Tuesday, June 5, 2012
အလွဲသုံးစားမှုအား မကျေနပ်၍ ပဲခူး ကြံ့ခိုင်ရေးပါတီဝင်များ နုတ်ထွက်
ဟင်္သာနီ (မွန်မြေ) | အင်္ဂါနေ့၊ ဇွန်လ ၀၅ ရက် ၂၀၁၂ ခုနှစ် ၁၂ နာရီ ၃၇ မိနစ်
စံခလပူရီ (မဇ္ဈိမ)။ ။ ပဲခူးမြို့ ရပ်ကွက် ခုနှစ်ရပ်ကွက်မှ ကြံ့ခိုင်ရေးပါတီ ရပ်/ကျေး အဆင့် စည်းရုံးရေးမှူးများ အပါအ၀င် ပါတီဝင် အများအပြားသည် အထက်အဆင့်၏ အလွဲသုံးစားပြုမှုအား သက်ဆိုင်ရာ တိုင်းပါတီရုံးသို့ တိုင်းကြားခဲ့သော်လည်း အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသဖြင့် ပါတီမှ ဇွန်လဆန်းက နုတ်ထွက်ခဲ့ကြကြောင်း တိုင်း/ရုံး အဖွဲ့ဝင်ဟောင်း တဦးဖြစ်သူ ပဲခူးမြို့ခံ တဦးက ပြောသည်။

ဆန္ဒပြမှု ဖြစ်ပွားနေသောအစ္စလာမ်ဘာသာဝင်များကို ထောင်ချောက် အတွင်း မသက်ဆင်းမိရန် ကိုမြအေးက ပြောဆို
![]() |
| ဆန္ဒပြမှု ဖြစ်ပွားနေသော အစ္စလာမ် ဘာသာဝင်များကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးက လာရောက် ဖြန်ဖြေပေးနေစဉ်။ |
၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ဆူးလေစေတီအနီး ဗလီရှေ့တွင် စုဝေးလျှက်ရှိသည့် အစ္စလာမ်ဘာသာဝင် လူထုကို အမုန်းတရား အခြေ ခံပြီး ပြဿနာကို မရှင်းကြဖို့ ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်ကို ကိုးကားကာ ပြောဆိုသွားရာတွင် လူမျိုးရေး အဓိကရုဏ်းဖြစ်ပွားခြင်းကြောင့် ဒီမိုကရေစီအရေး လမ်းလွဲသွားမည့် ထောင်ချောက်အတွင်း မသက်ဆင်းမိရန် လည်း ပြောဆိုသွားသည်။
ဗြိတိန်က အစဉ်အလာများကိုဖျက်၍ ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုမည်
ြ
ဗိတိန်ဝန်ကြီးချုပ်
David Cameron က ဒေါ်အောင်ဆန်းစုကြည်နှင့် လွန်ခဲ့သည့် ဧပြီလတွင်
တွေ့ဆုံစဉ်က လန်ဒန်သို့ လာရောက်လည် ပတ်ရန် ဖိတ်ကြားခဲ့။
မြန်မာ့
ဒီမိုကရေစီခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသည့်အနေဖြင့် ဗြိတိန်နိုင်ငံက နိုင်
ငံ့ခေါင်းဆောင်များသာ မိန့်ခွန်းပြောကြားခွင့်ရသည့် သမိုင်းဝင် နာမည်ကျော်
ဝက်စ္စ်မင်စတာ ခန်းမကြီးတွင် လာမည့် ဂျွန်လ ၂၁ ရက်၊ ကြာသာ ပတေးနေ့၊ ညနေ ၃
နာရီတွင် မိန့်ခွန်းပြောကြားရန် ဖိတ်ခေါ်ထားကြောင်း သိရှိရသည်။
ဇွန် ၅ ရက်မှစပြီး ၂၄ နာရီ မီးအပြည့်ရမည်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇွန်လ(၅) ရက်နေ့မှ စတင်ကာ လျှပ်စစ်မီးကို
အပြည့်အဝပေးတော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး
အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ရန်ကုန်တိုင်း(မ်)ဂျာနယ် သို့ပြောကြားသည်။
ယင်းအပြင် စက်မှုဇုန်များကိုလည်း တစ်နေ့လျှင် ၅ နာရီ အလှည့်ကျ စနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် စက်မှုဇုန်များကိုလည်း တစ်နေ့လျှင် ၅ နာရီ အလှည့်ကျ စနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

စည်ပင်သာယာ ဥပဒေ ရေးဆွဲရေး ပြည်နယ်အချို့ အခက်ကြုံ
နေပြည်တော်၊ ဇွန် ၂
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများက ၎င်းတို့ ဘတ်ဂျက်ကို ကိုယ်တိုင် ရှာဖွေခွင့်ပြုထားရာ ဒေသနှင့် ကိုက်ညီသော စည်ပင်သာယာ ဥပဒေများ ရေးဆွဲနိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များက စီစဉ်နေသော်လည်း ၁၉၉၃ တည်ဆဲ စည်ပင်ဥပဒေများနှင့် ကိုက်ညီခြင်း မရှိသဖြင့် ဥပဒေ ရေးဆွဲနိုင်ခြင်း မရှိသေးကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်က ပြောကြားသည်။

နိုင်ငံရေးအပြောင်းအလဲ အချိန်ယူရမည်ဟု မြန်မာကာကွယ်ရေး ဝန်ကြီး တုံ့ပြန်
မြန်မာနိုင်ငံမှာ စစ်တပ်က နေရာယူအုပ်ချုပ်ထားတာ အထူးသဖြင့်
လွှတ်တော်တွင်း ၂၅ ရာခိုင်နှုန်း စစ်တပ်က ပါဝင်နေတဲ့အပေါ် တဖြည်းဖြည်းနဲ့
လျှော့ချသွားမယ်၊ လက်ရှိ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ကိုလည်း စစ်တပ်က
၁၀၀% ထောက်ခံပါတယ်လို့ မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးက ပြောဆိုခဲ့ပေ မယ့်
နိုင်ငံရေးလေ့လာသူတွေကတော့ ဒီအပေါ်မှာ သံသယရှိနေဆဲဖြစ်ပါတယ်။ အထူးသဖြင့်တော့
ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် နော်ဝေဝန်ကြီးချုပ် ကြိုဆို
ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် နော်ဝေဝန်ကြီးချုပ် ကြိုဆို
2012-06-04
နော်ေ၀၀န်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ ဇွန်လ (၁၅) ရက်နေ့ ကနေ (၁၈) ရက်နေ့အထိ သွားရောက်မယ့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နော်ဝေနိုင်ငံခရီးစဉ် အချိန်ဇယားကို နော်ဝေ နိုင်ငံခြားရေးဌာနက မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပြီး နော်ေ၀၀န်ကြီးချုပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို သူရဲ့ဖိတ်ကြားချက်ကို လက်ခံပြီး နော်ဝေနိုင်ငံကို လာရောက်လည်ပတ်မှာကို ဂုဏ်ယူပါကြောင်း ပြောဆိုလိုက်ပါတယ်။
RFA
Subscribe to:
Posts (Atom)

.png)