Friday, April 27, 2012
ဆည်တမံများ ပိတ်ပြီးရေပက်ငါးဖမ်းခြင်းကြောင့် တူးမြောင်းတိမ်ကော ပျက်စီး
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ မင်းဆယ်ကျေးရွာအုပ်စုနှင့် ကျုံးတုံးကြီးကျေးရွာအုပ်စုအတွ
င်း တိုးတက်အောင် ကုမ္ပဏီအားစိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ရန် ဧရိယာဧက (553)ဧကအား နိုင်ငံတော်မှ လုပ်ပိုင်ခွင့် ချထားပေးခဲ့ပါသည်။
     မင်းဆယ်ကျေးရွာအုပ်စုအတွင်း (297)ဧကရှိပြီး မည်သည့်သီးနှံမျှ မစိုက်ပျိုးဘဲ ဒေသခံတောင်သူများမှ ၀င်ရောက်စိုက်ပျိုးသည့် ဧကအနည်းငယ်သာ ရှိပါသည်။ တောင်သူများ၏ မိုးစပါး၊ နွေစပါး၊ ဆောင်းသီးနှံ စိုက်ပျိုးမြေများမှာ ဧက (5000)ကျော်ရှိပါသည်။
         မင်းဆယ်ကျေးရွာအုပ်စု အတွင်းရှိ အင်းအမှတ် 201 က နန်းကော်အင်းအား ဧက အနည်းငယ်သာရှိပြီး ဘာမှမစိုက်ပျိုးဘဲ နိုင်ငံတော်သို့ လိမ်ညာစာရင်းတင်ပြီး ကြေးတိုင်ရယူထားကာ နှစ်စဉ်သိန်းရာနှင့်ချီ အမြတ်တင်ရောင်းစားနေခဲ့သည်မှာ ဆယ်နှစ်ကျော်ခဲ့ပြီဖြစ်ပါသည်။ ဧကထောင်ချီပြီး အမှန်တကယ်စိုက်ပျိုးနေသော တောင်သူများမှာ အင်းရေပင် မသောက်ကြရပါ။
         မင်းဆယ်မြတောရိုးတော်တရ တူးမြောင်းအား 1997 ခုနှစ်က ရေစီးရေလာ ကောင်းမွန်ရေး နွေစပါး ရေရရှိရေးအတွက် ကျေးရွာအုပ်စု (5)အုပ်စုမှ လုပ်သားပြည်သူများမှ လုပ်အားပေး တူးဖေါ်ဆောင်ရွက်ခဲ့ရပြီး 1998 ခုနှစ်တွင် နိုင်ငံတော်မှ စက်ယန်းတရားကြီးမျာဖြင့် ထပ်မံတူးဖေါ်ဆောင်ရွက်ပေးခဲ့ပါ
သည်။ ၄င်းတူးမြောင်းအား တောင်သူများမှာ ထိမ်းသိမ်းစောင့်ရှောက်ခွင့် မရရှိဘဲ တိုးတက်အောင် ကုမဏီပိုင်ရှင် ပန်းတနော်မြို့နေ ဦးသိန်းဇော်(ခ)ဦးနီတွတ်မှ မြို့နယ်အုပ်ချုပ်ရေးမှူး အဆက်ဆက်ပေါင်းပြီး နှစ်စဉ်ရောင်းစားခဲ့သည်မှာ ဆယ်နှစ်ကျော်ခဲ့ပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံတူးမြောင်းအက်ဥကဒေများကို ဆန့်ကျင်ဆောင်ရွက်ခဲ့သည်ကို တင်ပြသော်လည်း အရေးယူဆောင်ရွက်ပေးခြင်း မရှိခဲ့ပါ။
       ယခုလာမည့် 2013 ခုနှစ်အတွက် ၄င်းတူးမြောင်းအား တိုးတက်အောင် ကုမ္ပဏီပိုင်ရှင် ဦးသိန်းဇော်(ခ)ဦးနီတွတ် နှင့်ပန်းတနော်အုပ်ချုပ်ရေးမှူး ဦးမြဦးတို့ပူးပေါင်းပြီး အင်းသမားများအား (31.1.2012)နေ့မှစကာ သိန်းပေါင်းများစွာဖြင့် ကြိုတင်ရောင်းချခဲ့ပြီး ဖြစ်ပါသည်။
         ပန်းတနော်မင်းတစု ကားလမ်းဘေးရှိ ဆည်မြောင်းဌာနပိုင် တူးမြောင်းအား ဆည်မြောင်းဥပဒေကို ချိုးဖေါက်ပြီး ငါးဖမ်းသူများမှ တမံပိတ်ဆို့ထားခြင်းများ ပြုလုပ်ထားပါသည်။ မင်းဆယ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းကြည်နှင့် ငါးဖမ်းသူများ ပူးပေါင်းကာ ၄င်းမြောင်းအား ကိုယ်ပိုင်ပစ္စည်း သဖွယ် အသုံးပြုနေပါသည်။ သို့အတွက်ကြောင့် လယ်သမားများမှာ များစွာနစ်နာရပါသည်။ 
         အများပြည်သူလုပ်အားနှင့် နိုင်ငံတော်မှ ငွေကြေးမြောက်များစွာ အကုန်အကျခံပြီး စိုက်ပျိုးရေး ကုန်ထုတ်လုပ်မှု တိုးတက်စေရန် တူးဖေါ်ထားရှိသော မင်းဆယ်မြတောရိုးတော်တရ တူးမြောင်းအား ပုဂ္ဂလိက ကိုယ်ကြိုးရှာသူများကြောင့် ပျက်စီးရခြင်းမှာ များစွာနစ်နာလှပါသည်။
         ရာထူးအာဏာနှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုသူ ၀န်ထမ်းများနှင့် ကုမ္ပဏီပိုင်ရှင်တို့ကို ထိရောက်စွာ အရေးယူသင့်ကြောင်းနိုင်ငံတော်
အစိုးရသို့ ဆက်လက်တင်ပြသွားမည် ဖြစ်ပါသည်။ ဧရာဝတီိတိုင်း ဒေသကြီး ပန်းတနော်မြို့နယ်ရှိ မင်းဆယ်မြတောရိုးတော်တရ တူးမြောင်းအား တိုးတက်အောင် ကုမဏီပိုင်ရှင် ဦးသိန်းဇော်(ခ)ဦးနီတွတ်မှ ရောင်းစားခဲ့ကာ (10)နှစ်ကျော်ကာလ ဆည်တမံများ ပိတ်ပြီးရေပက်ငါးဖမ်းခြင်းကြောင့် တူးမြောင်းတိမ်ကော ပျက်စီးပြီး ရေစီးရေလာ ပိတ်ဆို့နေပုံများ မှတ်တမ်းဓါတ်ပုံ ပူးတွဲတင်ပြထားပါသည်။
ဒေသခံပြည်သူတဦး ရေးသားပေးပို့ ထားတာပါ။
မင်းဆယ်မြတောရိုးတော်တရ တူးမြောင်း ပိတ်ဆို့ ပျက်ဆီးနေပုံ
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။