Wednesday, June 13, 2012

ရခိုင်စာသင်ကျောင်းများနှင့် ကားလမ်းများကို ပိတ်ပင်ထားပြီး လေကြောင်းလိုင်းကိုဖွင့်ပေးထား

Written by ရခိုင်သွီး    Tuesday, 12 June
 ရခိုင်တွင်ဖြစ်ပေါ်နေသော ပဏ္ဍိပက္ခများကြောင့် ရခိုင်ပြည်တွင် ပညာသင်လျှက်ရှိသော စာသင်ကျောင်းများကို ပိတ်ထားရပြီး ကားလမ်းများတစ်ချို့ကိုလည်း ယနေ့မှစ၍ ပိတ်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

"အခုအခြေအနေနဲ့က ဘယ်လိုမှ ကျောင်းတွေကို ဖွင့်ဖို့မဖြစ်နိုင်ဘူးလေ စာသင်ကျောင်းတွေ ပိတ်ထားရတဲ့အတွက် စာသင်တာတွေ နောက်ကျသွားမယ်၊  ကျောက်ဖြူ၊ သံတွဲ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ စစ်တွေ စသောကားလမ်းများကိုလည်း ၅ ရက်တိတိပိတ်ထားပါတယ်။ ရန်ကုန်နှင့် တောင်ကုတ်ကိုတော့ ဒီနေ့ထိသွားလို့ရပါတယ်၊ အစိုးရက ပြဿနာ ပိုမိုကြီးထွားလာမှာစိုးပြီး ကားလမ်းတွေကို ပိတ်ထားတာလည်း ဖြစ်နိုင်ပါတယ်" ဟု စစ်တွေဒေသခံတစ်ဦးမှ ပြောသည်။
ယခုအချိန်ခါတွင် ကားလမ်းများကို ပိတ်ထားလိုက်သောကြောင့် ရန်ကုန်မှ စစ်တွေသို့ သွားရောက်ရန် လေကြောင်းလိုင်းတစ်ခုသာဖွင့်ပေးထားပြီး လေကြောင်းလိုင်းဖြင့် လိုက်ပါရန် ခရီးသည်များကို အထူးစစ်ဆေးပြီး တင်းကျပ်ထားကြောင်း သိရှိရသည်။ ရန်ကုန်မှ စစ်တွေသို့ ပြေးဆွဲနေသော လေကြောင်းလိုင်းများ အားလုံးမှာ ပြေးဆွဲနေသော်လည်း Air KBZ လေကြောင်းလိုင်း တစ်လိုင်းသာ ပြေးဆွဲခြင်းမရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။