Wednesday, June 13, 2012

စစ်တွေမြို့မှ ကလေး/အမျိုးးသမီးနှင့် သက်ကြီးဘင်္ဂလီများအား ဒုက္ခသည်စခန်းသို့ရောက်ရှိ

စစ်တွေမြို့ပေါ်ရှိ ဘင်္ဂလီများအား ဘုမေရပ်ကွက်ရှိ ဒုက္ခသည်စခန်းသို့ ယမန်နေ့ ဇွန်လ(၁၂)ရက်နေ့က ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း အာဏာပိုင်များထံက သိရှိရသည်။
 
စက်ရုံစုရပ်ကွက်ရှိ အဆောက်အဦးများမှာ မီးလောင်ကျွမ်းသွားပြီဖြစ်သဖြင့် အဆိုပါရပ်ကွက်ရှိ ဘင်္ဂလီ တို့အား ဘုမေရပ်ကွက်သို့ ပို့ဆောင်ပေးလိုက်ခြင်းဖြစ်သည်။

 
"မနေ့က နေ့လည်ပိုင်း အချိန်မှာ စက်ရုံရပ်ကွက်(နာဇီ)မှာရှိတဲ့ ဘင်္ဂလီတွေကို  ဒုက္ခသည်စခန်းရှိရာ ဘုမေရပ်ကွက်သို့  ပို့လိုက်ပါပြီ"ဟု အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောသည်။
 
ထိုသို့ပို့ဆောင်ပေးရာတွင် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့်ကလေးငယ်များသာ ပါဝင်ပြီး လူလတ်ပိုင်း ဘင်္ဂလီများ ပါဝင်လာခြင်း မရှိပေ။
 
'' ဒါတော့ဟုတ်ပါတယ်၊  လူလတ်ပိုင်းဘင်္ဂလီတွေ ပါမလာဘူး၊သူတို့ ထပ်ပြီး အဲဒီနာဇီရပ်ကွက်မှာ ပုန်းခို နေကြတယ်၊ ဒီမနက်မှာ နာဇီသွားပြီး ကျန်တဲ့လူတွေကို ကျွန်တော်တို့သွားခေါ်ပါတယ်ဒါပေမယ့်တစ်ချို့က ပုန်းနေကြတယ်''ဟု အဆိုပါ အရာရှိက ဆက်ပြော သည်။

လက်ရှိတွင် စစ်တွေမြို့ပေါ်ရှိ ဘင်္ဂလီ အဆောက်အဦးများသည် မီးလောင်ကျွမ်းသွားပြီဖြစ်သော်လည်း အချို့နေရာများတွင် ဘင်္ဂလီများ ပုန်းအောင်းနေဆဲဖြစ်ကြောင်းကိုလည်း သိရှိရသည်။

"ချင်းပျံလမ်း ကျောင်းကြီးရပ်ကွက်မှာတော ဘင်္ဂလီတွေ ကျန်ပါသေးတယ် 'ဟု ဒေသခံတစ်ဦးကပြောသည်။

ယနေ့စစ်တွေမြို့တွင် ညမထွက်ရအမိန့်ထုတ်ထားသလို ငါးယောက်တစ်အုပ်စု မဖွဲ့ရကြောင်းလည်း အာဏာပိုင် များက သတိပေး ခဲ့သည်။

ယမန်နေ့က စစ်တွေမြို့ ချင်းပျံလမ်း ကျောင်ကြီးရပ်ကွက်တွင်  ဘင်္ဂလီမှအပြန်အလှန်ပစ်ခတ်သဖြင့် စစ်သား တစ်ဦး ဘယ်ဘက်ပေါင်ထိ မှန်ခဲ့ကြောင်း သိရသည်။

'' ညနေ့ ၄ နာရီလောက်မှာ  ကျွန်တော်တို့ ချင်းပျံလမ်းကို သွားတယ် အဲဒီမှာ ဘင်္ဂလီတွေ မီးရှီုးထားတဲ့ အိမ်တွေ ကိုတွေ့တယ်  စစ်သားတွေ  လဲလုံခြုံရေး အပြည့်ချထားတယ်၊ နာရီဝက်အကြာမှာ တစ်ဖက် က သေနတ် ပစ်တယ်၊ ဒါပေမယ့် ပစ်တဲ့နေရာကို မမြင်ရဘူး အသံပဲကြားတယ်"ဟု အဆိုပါနေရာသို့ သတင်းသွားယူခဲ့သည့် ပြည်တွင်း သတင်းထောက်တစ်ဦးက ပြောသည်။
 

ယနေ့စစ်တွေမြို့အခြေအနေမှာ ပုံမှန်ဖြစ်သွားသော်လည်း ရခိုင်ဒေသခံအချို့မှာ  ဘေးလွတ်ရာတွင် ခိုလှုံနေကြ ဆဲဖြစ်သည်။
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။