Wednesday, March 8, 2017

ကြားဖြတ်ရွေးကောက်ပွဲအတွက် ၁ ဒဿမ ၆ ဘီလီယံ အသုံးပြုမည်


မဲဆန္ဒရှင် အသိပညာပေးခြင်းဆိုင်ရာ ပူးပေါင်းညှိနှိုင်းဆောက်ရွက်မှု အစည်းအဝေးကို မတ်လ ၇ ရက်နေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာပြုလုပ်စဉ်
မဲဆန္ဒရှင် အသိပညာပေးခြင်းဆိုင်ရာ ပူးပေါင်းညှိနှိုင်းဆောက်ရွက်မှု အစည်းအဝေးကို မတ်လ ၇ ရက်နေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာပြုလုပ်စဉ်
Photo: Aung Thein Kha/RFA









လာမယ့်ဧပြီလ ၁ ရက်နေ့မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ငွေကျပ် ၁ ဒဿမ ၆ ဘီလီယံ သုံးစွဲသွားမယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ကျင်းပတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ မဲဆန္ဒရှင်အသိပညာပေးအခမ်းအနားမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အတွင်းရေှးမှူး ဦးတင်ထွန်း က ပြောကြားခဲ့တာဖြစ်ပါတယ်။
"ယခင်အတွေ့အကြုံပေါ်ကိုမူတည်ပြီးတော့မှ မဲဆန္ဒနယ်မြေ ၅၀ လောက်လစ်လပ်မယ်လို့ ယာထားလိုက်တာပေါ့၊ တစ်ကယ်တမ်းကျတော့ ၁၉ နေရာပဲဖြစ်သွားပါတယ်၊ ဒီနေ့ထိကျနော်တို့ ၁၉ နေရာအတွက်ကိုသုံးစွဲတဲ့ ဘတ်ဂျက်ငွေကတော့ ၁. ၆ ဘီလီယံမြန်မာငွေကျပ်ဖြစ်ပါတယ်"
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ Asia foundation တို့ ပူးပေါင်းပြီး မဲဆန္ဒရှင်တွေအတွက် မဲပေးစို့ဆိုတဲ့ မိုဘိုင်းအက်ပလီကေးရှင်းတစ်ခုကိုလည်း www.maepaysoh.org ဆိုတဲ့ website ကနေ ရယူနိုင်ကြောင်း ပြောခဲ့ ပါတယ်။
လာမယ့်ကြားဖြတ်ရွေးကောက်ပွဲကို မဲဆန္ဒရှင်တွေ စိတ်ဝင်စားမှုအားနည်းနေတဲ့အတွက် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အသိပညာပေးလုပ်ငန်းတွေ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။
ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်နဲ့ ကျေးသီးမြို့နယ်တို့မှာ လုံခြုံရေးအခြေအနေတွေကြောင့် မဲရုံတွေ ရွှေ့ပြောင်းဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် မဟုတ်မှန်ကြောင်း ကော်မရှင် ဥက္ကဌ ဦးလှသိန်း က ငြင်းဆိုခဲ့ပါတယ်။ အဲဒီမြို့နယ်နှစ်ခုဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက နယ်မြေတည်ငြိမ်မှုမရှိ တာကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ မဲဆန္ဒနယ်မြေတွေ ဖြစ်ပါတယ်။
တစ်နိုင်ငံလုံးမှာ လစ်လပ်မဲဆန္ဒနယ် ၁၉ ခုရှိပြီး ကနဦးစာရင်းတွေအရ မဲပေးပိုင်ခွင့်ရှိသူ နှစ်သန်းနီးပါးရှိပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။