

"မနက် (၈)နာရီခွဲလောက်မှာ သံလွင်မြစ်ဝ၊ ဘီးလူးကျွန်း နတ်မှော်ဘက်ကနေ အော်သံကြားပြီး၊ မည်းနေတဲ့ လေဆင်နှာမောင်းတွေ့ရတော့၊ အဖေက ဂိုဒေါင်ဘေး တဲအိမ်ထဲဝင်ဝပ်နေတယ်၊ ကျွန်တော်က ဂိုဒေါင်ထဲမှာရှိနေပါတယ်၊ ဂိုဒေါင်နောက်ဖက်က ပျက်နေတဲ့အမိုးထဲကို ဝေ့ပြီးမွှေလိုက်တာ ပိတ်ထားတဲ့ သံတံခါးကြီးလည်း ၀ုန်းကနဲ ကန်ထွက်ပြီး၊ သံယက်မတွေလိမ်ပြီး အမိုးကနေ ဖောက်ထွက်သွားပါတယ်၊ ခေါင်မိုးပေါ်မှာ ခုထက်ထိ အုတ်နံရံအပိုင်းတွေ ရှိနေပါတယ်၊ အဖေ၀င်နေတဲ့ တဲလည်းပြားသွားပါတယ်၊ ဒဏ်ရာတော့ မရပါဘူး၊ အဲဒီကနေ ရှင်ဥပဂုတ်ကျောင်းဆောင် အမိုးသွပ်ကို ဆွဲယူပါတယ်၊ အဲဒီနားကအိမ်တွေကို မွှေပြီး မုပွန်ဘောလုံးကွင်းက ပိတောက်ပင်ကို တိုက်ခတ်ပြီး ထွက်သွားပါတယ်"ဟု လယ်လုပ်သားတစ်ဦးက ပြောပါသည်။


လေဆင်နှာမောင်း ၀င်ရောက်တိုက်ခတ်မှုကို မုပွန်ရပ်ကွက်အနေဖြင့် (၂/၃)နှစ်တစ်ကြိမ်ခံရပြီး၊ ကျောက်တန်းအနီး သားသတ်ရုံ၊ မုပွန်တိုးချဲ့(၄)လမ်း၊ ယခုတောင်ဖျားရပ်သို့ ၀င်ရောက်ခဲ့ရာ၊ နှစ်စဉ် မြောက်ဘက်သို့ ရွေ့လာသည့် အနေထားမျိုးရှိကြောင်း၊ ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး နယ်မြေခံ တပ်၊ ရဲ၊ မီးသတ်၊ ကြက်ခြေနီ၊ ပါတီအချို့က နေအိမ်ပြင်ဆင်မှုများ ၀ိုင်းဝန်းဆောင်ရွက်ပေးနေသည်ဟု သိရှိရပါသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။