တပ်မတော်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တို့၏ တိုက်ပွဲများကြောင့် လူအနည်းဆုံး လူ ၃၀ ဦး သေဆုံးခဲ့ပြီးနောက် ထောင်ပေါင်းများစွာသော ပြည်သူများဘေးလွတ်ရာထွက်ပြေးခဲ့ကြရပြီး တရုတ်နိုင်ငံက ချက်ချင်းအပစ်ရပ်ဖို့ရန် နှစ်ဖက်စလုံးကို တိုက်တွန်းလိုက်ကြောင်း အေအက်ဖ်ပီသတင်းတွင် မတ် ၇ ရက်က ဖော်ပြသည်။
၂၀၁၅ ခုနှစ်က စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် တရုတ်စကားပြောကိုးကန့်ဒေသ၌ ယခုတစ်ကြိမ် တိုက်ပွဲထပ်မံဖြစ်ပွားခြင်း ဖြစ်သည်။ ယင်းတိုက်ပွဲများကြောင့် သေဆုံးသူများစွာရှိကာ ထောင်ပေါင်းများစွာက တရုတ်ဖက်ခြမ်းသို့ ထွက်ပြေးကြရသည်။









