Saturday, August 11, 2012

လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားနေရာကို လူစားထိုးပေးဖို့ နိုင်ငံရေးပါတီ ၂၄ ခုတောင်းဆို



2012-08-10
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တားနားရဲ့ နေရာကို အခြားသူတစ်ဦးနဲ့ အစားထိုးပေးဖို့ နိုင်ငံရေးပါတီ ၂၄ ခု ခေါင်းဆောင်တွေက ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ် မစ္စတာ ဗီဂျေး နမ်ဘီယားရဲ့ နိုင်ငံရေးအကြံပေး Mrs. Marianne Hagen နဲ့ ဒီကနေ့ တွေ့ဆုံစဉ် တိုက်တွန်း ပြောကြားလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၀ ရက်က ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ်၏ နိုင်ငံရေးအကြံပေး Mrs. Marianne Hagen နှင့် နိုင်ငံရေးပါတီ ၂၄ ခုမှ ခေါင်းဆောင်များ တွေ့ဆုံဆွေနွေးနေစဉ်။
ရခိုင်အရေးနဲ့ ပက်သက်ပြီး မစ္စတာ ကင်တားနားရဲ့ပြောဆိုချက်တွေဟာ မျှတမှု မရှိတဲ့အတွက် အခုလို တိုက်တွန်း ပြောဆိုခဲ့ကြတာ ဖြစ်တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းနုက RFA ကိုပြောပါတယ်။
မရမ်းကုန်းမြို့နယ်မှာရှိတဲ့ Myanmar Egress ရုံးမှာ ကျင်းပခဲ့တဲ့ အဲဒီ တွေ့ဆုံပွဲမှာ တိုင်းရင်းသား ညီလာခံ ခေါ်ယူရေးကိစ္စ၊ ပီပြင်တဲ့ ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေးကိစ္စနဲ့ ဘိန်းစိုက်ပျိုးမှု လျော့ကျရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
မစ္စတာ ဗီဂျေး နမ်ဘီယားရဲ့ နိုင်ငံရေးအကြံပေး Mrs. Marianne Hagen က နိုင်ငံရေးပါတီ ခေါင်းဆောင်တွေရဲ့ တင်ပြချက်တွေကို ကုလသမဂ္ဂ အထက် အရာရှိတွေထံ ပြန်လည် အစီရင်ခံမယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။