Friday, August 17, 2012

ကားအရစ်ကျရောင်းချသည့်စနစ်တွင် အားနည်းချက်များရှိနေ


ကားအရောင်းစင်တာများမှ ကားသစ်များ အရစ်ကျ စနစ်ဖြစ်ရောင်းချရာတွင်ဝယ်ယူမည့်ကား၏ အပြင်ပေါက်ဈေးကွက် အား လေ့လာပြီးမှ ဝယ်ယူသင့်ကြောင်းကားဝယ်ရောင်းပြုလုပ်သူများများမှ သုံးသပ်သည်။

အရစ်ကျစနစ်ကကောင်းပါတယ်။ ဘဏ်တိုးလောက်ပဲရှိတာပေါ့။ ဒါပေမဲ့ကားပေါက်ဈေးကိုတော့ လေ့လာပြီးမှဝယ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့အပြင်ပေါက်ဈေးထက် ဈေးများနေတာတွေ ရှိလို့ပါ။” ပာု ကားအရောင်းအဝယ်ဝန်ဆောင်မှုပေးနေသူ ဦးကျော်က ပြောသည်။

အဆိုပါ အရစ်ကျရောင်းချပေးလျှက်ရှိသော ကားများသည်အပြင် ပေါက်ဈေးထက်ပိုများနေပြီး အရည်အသွေး အားနည်းမှုများရှိကြောင်း ကားဝယ်ရောင်းအများစုကသုံးသပ်သည်။

အဲဒီကားတွေကို ဝယ်ပြီးသွားရင် ပြန်ရောင်းဖို့က သိပ်အဆင်မပြေဘူး။အရစ်ကျပေးနေတဲ့ အချိန်မှာလည်းဈေးကျသွားရင် အရှုံးဘဲဖြစ်သွားမယ်။ဘယ်လို့လဲဆိုတော့ ကုမဏီနာမည်နဲ့ သူတိုက အကုန်လုံးကိုင်ထားမှာကိုး။ပာုကားပွဲစား ဦးသန်းနိုင်က ပြောသည်။

အဆိုပါ ကားအရစ်ကျရောင်းဝယ်မှုစနစ်တွင်  ၂ဝဝ၇ မော်ဒယ်များ ဖြစ်သည့်သိန်း(၅ဝ) ဝန်းကျင်ကားများအား တစ်လ (၈ သိန်း) ဝန်းကျင်ဖြင့် တစ်နှစ်နှင့်အပြတ်ရောင်းချနေခြင်းဖြစ်သည်။

''အရစ်ကျတွေက တော့ အေအေ တကစီလုပ်ဖို့ အတွက်ပါ။ ဖောင်၇ဝဝတောင်ကုန်သွားပါပြီ''ပာု   ဆာကူရာကား အရောင်းစင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ အရစ်ကျကားများရောင်းချမှုမှာအောင်ခြေလူထုအတွက်မရှိမဖြစ်လိုအပ်လျှက်ရှိပြီးထိုနည်းတူပေါက်ဈေးပုံမှန်ဖြင့် အနည်းဆုံး ငွေသွင်းကာလ မှာ(၂)နှစ်ခန့်ရှိသင့်ကြောင်းကိုလည်း  ကားဝယ်ယူသူအများစုက အကြံပြုပြောဆိုကြသုံးသပ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။