Friday, August 17, 2012

OIC တောင်းဆိုမှု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေးကော်မရှင်တုံ့ပြန်



2012-08-16
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းက ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့  စုံစမ်းစစ်ဆေးရေး လုပ်စရာမလိုဘူးလို့  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေး ကော်မရှင်က ပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်က အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ ၀င်ရောက် ဆောင်ရွက်ပေးဖို့ အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့  OIC ကနေ တောင်းဆိုမှု ထွက်ပေါ်လာပြီးနောက် အခုလို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေး ကော်မရှင်ရဲ့ ပြောကြားချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် အိုးမဲ့ အိမ်မဲ့ ဖြစ်ရသူပေါင်း ၆ သောင်း ၈ ထောင် ကျော် ရှိသွားပြီလို့  ကုလသမဂ္ဂက မနေ့က ထုတ်ပြန် ကြေညာပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။