Wednesday, March 8, 2017

မင်္ဂလာဈေး အမြန်ပြန်လည် တည်ဆောက်ပေးဖို့ ဈေး သူ ဈေးသားတွေ တောင်းဆို

မင်္ဂလာဈေးသူဈေးသားတွေ ရန်ကုန် မြို့တော်ခန်းမရှေ့မှာ မတ်လ ၇ ရက်နေ့က ဆန္ဒပြစဉ်
မင်္ဂလာဈေးသူဈေးသားတွေ ရန်ကုန် မြို့တော်ခန်းမရှေ့မှာ မတ်လ ၇ ရက်နေ့က ဆန္ဒပြစဉ်
Photo: Aung Thain Kha/RFA








ပြီးခဲ့တဲ့နှစ်က မီးလောင်ကျွမ်းခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်က မင်္ဂလာဈေးကို အမြန်ဆုံး ပြန်လည်တည်ဆောက်ပေးဖို့ ဈေးသူ၊ ဈေးသား ၇၀ ကျော်က ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
အစိုးရက နေရာပြန်ပေးထားတဲ့ မင်္ဂလာမွန်ဈေးမှာ ဈေးအရောင်းပါးတဲ့အတွက် လစဉ် အရှုံးပေါ်နေတာကြောင့် မူလနေရာမှာပဲ ပြန်လည်ရောင်းချလိုတာဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ ဦးမြင့်သိန်း က ပြောပါတယ်။

လောက်ကိုင်မှာတိုက်ပွဲ ဆက်လက်ဖြစ်ပွား၊ ဒေသခံတွေနဲ့ အလုပ်သမားတွေ ထွက်ပြေး တိမ်းရှောင်

လောက်ကိုင်မြို့နယ်ကနေ ထွက်ပြေးတိမ်းရှောင်မယ့်သူတွေကို မတ်လ ၇ ရက်နေ့ကတွေ့ရစဉ်
လောက်ကိုင်မြို့နယ်ကနေ ထွက်ပြေးတိမ်းရှောင်မယ့်သူတွေကို မတ်လ ၇ ရက်နေ့ကတွေ့ရစဉ်
Photo: Kan Thar/RFA









ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်အတွင်း အစိုးရတပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ကြား ဒီနေ့ညနေအထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံတွေ နဲ့ ဒေသအသီးသီးကနေ လာရောက်လုပ်ကိုင် ကြသူတွေဟာ နေရပ်စွန့်ခွါထွက်ပြေးနေရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အမျိုးသမီးလုပ်ငန်းရှင် ၉ ဦး စကားဝိုင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မတ်လ ၆ ရက်နေ့က နေပြည်တော် Kempinski Hotelမှာ ကျင်းပတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသမီးလှုပ်ရှားမှု ရက်သတ္တပတ် အခမ်းအနားနဲ့ အမျိုးသမီးလုပ်ငန်းရှင်တွေနဲ့ စကားဝိုင်းမှာ တွေ့ရစဉ်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မတ်လ ၆ ရက်နေ့က နေပြည်တော် Kempinski Hotelမှာ ကျင်းပတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသမီးလှုပ်ရှားမှု ရက်သတ္တပတ် အခမ်းအနားနဲ့ အမျိုးသမီးလုပ်ငန်းရှင်တွေနဲ့ စကားဝိုင်းမှာ တွေ့ရစဉ်
Photo: Myanmar State Counsellor Office/ Facebook









မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူရင်ဘောင်တန်းနိုင်ခဲ့ပြီး စီးပွားရေး ဘက်မှာ အမျိုးသမီးတွေ အစကတည်းက ပါဝင်ခဲ့တာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ဒီနေ့ နေပြည်တော် Kempinski Hotel မှာ ကျင်းပတဲ့ ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ အမျိုးသမီးလှုပ်ရှားမှု ရက် သတ္တပတ် အခမ်းအနားနဲ့ အမျိုးသမီးလုပ်ငန်းရှင်တွေနဲ့ စကားဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာဖြစ် ပါတယ်။
တရားဥပဒေစိုးမိုးရေးမရှိဘဲနဲ့ အမျိုးသမီးတွေ တန်းတူညီတူအခွင့်အရေး ရဖို့ ဘယ်လိုဥပဒေတွေ ပြဌာန်းထားပါစေ လူ့အသိုင်းအ၀ိုင်းမှာ အကျိုးသက်ရောက်မှု ရှိမှာမဟုတ်ကြောင်း ပြောခဲ့ပါတယ်။

နာဂဒေသက ကျေးရွာ နှစ်ရွာ အတွက် ကျန်းမာရေးဝန်ထမ်းတွေ ချပေးမည်

စစ်ကိုင်တိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်မှာ ချောင်းဆိုးရောဂါဖြစ်ပွားနေတာကြာင့် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေစဉ်
စစ်ကိုင်တိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်မှာ ချောင်းဆိုးရောဂါဖြစ်ပွားနေတာကြာင့် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေစဉ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့စ်ဘွတ်









စစ်ကိုင်တိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်မှာ ချောင်းဆိုးရောဂါကြောင့် လူသေဆုံးတဲ့အထိဖြစ်နေတဲ့ ကျေးရွာ ၂ ရွာအတွက် ကျန်းမာရေးဝန်ထမ်းတွေ ချထားပေးတော့မယ် လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင် က ပြောပါတယ်။

လောက်ကိုင်မြို့တွင်း တိုက်ခိုက်မှု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံး သတင်းထုတ်ပြန်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့စ်ဘုတ်မှာတင်ထားတဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ရဲ့ လောက်ကိုင်မြို့ဝန်းကျင် တိုက်ခိုက်မှုပြ မြေပုံ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့စ်ဘုတ်မှာတင်ထားတဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ရဲ့ လောက်ကိုင်မြို့ဝန်းကျင် တိုက်ခိုက်မှုပြ မြေပုံ
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့စ်ဘွတ်
















ကိုးကန့်၊ တအာင်းနဲ့ ရခိုင်တပ်ဖွဲ့တွေဘက်က လက်နက်ကိုင်လမ်းစဉ်စွန့်ကြောင်း ကြေညာချက်ထုတ်ပြန်မယ်ဆိုရင် NCA မှာ လက်မှတ်ရေးထိုးဖို့ မလိုဘဲ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို တက်ရောက်ပြီး နိုင်ငံရေးဆွေးနွေး ပွဲတွေမှာ တိုက်ရိုက်ဆွေးနွေးခွင့်ပြုမယ်လို့ ကမ်းလှမ်းခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် ၁ ဒဿမ ၆ ဘီလီယံ အသုံးပြုမည်


မဲဆန္ဒရှင် အသိပညာပေးခြင်းဆိုင်ရာ ပူးပေါင်းညှိနှိုင်းဆောက်ရွက်မှု အစည်းအဝေးကို မတ်လ ၇ ရက်နေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာပြုလုပ်စဉ်
မဲဆန္ဒရှင် အသိပညာပေးခြင်းဆိုင်ရာ ပူးပေါင်းညှိနှိုင်းဆောက်ရွက်မှု အစည်းအဝေးကို မတ်လ ၇ ရက်နေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာပြုလုပ်စဉ်
Photo: Aung Thein Kha/RFA









လာမယ့်ဧပြီလ ၁ ရက်နေ့မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ငွေကျပ် ၁ ဒဿမ ၆ ဘီလီယံ သုံးစွဲသွားမယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ကျင်းပတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ မဲဆန္ဒရှင်အသိပညာပေးအခမ်းအနားမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အတွင်းရေှးမှူး ဦးတင်ထွန်း က ပြောကြားခဲ့တာဖြစ်ပါတယ်။

THAAD ဒုံးစနစ်အတွက် ပထမသုတ်ပစ္စည်းများ တောင်ကိုရီယားရောက်ရှိ


အမေရိကန်ပြည်ထောင်စုက THAAD ဒုံးကျဉ် ကာကွယ်ရေး စနစ် တပ်ဆင်ဖို့ အစိတ်အပိုင်းတချို့ ပထမဆုံးအသုတ် အဖြစ် ဒီကနေ့ ပဲ တောင်ကိုရီးယား နိုင်ငံ ကို ရောက်ရှိ လာကြပြီဖို့ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ဒီကနေ့ပဲ ပြောသွားပါတယ်။



မြောက်ကိုရီးယားက ပဲ့ထိန်းတပ် ဒုံးကျဉ် အနည်းဆုံး ၄ စင်း မနေ့က ပစ်လွှတ်ခဲ့ပြီး အဲဒီအထဲက သုံးစင်းဟာ ဂျပန်ကျွန်းမကြီး ကီလိုမီတာ ၃၅၀အတွင်းကို ကျသွားခဲ့ပါတယ်။ မြောက်ကိုရီယားက ဒုံးကျည်စမ်းသပ်မှုတွေ တိုးမြင့်လုပ်ဆောင်နေပြီး နျူ ကလီယားလက်နက် ပဲ့ထိန်းတပ်ဒုံးကျည် အစီအစဉ်တွေဆောင်ရွက်မှုတွေ လုပ်နေတဲ့အချိန်မှာ အမေရိကန်ရဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်ကို တောင်ကိုရီယားမှာ အလျင်အမြန်တပ်ဆင်ဖို့ အမေရိကန်နဲ့ တောင်ကိုရီယားအစိုးရအကြား မနှစ်က သဘောတူခဲ့ကြတာပါ။

ကျုံပျော်တွင် စိတ်မနှံသူ ၁၇နှစ်အရွယ် မိန်ကလေးငယ်အား သားမယားပြုကျင့်မှုဖြင့် အသက် ၅၆နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီး


ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်၊ အင်းတရော်ကျေးရွာအုပ်စု၊ ကွမ်းခြံကုန်း ကျေးရွာတွင်  ၁၇နှစ်အရွယ် စိတ်မနှံ့သူ မိန်းကလေးငယ်အား အသက် ၅၆နှစ်အရွယ်ရှိ ယောက်ျားတဦးက အလိုမတူဘဲ သားမယားပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ၅.၃.၂၀၁၇ ရက်နေ့ ၁၂၀၀ အချိန်တွင် ကျုံပျော်မြို့နယ်၊ အင်းတရော်ကျေးရွာအုပ်စု၊ ကွမ်းခြံကုန်း ကျေးရွာနေ ဒေါ်ဌေးကြည်(ဘ)ဦးဖိုးသိန်းသည် နေအိမ်၌ရှိနေစဉ် သမီးဖြစ်သူ မကြည်ပြာစိုး (စိတ်ပေါ့သွပ်သူ) (၁၇)နှစ်၊(ဘ) ဦးသန်းလွင်သည် ၄င်းအား ၂၂.၁၀.၂၀၁၆ ရက်နေ့တွင် ထွန်းသိန်း(၅၆)နှစ်၊ (ဘ)ဦးအစံ ၏ ငါးကန်ဘေးတောထဲသို့ ဟင်းရွက်ခူးသွားစဉ် ထွန်းသိန်းမှ ငါးကန်ဘေးတောထဲသို့ ဆွဲခေါ်သွားကာ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း၊ တစ်ပတ်ခန့်အကြာတွင် မကြည်ပြာစိုးသည် တစ်ရွာထဲနေ အဒေါ်ဖြစ်သူ ဒေါ်တင်ဝင်း၏နေအိမ်သို့ အလည်သွားစဉ် ပလ္လင်အမကကျောင်းအနီး အရောက်တွင် ထွန်းသိန်းမှ အ.မ.က ကျောင်း အနောက်ဘက်ရှိခြုံထဲသို့ဆွဲခေါ်သွား ပြီးသားမယားအဖြစ် ထပ်မံပြုကျင့်ခဲ့ကြောင်း ပြောပြသိရှိ ရသော်လည်း သမီးဖြစ်သူမှာ စိတ်ပေါ့သွပ်သူဖြစ်နေသဖြင့် မယုံကြည်ဘဲနေခဲ့ပါသည်။

ကံကောင်းခြင်းရတနာစက်ရုံက ဆန္ဒပြအလုပ်သမား ၅၄ ဦး အလုပ်ထုတ်ခံရ



မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ်က ကံကောင်းခြင်းရတနာသစ်အချောထည်စက်ရုံရှေ့မှာ ဆန္ဒပြနေတဲ့အလုပ်သမားတွေကို မတ်လ ၁ ရက်နေ့က တွေ့ရစဉ်
မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ်က ကံကောင်းခြင်းရတနာသစ်အချောထည်စက်ရုံရှေ့မှာ ဆန္ဒပြနေတဲ့အလုပ်သမားတွေကို မတ်လ ၁ ရက်နေ့က တွေ့ရစဉ်
Photo: Hset Paing Toe/RFA







မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ်က ကံကောင်းခြင်းရတနာသစ်အချောထည်စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေတဲ့ အလုပ်သမား ၅၄ ဦးကို အလုပ်ရှင်က အလုပ်ကနေ ထုတ်ပယ်လိုက်ပါတယ်။

Myanmar Veneer အလုပ်သမား သပိတ်ခေါင်းဆောင် ၇ ဦးကို ထောင်ချ

Myanmar Veneer စက်ရုံလုပ်သားတွေကို မတ်လ ၇ ရက်နေ့က စစ်ကိုင်းမြို့နယ်တရားရုံးမှာ ရုံးထုတ်ပြီးနောက် တွေ့ရစဉ်
Myanmar Veneer စက်ရုံလုပ်သားတွေကို မတ်လ ၇ ရက်နေ့က စစ်ကိုင်းမြို့နယ်တရားရုံးမှာ ရုံးထုတ်ပြီးနောက် တွေ့ရစဉ်
Photo: Hset Paing Toe/RFA






ပြီးခဲ့တဲ့နှစ်က စစ်ကိုင်းကနေ နေပြည်တော်ကို ချီတက်ဆန္ဒပြခဲ့ကြတဲ့ Myanmar Veneer သစ်အခြေခံစက်ရုံ လုပ်သားခေါင်းဆောင် ၇ ဦးကို ပုဒ်မ ၁၈ ပုဒ်မ ၃၄၁ တို့နဲ့ စစ်ကိုင်းမြို့နယ်တရားရုံးက ထောင်ဒဏ် ၅ လစီ ဒီကနေ့ အမိန့်ချမှတ်လိုက်ပါတယ်။

Friday, November 22, 2013

ဟသာင်္တခရိုင်အတွင်း မြစ်ကမ်းပြိုမှုကာကွယ်ရန် တိုင်းအစိုးရနှင့်သမ္မတ ရန်ပုံငွေကို အသုံးပြုမည်

ဧရာဝတီိတိုင်းဒေသကြီး ဟင်္သာတခရိုင်အတွင်းရှိ ကမ်းပြိုမှု အန္တရာယ်ကြုံတွေ့နေရသည့် ဒေသများသို့ အခြေ ထိန်း သဲအိတ်ဖြည့်ခြင်း ၊ ရေလွဲရေကာတာတည်ဆောက်ခြင်းများနှင့် ကမ်းပြိုထိန်းသိမ်းရန် လိုအပ်သည်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နိုင်ငံတော်သမ္မတ၏ ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟင်္သာတ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
“၂ဝ၁၃-၂ဝ၁၄ခုနှစ် ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ နဲ့ နိုင်ငံတော်သမ္မတရန်ပုံငွေ ဆိုပြီးရရှိခဲ့ ပါတယ်။ ဟင်္သာတခရိုင် အတွင်း မြစ်ကမ်းပြိုမှုကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ဖို့အတွက် ငွေကျပ်သိန်း (၃၇၀၀) ကျော် ရရှိပါတယ်။ နေရာဒေသတစ်ခုရဲ့ကမ်းပြိုမှုအပေါ် မူတည်ပြီး ကမ်းပြိုမှုထိန်းသိမ်းနိုင်တဲ့ နည်းလမ်းတွေ ဆောင်ရွက်ဖို့ရှိပါတယ်”ဟု ဟသာင်္တမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြော သည်။
 ဟသာင်္တခရိုင်အတွင်းရှိ ဟင်္သာတ၊ ဇလွန်နှင့် လေးမျက်နှာစသည့် မြို့နယ်များသည် အဓိက မြစ်ကမ်းပါးပြို ကျမှုများ အဖြစ်များပြီး ဟသာင်္တမြို့နယ်အတွင်း အုတ်ရှစ်ကုန်းကျေးရွာ၊ ရေလဲကျေးရွာ၊ ရေလယ်ကျွန်း ကျေးရွာ၊ အေးရွာနှင့် ကျောက်ရဲကျေးရွာစသည့် ကျေးရွာ(၅)ရွာသည် ကမ်းပြိုနှုန်းအများဆုံးဖြစ်သည်ဟု ဒေသခံများထံကသိရသည်။
ကမ်းပြိုကာကွယ်မှု လုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက နှစ်စဉ်ကြုံတွေ့နေရသည့် လုပ်စားမြေ ဆုံးရှုံးမှုများ၊ ရွာလုံးကျွတ်နီးပါးပြောင်းရွေ့နေရသည့် ဒုက္ခများ၊ ရွှေ့ပြောင်းစရိတ်နှင့် မြေနေရာဝယ်ယူခြင်းဒုက္ခများမှ ကင်းဝေးမည်ဖြစ်သည့်အတွက် အဆိုပါအစီအစဉ်များအား စတင်အကောင်အထည်ဖော်သင့်ကြောင်း ကမ်းပြိုရွာများမှ ဒေသခံများက ဆိုသည်။
“ဒီလိုကမ်းပြိုမှုကို ကာကွယ်ပေးဖို့ နိုင်ငံတော်က ဆောင်ရွက်ပေးမယ်ဆိုတော့ ကျွန်တော်တို့နှစ်စဉ်လိုလို ကမ်းပြိုတဲ့ အထဲပါသွားလို့ တောင်ယာမဲ့ဖြစ်ပြီး လက်လုပ်လက်စားဖြစ်နေတဲ့ လူတန်းစားတွေနဲ့ စာသင် ကျောင်းတွေလည်း ကမ်းပြိုတဲ့အထဲပါကုန်လို့ ဘုန်းတော်ကြီးကျောင်းတွေမှာ သင်ရမယ့် ဒုက္ခတွေက ကင်းဝေးခွင့် ရတော့မယ်” ဟု ကမ်းပြိုအန္တရာယ်ခံစားနေရသူ ဒေသခံ ကိုဟန်ထွန်းအောင်က ပြောသည်။

ဒေါ်လာရှစ်သောင်းမှ လေးသိန်းခွဲတန်ဖိုးရှိ အဆင့်မြင့်အိမ်ရာ တိုက်ခန်းများရောင်းမည်

သန်လျင်မြို့နယ်ရှိ ကြယ်စင်မြို့တော်အဆင့်မြင့်အိမ်ရာတိုက်ခန်းသစ်ပေါင်း ၄၃၃ အခန်းကို နိုဝင်ဘာ ၂၃ မှ စတင် ရောင်းချသွားမည်ဟု Yoma Strategic Holdings က ထုတ်ပြန်ကြေညာသည်။
အဆိုပါ အထူးသီးသန့် အဆင့်မြင့်အိမ်ရာ (ဇုန်ဘီ)ရှိ တိုက်ခန်းအသစ်များကို စင်ကာပူနိုင်ငံ ကြယ်စင် မြို့တော် (Star City) အရောင်းပြခန်း၊ ရန်ကုန်မြို့ သန်လျင်ရှိ အရောင်းပြခန်းနှင့် မန္တလေးမြို့ရှိ Mandalay Hill Resor ဟိုတယ်တို့တွင် ဘိုကင်လက်ခံပြီး ရောင်းချသွားမည်။

တယ်လီနောက နှစ်မကုန်မီ ဆက်သွယ်ရေး အော်ပရေတာလုပ်ကိုင်ခွင့်ရမည်ဟု မျှော်လင့်

ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနက ရွေးချယ်ထားသော ပြည်ပအော် ပရေတာ တစ်ခုဖြစ်သည့် နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောက ယခုနှစ်မကုန်မီ ဆက်သွယ်ရေး အော်ပရေတာလုပ်ကိုင်ခွင့်ရမည်ဟု မျှော်လင့်ကြောင်း တယ်လီနော မြန်မာ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူMr.Petter Furberge က မဇ္ဈိမကို ပြောသည်။

မန္တလေးဆိပ်ကမ်းတွင် ဒီဇင်ဘာမှစတင်ကာ အခွန်စနစ်သုံးမျိုး ထပ်ကောက်မည်

မန္တလေးမြို့ ဧရာဝတီဆိပ်ကမ်းတွင် ၂၀၁၃ ဒီဇင်ဘာမှစတင်၍ အခွန်သုံးမျိုးကောက်ခံသွားမည်ဟု ရေ အရင်းအမြစ် နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးဝင်းလှိုင်က နိုဝင်ဘာ ၂၀ ရက်တွင် မဇ္ဈိမကိုပြောသည်။

အီလန်မြန်မာ အလုပ်သမားအရေး ပြေလည်မှုမရသေး

အီလန်မြန်မာဆန္ဒပြအလုပ်သမားများကို ရရှိပြီးသားအခြေခံလစာအပေါ် တစ်သောင်းတိုးပေးလိုက်သော် လည်း အလုပ်သမားများက ၎င်းတို့ဆန္ဒပြခဲ့သည့်ရက်များအတွက် ရက်ပျက်ကြေးထပ်မံလိုချင်သည်ဟုဆို သောကြောင့် နိုဝင်ဘာ ၂၁ ရက်ထိ ညှိနှိုင်းမှုအဆင်မပြေဖြစ်နေဆဲဖြစ်သည်။
အလုပ်သမားများ အခြေခံလစာ သုံးသောင်းကျပ် တိုးမြှင့်ရေးအတွက် မြို့နယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး တွင် အလုပ်ရှင်၊ အလုပ်သမားများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့ ညှိနှိုင်းခဲ့ရာ ကုမ္ပဏီဘက်မှတစ် သောင်းကျပ်ဖြင့် ညှိနှိုင်းပေးလိုက်သည်။