Wednesday, May 23, 2012

မန်းမဟာအောင်မြေမြို့နယ်ဆန္ဒ ဖော်ထုတ်ပွဲ အားတတိယနေ့အဖြစ်တွေ့ရစဉ်

မန်းမဟာအောင်မြေမြို့နယ်၊ မြတောင်တိုက်အနောက်ဘက်ရှိ မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးရုံးရှေ့တွင် မီးတုတ်မီး၊ ရေအိုးပေါ်တွင်ဖယောင်းတိုင်များဖြင့်မေ၂၂ည၁၀နာရီက လျှပ်စစ်မီး

မေလ(၂၄)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၁၁

မေလ(၂၄)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၁၁


အသက် ၂ဝ အောက် အမျိုးသမီးများ ဆေးသောက်၍ ကိုယ်ဝန်ဖျက်ချမှု များလာ

ရန်ကုန်၊ မေ ၁၉
 ဆေးဆိုင်များတွင် အလွယ်တကူ ဆေးဝယ်ခွင့်ရရှိခြင်းကြောင့် အသက် ၂ဝ အောက် အမျိုးသမီးများ ကိုယ့်သဘောနှင့်ကိုယ် ကိုယ်ဝန်ဖျက်ချမှု ပိုမိုများပြားလာေ ကြာင်း သားဖွားနှင့်မီးယပ်ဆရာဝန် ဒေါက်တာမြင့်မြင့်ကြူက ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် မြေတစ်ဧက ကျပ်သိန်း(၁၀၀)အထိ မြင့်တတ်

မီးရရှိရေးဆောက်ရွက်ချက်များ၊ စက်ရုံစီမံကိန်းမျာကြောင့် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ   မြေဈေးများ   နှစ်ဆနီးပါး မြင့်တက်လာပြီး၊ မြေတစ်ဧကလျင် ကျပ်သိန်း(၁၀၀)၀န်းကျင်သို့ရောက်ရှိလာကြောင်း ဒေသခံပြည်သူများထံက သိရသည်။

မြောင်းတကာ Yangon Crown စက်ရုံလုပ်သားများ လစာတိုးရရေး ရန်ကုန်ကို ချီတက်ပြီး ဆက်လက်တောင်းဆိုမည်

Yangon Crown (သံရည်ကျို သံမဏိ)စက်ရုံမှအလုပ်သမားများအခြခံ လစာတိုးပေးရန် မရမ်းကုန်းမြို့နယ်ရှိ အလုပ်ရုံနှင့် အလုပ်သမား  ဥပဒစေစ်ဆေးရေး ဦးစီးဌာနညွှန်ကြားရေးမှူးရုံးရှေ့သို့သွား ရောက်ကာတောင်း  ဆိုမှုများ ဆက်လက် လုပ်ဆောင်  မည်ကြောင်း သိရသည်။


emp-strike2.jpg
အဆိုပါ အလုပ်သမားများ သည်မေ၂ဝရက်မှစတင်ကာအလုပ်ရှင်ထံ အချက်၁၃ချက်ကို  တောင်းဆိုကာစက်ရုံဝန်းအပြင် တွင်ထိုင် သပိတ်ဖြင့် တောင်းဆိုမှု များရာ  အလုပ်ရှင်ဘက်မှ  အရေးကြီးသော အခြခံ လစာနည်းပါးခြင်း   ကိုညှိနှိုင်း ရန်၊အ ချိန်ပိုလုပ်အားခ ထိုက်တန်စွာ ရရှိရန်နှင့် အောက်​ခြေအလုပ်သမားများ  ကိုပါဆုကြေး တိုးပေးရန်အချက်များ ကိုလိုက် လျောခြင်း  မရှိသည့်အတွက်ရန်ကုန်သို့ချီ   တက်ရန်ဆုံး ဖြတ်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

ဓနုဖြူမြို့နယ် အလယ်မျိုးကျေးရွာသားများ ဆန္ဒ(၃)ချက်အား တောင်းဆို

ဧရာဝတီတိုင်း ဓနုဖြူမြို့နယ် အတွင်းရှိ အလယ်မျိုးကျေးရွာအုပ်စု အလယ်မျိုးချောင်းမကြီး အနီးဝန်ကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူ (၁၅ဝ)ခန့်သည် မေလ(၂၂)ရက်နေ့ နေ့လည်(၁)နာရီခန့်က ဓနုဖြူမြို့နယ် တရားရုံးရှေ့ လမ်းမပေါ်တွင် ငြိမ်းအေးစွာ ဆန္ဒပြတာင်းဆိုမှု ပြုလုပ်ခဲ့ပြီး နေ့လည်(၃)နာရီခန့်တွင် သက်ဆိုင်ရာမှ အကြောင်းပြန်ကြားမှု မရှိခဲ့၍ မြို့နယ်တရားရုံးမှ မြို့နယ်ငါးလုပ်ငန်း ဦးစီးမှူး ရုံးရှေ့သို့ စီတန်းလမ်းလျှောက်ကာ သွားရောက်ဆန္ဒပြတာင်းဆိုခဲ့ကြောင်း သိရသည်။

HIV ကာကွယ်ဆေး တွေ့ ပြီ

Truvada ဟု အမည်ပေးထားသည့် ဆေးဝါးကို အမေရိကန်နိုင်ငံ၏ ဆေးဝါးနှင့် အစားအသောက် စီမံခန့်ခွဲမှု ဘုတ်အဖွဲ့ (FDA) မှ အသိအမှတ် ပြုပေးရန် ကျန်းမာရေးနှင့်ဆေးဝါး ဆိုင်ရာ ကျွမ်းကျင်သူ အုပ်စုတစ်စုက တင်ပြခဲ့ကြသည်။ အခြားတစ်ဖက်တွင်လည်း HIV/AIDS ဖြစ်နေသူများကို ကူညီစောင့်ရှောက်မှု  ပေးနေသော နယ်ပယ်ထဲမှ အဖွဲ့အစည်း အချို့မှလည်း ၄င်းဆေးကို ကာကွယ်ဆေး အဖြစ် အသိအမှတ် မပြုသင့်ကြောင်း ကန့်ကွက်လျက် ရှိနေကြသည်။

ပေးစရာမရှိလို့ကို မပေးတာပါ၊ မီး ရချင်ရင် မိုးနတ်မင်းကြီးကိုသာ ဆုတောင်းပါ

ရန်ကုန်- မေ ၂၂
လက်ရှိလျှပ်စစ်မီး ခွဲဝေ ဖြန့်ဖြူးပေးနေမှုအား ၄င်းတို့၏ ရှင်းပြပြောဆိုချက်အပေါ် ကျေနပ်မှု မရှိပါက ပြည်သူကပေးသော ပြစ်ဒဏ်ခံယူသွားမည် ဖြစ်ကြောင်း ရန်ကုန် မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောသည်။
တစ်နိုင်ငံလုံးတွင် လျှပ်စစ်မီးရရှိချိန် အလွန်နည်းပါးနေရာ ယခုရက်ပိုင်းအတွင်း ဒေသအချို့တွင် မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုအချို့ရှိနေရာ မေ ၁၉ ရက်က ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့က မီဒီယာများအား ဖိတ်ကြားကာ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

GSM ကဒ်ထုတ်ပေးသောဌာန လာဒ်ငွေတောင်းခံနေမှုအား အရေးယူပေးပါရန်

သို့
    ပြည်ထောင်စုဝန်ကြီး
    ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်းဝန်ကြီးရုံး
    နေပြည်တော်
နေ့စွဲ - ၂၂.၅.၂၀၁၂
အကြောင်းအရာ။    ။ အခမဲ့ဆောင်ရွက်ပေးရန်ဟုဆိုသော်လည်း လာဒ်ငွေတောင်းခံနေမှုအား အရေးယူပေးပါရန်

        အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ ဆက်သွယ်ရေး စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးတွင်(၃၀.၄.၂၀၁၂)ရက်နေ့ကျင်းပပြုလုပ်သော မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်မှုကွန်ရက် ဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးဆုံးဖြတ်ချက်အရ (၁.၅.၂၀၁၂)ရက်နေ့မှ စ၍ မိုဘိုင်းဖုန်းကဒ်ပျက်များအား အခမဲ့ဆောင်ရွက်ပေးရန်ဟုဆိုသော်လည်း GSM ကဒ်ပျက်သွား၍ ဆက်သွယ်ရေး မန္တလေးတိုင်း မန်နေဂျာရုံးတွင် စာရွက်စာတမ်းကိစ္စများဆောင်ရွက်ပြီး  ပြည်ကြီးတံခွန်မြို့နယ်၊ သာယာဝတီမင်းကြီးလမ်းရှိ GSM ကဒ်ထုတ်ပေးသောဌာနတွင် ကဒ်သွားထုတ်ရာ အသစ်လာရောက် ထုတ်ယူသူများထံမှ မည်သည့်အခကြေးငွေမှန်းမသိ ဖြတ်ပိုင်းမပေးပဲ GSMကဒ် တစ်ကဒ်လျှင် ၅၀၀၀ိ/-(ကျပ်ငါးထောင်တိတိ) လာဒ်ငွေ တောင်းခံနေမှုအား အရေးယူပေးပါရန် တင်ပြတိုင်ကြားအပ်ပါသည်။

ထိုင်းအကျဉ်းထောင်မှ မြန်မာအလုပ်သမား ၇၀၀ ကျော်ကို နယ်စပ်ပြန်ပို့

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ခွန်ကဲန် ခရိုင် ဗဟိုအကျဉ်းထောင်က မြန်မာ အလုပ်သမားပေါင်း ၇၀၀ ကျော်ကို ကားကြီး ၂၅ စီးလောက်နဲ့ ထိုင်း လူဝင်မှုကြီးကြပ်ရေးဌာနက မေ ၂၂ ရက်နေ့မှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို ပြန်ပို့လိုက်ပြီလို့ ရ၀မ်ဖိုင်း ထိုင်းအွန်လိုင်း သတင်းမှာ ဖော်ပြသွား ပါတယ်။

မုံရွာမြို့မှာ လျှပ်စစ်မီးရရှိရေးအတွက် ဘာကြောင့် ဆန္ဒပြရတာလဲ

 စစ်ကိုင်းတိုင်းဒေသကြီးရဲ့ မြို့တော်ဖြစ်တဲ့ မုံရွာမြို့မှာ မေလ ၂၁ရက်နေ့က စတင်ခဲ့တဲ့ လျှပ်စစ်မီးရရှိရေးဆန္ဒပြမှုဟာ မနေ့က မေလ၂၂ရက်နေ့မှာလဲ ဆက်လက်ဖြစ်ပွားခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒါပေမယ့်  လျှပ်စစ်မီးရရှိရေးအတွက် ဆန္ဒပြရတယ်လို့ပဲသိထားပြီး တကယ့် အစစ်အမှန်အရင်းအမြစ်ကို ဖော်ပြနိုင်ခြင်းမရှိတဲ့အတွက် မသိကြရပါဘူး။ ဒါကြောင့် မနေ့က မေလ၂၂ရက်နေ့ ည ၉နာရီခန့်မှာ စတင်လှည့်လည်ဆန္ဒပြခဲ့တဲ့ ဆန္ဒပြသူများထဲက ဦးဆောင်လှုပ်ရှားသူများကို မေးမြန်းကြည့်ခဲ့ပါတယ်။

တောက်ထန်ကျေးရွာအတွင်းရှိ အိမ်ခြံဝိုင်းများကို ဖယ်ရှားထွက်ခွာရန် အသိပေးအကြောင်းကြား



ပြီးခဲ့သည့် မတ်လ (၂၇)ရက် နေ့မှစတင်၍နေပြည်တော်ကောင် စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ပြန်က  ပြေးကျေးရွာအုပ်စု၊ တောက်ထိန် ကျေးရွာအတွင်းရှိ သားစဉ်မြေးဆက်   အစဉ်အဆက်နေထိုင်ခဲ့သော ကျေးရွာသူ/သားများ၏ နေအိမ် ခြံဝိုင်းများကို ကျူးကျော်ဆောက် လုပ်ထားသောနေအိမ်များအဖြစ်  သက်မှတ်ပြီးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဌာနကဖယ်ရှားခိုင်း ကြောင်း သိရှိရပါသည်။


သတင်းရေးသားသူ ဖော်ထုတ်ရန် လျှောက်ထားမှု The Voice အနိုင်ရ

သုံးပွင့်ဆိုင် စာချုပ်ကို တရားမဝင်ဟု ဆို၍ ဆံပင်တု စက်ရုံအလုပ်သမားများ ထပ်မံအရေးဆို

High-Art စက်ရုံမှ အလုပ်သမားခေါင်းဆောင် မမြနှင်းရီမှထပ်မံဆန္ဒပြရခြင်းအား စာနယ်ဇင်း သမားများကို ရှင်းလင်းနေပုံ
ရန်ကုန်၊ မေ ၂၁
အခြေခံ လုပ်သားများ၏ လုပ်ခလစာတိုးမြှင့်တောင်းဆိုမှုကို ကုမ္ပဏီ အနေဖြင့်လိုက်လျော ပေးမည်မဟုတ်ဟု မှော်ဘီမြို့၊ ရန်ကုန်၊ မေ ၂၂
High-Art (Hi Mo) ဆံပင်တုစက်ရုံတွင် အလုပ်သမားဝန်ကြီး ဌာန၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင်သဘောတူ ထားသော စာချုပ်ကို အလုပ်ရှင်မှ တရားမဝင် ဟုဆို၍ အလုပ်သမားများထပ်မံ ဆန္ဒဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

Taxi ယာဉ်များ အစီးရေ ၁၅၀ စတင် တင်သွင်း

သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရ အဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ တင်သွင်း ခွင့်ပြု လျက်ရှိတဲ့ Taxi ယာဉ်တင်သွင်းမှုမှာ မေလ(၁၈)ရက်နေ့အထိ ယာဉ်အစီးရေ ၁၅၀စီး
တင်သွင်းပြီး ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီလို တင်သွင်းမှုမှာ Brand New Sonata ယာဉ်အစီး ၅၀ ကို Firsheries and Marine Pdt 2000 Ltd က တင်သွင်းတာ ဖြစ်ပါတယ်။