Wednesday, June 13, 2012

ကချင်ပြည်နယ်တွင် ကြိမ်လုပ်ငန်းလုပ်ကိုင်သူများ ဆက်လက်ရပ်တည်ရန်ခက်ခဲ

ကချင်ပြည်နယ်အတွင်းရှိ  နိုင်ငံရေးမတည်ငြိမ်မှုများက ကြိမ်လုပ်ငန်းလုပ်ကိုင်နေကြသူများထံ ဆိုးကျိုးများဖြစ် ပေါ်စေကြောင်း    မြစ်ကြီးနားမြို့ခံလုပ်ငန်းရှင်များထံက သိရှိရသည်။
 
 
ကချင်ပြည်နယ်တွင် အဓိကကြိမ်ထွက်ရှိရာဒေသများမှာ တာလောကြီး၊ ဆင်ဘို၊ ဟိုကပ်၊သာပတောင်း၊ မိုးကောင်းချောင်း၊တနိုင်းနှင့် နာမ်ဆန်ယန်တို့ဖြစ်သည်။
 
 
‘’တိုက်ပွဲတွေဖြစ်နေတော့ ကြိမ်ထုတ်ဖို့ခက်နေလို့ ကြိမ်လုပ်ငန်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ အချို့ဆို ရပ်ထားရတယ်”တပ်ကုန်းတိုက်နယ် ထွယ်ဆန်ရပ်ကွက်ရှိ ဒေသခံတစ်ဦးက ပြောသည်။
 

 
ယခင်က ကြိမ်ဈေးနှုန်းမှာ ဒေသထွက်ကြိမ် တစ်ချောင်းလျှင် ကျပ် (၄၅၀- ၅၀၀)မှရှိခဲ့ရာက ယခုအခါ ကျပ်ငွေ (၇၀၀- ၉၀၀)ထိ   မြင့်တက်နေကြောင်း သိရှိရသည်။
 
 
တောများမှကြိမ်များမြို့ပေါ်သို့ မရောက်ရှိသောကြောင့် မြို့ပေါ်ရှိ ကြိမ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုလုပ်နေသူများ၏ မိသားစုးဝင်ငွေမှာ ကျဆင်းလျက်ရှိကြောင်း ကြိမ်လုပ်ငန်းလုပ်ကိုင်သူများထံက သိရှိ ရသည်။
 

တပ်ကုန်းတိုက်နယ်၊ ထွယ်ဆန်ရပ်ကွက်တွင်ကြိမ်လုပ်ငန်းလုပ်က်ုင်သော မိသားစုမှာအိမ်ခြေ (၅၀)ခန့်ရှိပြီး ၄င်းတို့သည်၂၀၀၀ ခုနစ်မှစ၍ ယခုအချိန်အထိ ကြိမ်လုပ်ငန်းလုပ်ကိုင် အသက်မွေးဝမ်းကြောင်း ပြုခဲ့ကြသူများ ဖြစ်သည်။
 

“တောထဲက ကြိမ်မ၀င်တော့ မလုပ်လုပ်ဖို့ခက်ခဲပြီး စားဝတ်နေရေးလည်း ထိခိုက်လာတယ်”ဟုတပ်ကုန်း ရပ်ကွက်မှ ကြိမ်လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
 

ကချင်ပြည်နယ်တွင်ငြိမ်းချမ်းမှုမရှိသရွှေ့ကြိမ်ဈေးနှုန်းများမှာ ဆက်လက်မြင့်တတ်နေမည်ဖြစ်ကြောင်း လုပ်ငန်း ရှင်တို့က သုံးသပ်သည်။ထိုကဲ့သို့ကြိမ်ဈေးတက်နေပါက  နောက်တွင်ကြိမ်လုပ်ငန်းဖြင့်အသက်မွေးဝမ်းကြောင်း ပြုလုပ်သူများ အလုပ်လက်မဲ့ဖြစ်သွားနိုင်ကြောင်းကိုလည်း ၄င်းတို့က ဆိုသည်။
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။