ပြန်လည် ရရှိရေး အတွက် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး အပါအ၀င် မြို့နယ် ရဲစခန်းသို့ အကြိမ်ကြိမ် တိုင်တန်းခဲ့သော်လည်း  တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသဖြင့် ဦးကျော်သိန်း အပါအ၀င်  ဒေါ်မကျော်သိန်း၊ ဒေါ်ခင်ဝင်းတင်၊ ဒေါ်မဝင်းသူ တို့က ၂၀၁၁ ခုနှစ် ဒီဇင်္ဘာလ ၅ ရက် နေ့တွင် မြို့နယ် တရားရုံးတွင် ဦးတိုက် လျှောက် တိုင်ကြားခဲ့ကြသည်။
ဒေါ်မာလာရီ ကလည်း ၂၀၁၂ ခုနှစ် ဇန္န၀ါရီလ ၃ ရက်နေ့တွင် မြို့နယ် တရားရုံးတွင် တရား စွဲဆို ခဲ့သည်ဟု ပြောသည်။
၎င်း လူပုဂ္ဂိုလ် ၅ ဦး၏ အမှု ၅ ခုစလုံးအား ကို ကျောက်ဖြူမြို့နယ် ရဲစခန်းသို့ စစ်ဆေရန် ချပေး ခဲ့ကြောင်း၊ သို့သော် ရဲစခန်း တာဝန်ရှိသူများက မြေတိုင်းဌာနမှ တာဝန်ရှိသူများထံမှ လာဒ်ယူပြီး အမူမှာ မဟုတ်မှန်ကြောင်း တင်ပြသဖြင့် ၂၀၁၂ ခုနှစ် မေလ ၅ ရက်နေ့တွင် အမူကို ကျောက်ဖြူ မြို့နယ် တရားရုံက ပလပ်ခဲ့ပါသည်။
ယင်းသို့ အမူကို ပလပ်လိုက်သည့် အပေါ် မကြေနပ်သဖြင့် ကျောက်ဖြူ  ခရိုင်ရုံးသို့ ဆက်လက် တင်ပြရာ ယခုအချိန်ထိ တရားရုံးက အကြောင်းတစ်ရာ တစ်စုံတရ မပြန်သေးကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။