Friday, August 17, 2012

ရပ်ကွက်အတွင်း ဆီသိုလှောင်ရောင်းချ သဖြင့် ရပ်ကွက်နေပြည်သူများ စိုးရိမ်နေ

ရပ်ကွက်အတွင်း ဆီသိုလှောင်ရောင်းချသဖြင့် ရပ်ကွက်နေပြည်သူများ စိုးရိမ်နေ
မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ် သံလျက် မှော်တောင် ရပ်ကွက် ဧရာထွန်း တိုက်တန်း  အမတ ဆိပ်ဦးဓမ္မာရုံ၏ အရှေ့တောင်ဘက်နှင့် မြောက်ဘက် လူနေအိမ် ထူထပ်သည့် ရပ်ကွက်အတွင်း စက်သုံး လောင်စာဆီများကို သိုလှောင်ရောင်းချနေမှုများကြောင့် ရပ်ကွက်နေပြည်သူများ နေ့စဉ် စိတ်ပူပင်သောက ရောက်နေကြောင်း သိရသည်။


“ကျွန်တော်တို့ ဧရာထွန်းက လူနေထူထပ်တဲ့ရပ်ကွက်ပါ။ ဒီလိုစက်သုံးဆီတွေကို သိုလှောင်ရောင်းချ နေတာကြောင့် နေ့စဉ်နှင့်အမျှ စိတ်သောကရောက်နေရတယ်။ ကိစ္စရှိလို့ အပြင်ထွက်ရင်တောင် ကိုယ့်အိမ် ကို စိတ်မချရဘူး။ ပြီးတော့ ကိုယ့်ရပ်ကွက်က မီးသတ်ကားအဝင်အထွက်ခက်တဲ့ရပ်ကွက် အခုဖြစ်နေ တယ်။
ကိုယ့်တိုက်ခန်းရှေ့ရော၊ နောက်မှာရော ဆီဘောက်ဆာကားကြီးတွေက ကားထဲကနေ ကန်ထဲကို ဆီထည့်တာ နေ့ရောညရော လုပ်နေကြတာ။ မီးရေးထင်းရေးကိစ္စတင်မကဘူး။ ဆီအနံ့ကကျန်းမာရေးပါ ထိခိုက်လာတယ်။ ဒါနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ရော၊ မြို့တော်ဝန်ရော၊ ဗဟိုမီးသတ်ကိုပါ စာတင်ထားတယ်။ စာတင်တာ တစ်လလောက်ရှိပြီ။ ဘယ်သူမှလာဆင်းမကြည့်ကြပါဘူး။ တားမြစ် ပေးတာလည်း မရှိပါဘူး”ဟု ရပ်ကွက်နေ ဦးမောင်တင်က ပြောသည်။
ဆီဘောက်ဆာမှတစ်ဆင့် ဆီကန်များသို့ ဆီထည့်ရုံသာမက ဆီကန်ထဲမှ ဆီများကို ပီပါများ အတွင်းထည့်ပြီး လက်ကားရောင်းချခြင်း၊ ပိန့်ရှုံ့နေသော ပီပါများကို ထုရိုက်၍ ပြန်ဖော်ခြင်းလုပ်ငန်း များရှိနေသောကြောင့် စာကျက်ချိန် အိပ်ချိန်များ၌ အနှောင့်အယှက်ဖြစ်ရခြင်းနှင့် ဆီဘောက်ဆာ ကား ကြီးများ ရပ်ကွက်အတွင်းဝင်ရောက်မှုကြောင့် မကြာခဏလမ်းပိတ်မှုများဖြစ်ပေါ်နေကြောင်း သိရသည်။
အထူးသဖြင့် ဆီသိုလှောင်သည့် ကန်နံဘေးတွင် နေအိမ်မီးဖိုများ စားသောက်ဆိုင်များ နီးကပ်စွာ ရှိနေသောကြောင့် မီးဘေးအန္တရာယ်မှာ အချိန်မရွေးဖြစ်ပေါ်လာနိုင်ကြောင်း ၄င်းရပ်ကွက်နေ မသူဇာက ပြောသည်။
မန်းမောင်မောင်


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။