![]() |
| မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် TNLA တပ်များ (TNLA News & Information Department) |
လက်ရှိတိုက်ပွဲတွေနဲ့ပတ်သက်လို့ မတ်လ (၆)ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ တပ်မတော်ရဲ့ ကြေညာချက်အပေါ်မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ တုံ့ပြန်ချက်သိရအောင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ပြောခွင့်ရသူလည်းဖြစ် TNLA တအာင်းပလောင်တပ် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလို စပြောပါတယ်။











