Saturday, August 10, 2013

စစ်တွေ၌ ရဲနှင့်ဘင်္ဂါလီ ရုန်းရင်းဆန်ခတ်ဖြစ်ပွား

9ရက်နေ.နံနက် ၁၀နာရီခန့်က စစ်တွေမြို့နယ်တွင် ဘင်္ဂါလီများနှင့် ရဲများရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ရာမှ အစပြု၍ လုံခြုံရေး ရဲကင်းတစ်ခုမီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ဖြစ်စဉ်မှာ စစ်တွေမြို့နယ် မှန်စီးကျေးရွာတွင် ငါးဖမ်းစက်လှေမှောက်၍သေဆုံးသွားသည့် ဘင်္ဂါလီအလောင်း တစ်လောင်းအား ရဲကသယ်ယူရာတွင်ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲများက သေနတ်ဖြင့်၁၅ချက်ခန့် ပစ်ဖောက်ခဲ့သည်ဟု သိရသည်။

 ''ပြီးခဲ့တဲ့ရက်ပိုင်းက စက်လှေမှောက်ပြီး သေဆုံးသွားတဲ့အလောင်းကို ဒီနေ့တွေ့တယ်၊ အဲဒါကိုရဲက သွားသယ် တာ ဘင်္ဂါလီတွေက သယ်ခွင့်မပေးဘူး၊ အဲ့ဒီလိုနဲ့တစ်ဖက်နဲ့တစ်ဖက် ရုန်းရင်း ဆန်ခတ် ဖြစ်သွားတာပါ''ဟု ရဲအရာရှိ တစ်ဦးကပြောသည်။

အဆိုပါဖြစ်စဉ်တွင် သေနတ်ဖြင့် ပစ်ဖောက်ခဲ့ရာမှ ဘင်္ဂါလီ(၂)ဦးဒဏ်ရာရရှိခဲ့သည်ကို မကျေနပ်သဖြင့် စစ်တွေ မြို့နယ် ဘင်္ဂါလီဒုက္ခသည်စခန်းအုန်းတောကြီး အနားတွင် လုံခြုံရေးတာဝန်ယူထားသည့် ချောင်းဝ ရဲကင်းကိုဘင်္ဂါလီများက မီးရှို့လိုက်ခြင်းဖြစ်သည်။

ယခုအခါ အခင်းဖြစ်ပွားခဲ့ရာနေရာများတွင် ရဲများကလုံခြုံရေးတင်းကျပ်စွာထားရပြီး ထပ်မံမဖြစ်ပွားစေရန် စောင့်ကြည့်လျက်ရှိသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။