ယနေ့ညနေ ၆ နာရီ ၁၅ မိနစ်တွင် ရန်ကုန်-မန္တလး အမြန်လမ်း မိုင်တိုင် အမှတ် ၃၉ (၂/၃)တွင် မန္တလေးမှ မောင်းနှင်လာသည့် ပါဂျဲရိုး ခဲရောင် ၉ဂ/၇၃၄၆ သည် ရှေ့ညာဘီးပေါက်၍ တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ် မောင်း ကျော်စွာချင် (၄၃)နှစ်နှင့် ယာဉ်ပေါ်ပါလာသူ မလှလှသိန်း(၂၁) နှစ်တို့ ပွဲချင်းပြီး သေဆုံးခဲ့သည်။ ယာဉ် ပေါ်ပါသူ ကိုအောင်လင်း (၃၈)နှစ်မှာ ပဲခူးဆေးရုံသို့ အတွင်းလူနာအဖြစ် တင်ပို့ထားကြောင်း သိရသည်။
အခင်းဖြစ်ရာသို့ အမြန်လမ်း ရဲတပ်ဖွဲ့နှင့် အမြန်လမ်း ပြင်ထိန်းအဖွဲ့တို့က လာရောက်ကူညီပေးခဲ့ပြီး အမှုကို ဘောနက်ကြီးရဲစခန်းက အမှုဖွင့် အရေးယူထားသည်။
(ခရမ်းစိုးမြင့်)
The Mirror Daily
မုံရွာမြို့ ကျောက္ကာ လမ်းမကြီး နံဘေးရှိ ဇောတိကာရာမ ဘုန်းကြီးကျောင်း တိုက်မှ သံဃာတော် တစ်ပါးသည် သြဂုတ်လ ၈ ရက်နေ့ နံနက် ၂ နာရီခန့် အချိန်တွင် ကျောင်းဝင်း အတွင်းရှိ ရတနာမုနိ စေတီတော်ရှေ့တွင် ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့သဖြင့် ပျံလွန်တော်မူ ခဲ့ကြောင်း ကျောင်းတိုက်မှ သံဃာတော် များနှင့် မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှ အတည်ပြု ပြောကြားသည်။