Wednesday, June 13, 2012

ရခိုင်အရေး ခံစားမှု မလွန်ကဲဖို့ ကိုကိုကြီး သတိပေး


ရခိုင်အရေး ခံစားမှု မလွန်ကဲဖို့ ကိုကိုကြီး သတိပေး
လက်ရှိ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ခံစားမှု လွန်ကဲတဲ့ အခြေအနေမျိုး မရောက်ရအောင် ဝိုင်းဝန်း ထိန်းသိမ်းကြဖို့
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးက ဇွန်လ ၁၁ ရက်နေ့က ပြောဆို လိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ
ကြောင့် ထွက်ပြေးနေရဆဲဖြစ်တဲ့  ဒေသခံ တိုင်းရင်းသားတွေအတွက် ပြန်လည် ထူထောင်းရေး လုပ်ငန်းစဉ်တွေ လုပ်ပေးဖို့ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်မှ
ဦးအေးသာအောင်ကလည်း ဒီသတင်းစာ ရှင်းလင်းပွဲမှာ တောင်းဆိုသွားပါတယ်။ အစီအစဉ် ၈ ရပ်နဲ့ ပြုလုပ်ခဲ့တဲ့ ဒီသတင်းစာ ရှင်းလင်းပွဲကို ၈၈ မျိုးဆက်
မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး အပြင်၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်မှ
ဦးအေးသာအောင်နဲ့ အဖွဲ့ဝင်တွေ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ ရခိုင် တိုင်းရင်းသားတွေနဲ့ ပြည်တွင်း ပြည်ပ သတင်းထောက်တွေ အပါ
အဝင် လူဦးရေ ၄၀၀ လောက် တက်ရောက် လာခဲ့ကြပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။