Monday, July 23, 2012

စစ်တွေရှိ ရခိုင်လူထုက နိုင်ငံတော်အလံကို (၉)ရက်ဆက် လွှင့်ထူမည်

ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေ၌မော်တော်ယာဉ်များနှင့်အိမ်ခြံဝင်းများအတွင်း၌ နိုင်ငံတော်အလံများကိုဇူလိုင်လ(၂၂)ရက်နေ့မှ စတင်ကာ နေရာအနှံ့အပြား တပ်ဆင်လာကြောင်း သိရှိရသည်။

ဗန်းမော်-ကသာသွား မြမင်းအောင် ရှပ်ပြေးရေယာဉ်အား ဇူလိုင်လ ၂၂ ရက်နေ့အထိ ရှာဖွေရေးလုပ်ငန်းများဆောင်၇ွှက်

ဧရာဝတီမြစ်အတွင်း ဇူလိုင်လ ၂၀ ရက်နေ့က နစ်မြုပ်သွားခဲ့သော ဗန်းမော်-ကသာသွား မြမင်းအောင် ရှပ်ပြေးရေယာဉ်အား ဇူလိုင်လ ၂၂ ရက်နေ့အထိ ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ပဲခူးမြို့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ် ဆေးခန်း(ပဲခူး) ဖွင့်ပွဲအခမ်းအနား ကျင်းပ

သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)အား ဦးကျော်သူနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးနေစဉ်
ပဲခူးမြို့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး) ဖွင့်ပွဲအခမ်းအနားကို ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက် ကြီး(၇)ရှိ ‘က္ခိဏသာခါရာမ ကျောင်းတိုက်အတွင်း၌ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ(၂၂)ရက်နေ့ နံနက်(၈း၀၀)နာရီအချိန်တွင် စတင်ကျင်းပခဲ့သည်။

 MCPA Days ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှုး၍ အိုင်တီလူ့စွမ်းအား အရင်းအမြစ်များနှင့် IT Industry ရှိ အိုင်တီကုမ္ပဏီများအား ချိတ်ဆက်ပေးရန်အတွက် MCPA Day အား ၂၀၁၂ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့တွင် ရန်ကုန်ကွန် ပျူတာတက္ကသိုလ်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
MCPA Day တွင် နည်းပညာဆိုင်ရာ ဟောပြောဆွေးနွေးပွဲများ၊ အိုင်တီပညာရှင်များမှ Career Dev-elopment ဆိုင်ရာ စာမေးပွဲများအကြောင်းအား ဟောပြောမည့်အပြင် ၄င်းနေ့တွင် အိုင်တီနည်းပညာအား အသုံးပြုနေသော ကုမ္ပဏီများမှ မိမိတို့၏ လုပ်ငန်းများကို ကျောင်းသား၊ ကျောင်းသူများသိရှိစေရန်နှင့် မိမိတို့ကုမ္ပဏီအတွက် လိုအပ်လျက်ရှိသော အိုင်စီတီ လူ့စွမ်းအား အရင်းအမြစ်များကို Recruit ပြုလုပ်နိုင်စေရန်အတွက် Career Fair ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။
ပါဝင်ရန် စိတ်ဝင်စားသည့် အဖွဲ့အစည်းများအနေဖြင့် အဆိုပြုလွှာများကို မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းရုံးခန်းသို့ ကုမ္ပဏီအမည်နှင့် Registration Fees အား ဇူလိုင်လ ၃၀ နောက်ဆုံးထား ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

 တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ ဇူလိုင်လ၂၄ရက်နေ့မှစ၍ တက္ကသိုလ်ဝင်ခွင့်ဆိုင်ရာ စာရွက်စာတန်းများ ထုတ်ယူနိုင်မည်

၂၀၁၂ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအတွက် တက္ကသိုလ်ဝင်ခွင့်ဆိုင်ရာ စာရွက်စာတမ်းများကို ဇူလိုင်လ ၂၄ရက်နေ့မှစ၍ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
အမှတ်စာရင်း၊ ရမှတ် အဆင့်၊ တက္ကသိုလ် ၀င်ခွင့်လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့်ပုံစံများကို မိမိဖြေဆိုခဲ့သည့် သက်ဆိုင်ရာစာစစ်ဌာနရှိ ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူနိုင်ကြောင်း သိရသည်။
ထို့ပြင် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို ဇူလိုင်လ၂၄ ရက်မှ သြဂုတ်လ ၁၅ ရက်နေ့အထိ အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်)တွင် ပိတ်ရက်မရှိ လျှောက်ထားနိုင်ပြီး အသေးစိတ်သိရှိလိုပါက အဆင့်မြင့်ပညာဦးစီးဌာန(အောက်မြန်မာပြည်)၊ ဖုန်း ၅၃၇၆၇၇၊ ၅၂၅၆၁၂ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရှိရသည်။
ထိုသို့လျှောက်ထားရာတွင် မိမိအမှန်တကယ် တက်ရောက်လိုသော သက်ဆိုင်ရာတက္ကသိုလ်ကို တိကျစွာ ရေးသားဖော်ပြရန်လိုပြီး  ဦးစားပေးအလိုက် တခြားတက္ကသိုလ်များကိုပါ လျှောက်ထားရန်လည်းလိုအပ်သည်ဟု သိရသည်။

 အမေရိကန် စီးပွားရေးကိုယ်စားလှယ်များ လာရောက်အပြီးတွင် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် ၂၃ ခုကို လုပ်ကိုင်ရန် ပြည်ပရင်းနှီးမြှုပ်နှံသူများကို မြန်မာအစိုးရ ဖိတ်ခေါ်

အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များစွာပါဝင်သော စီးပွားရေးကိုယ်စားလှယ်အဖွဲ့ လာရောက်အပြီးတွင် မြန်မာနိုင်ငံအစိုးရသည် ကမ်းလွန်ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ကွက် ၂၃ ခု ကို လုပ်ကိုင်ရန် ပြည်ပရင်းနှီးမြှုပ်နှံ သူများကို ဖိတ်ခေါ်လိုက်သည်ဟု ပြည်ပသတင်းဌာနအချို့တွင် ဖော်ပြထားသည်။

Apple မှ မြန်မာနိုင်ငံသို့ တရားဝင် အရောင်းကိုယ်စားလှယ်ပေးရန် ပြည်တွင်းသာမက ပြည်ပကုမ္ပဏီများကိုပါ ဖိတ်ခေါ်

Apple မှ မြန်မာပြည်အတွက် တရားဝင် အရောင်းကိုယ်စားလှယ်အဖြစ် ပေးအပ်ရာတွင် ပြည်တွင်းရှိ နည်းပညာကုမ္ပဏီများသာမက ထိုင်းနှင့် စင်ကာပူနိုင်ငံရှိ နည်းပညာကုမ္ပဏီများကိုလည်း ကိုယ်စားလှယ်အဖြစ် လျှောက်ထားရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။
Apple Asia Pacific မှ ပြည်တွင်းရှိ နည်းပညာပစ္စည်းရောင်းချသည့် ကုမ္ပဏီများအား ဇူလိုင်လ ၁၇ ရက်နေ့တွင် ဘန်ကောက်မြို့၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ၎င်းတွေ့ဆုံဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံရှိ ကုမ္ပဏီအချို့နှင့် စင်ကာပူနိုင်ငံရှိ ကုမ္ပဏီအချို့လည်း ပါဝင်ကြောင်း သိရသည်။
''မြန်မာပြည်အတွက် ကိုယ်စားလှယ်ပေးဖို့ကို မြန်မာတွေကိုပဲ ခေါ်တာမဟုတ်ပါဘူး။ စင်ကာပူတို့၊ ထိုင်းတို့လည်း ပါတယ်။ သူတို့ဆီက ကုမ္ပဏီ ဘယ်နှခုလောက်ပါလဲဆိုတာတော့ သေချာမသိရဘူး။ သူတို့ပါ ပါလာမယ်ဆိုရင်တော့ သူတို့နဲ့ပြည်တွင်းက ကုမ္ပဏီတွေ ယှဉ်ပြိုင်ရမယ့်သဘောရှိပါတယ်''ဟု အဆိုပါဆွေးနွေးပွဲ တက်ရောက်ရာတွင် ပါဝင်ခဲ့သည့် KMD ကုမ္ပဏီမှ CEO ဖြစ်သူ ဦးသောင်းတင်က  ပြောကြားခဲ့ပါသည်။

 နိုင်ငံတော် သမ္မတဦးသိန်းစိန် ထိုင်းနိုင်ငံ၏အကြီးဆုံး ရေနက်ဆိပ်ကမ်း Laem Chabang သို့ သွားရောက်လေ့လာ၊ ထိုင်းဝန်ကြီးချုပ်နှင့် ထားဝယ်ရေနက်ဆိပ်ကမ်း ဖွံ့ဖြိုးရေးအပါအ၀င် စီးပွားရေးကိစ္စများ အဓိက ဆွေးနွေးမည်ဖြစ်ပြီးထိုင်းနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများအရေး ဆွေးနွေးဖွယ်ရှိ

Laem Chabang ဆိပ်ကမ်း တာဝါပေါ်မှ လေ့လာပြီးပြန်ထွက်လာစဉ်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်သည် ဇူလိုင်လ ၂၂ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ သုံးရက်ကြာခရီးစဉ် စတင်သွားရောက်ခဲ့ကြောင်း အဆိုပါခရီးစဉ်သို့ လိုက်ပါသတင်းရယူနေသော Weekly Eleven News Journal မှ အယ်ဒီတာချုပ် ကိုဝေဖြိုး၏ သတင်းပေးပို့မှုအရ သိရှိရပါသည်။

နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျှင် စီးပွားဖွံ့ဖြိုးမှု ပိုမိုရရှိမှာ ဖြစ်ကြောင်း ထိုင်းစက်မှုဝန်ကြီး ပြောဆို

ထိုင်းအစိုးရရဲ့ ဖိတ်ကြားချက်အရ ဘန်ကောက်မြို့ကို ချစ်ကြည်ရေးခရီး ရောက်ရှိလာတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ဝန်ကြီးများ အဖွဲ့ဟာ မနေ့ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ အရှေ့ပိုင်း၊ ချွန်ဘူရီခရိုင်မှာရှိတဲ့ လမ်ချဘန် စက်မှုဇုန်ကို သွားရောက် လေ့လာခဲ့ရာမှာ ထိုင်းစက်မှုဝန်ကြီး အပါအဝင် တာဝန်ရှိသူတွေက ကြိုဆိုနှုတ်ဆက်ပြီး စက်မှုဇုန် တည်ဆောက်ရေး ဆိုင်ရာ အခြေခံ အချက်အလက်များနဲ့ ပတ်သက်ပြီး ရှင်းလင်း တင်ပြကြပါတယ်။
AFP
၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၂ ရက်က သမ္မတ ဦးသိန်းစိန်နှင့် ဝန်ကြီးများအဖွဲ့ ထိုင်းနိုင်ငံ၊ လန်ချဘန် စက်မှုဇုန်ကို သွားရောက်လေ့လာစဉ်။

ရခိုင်ပြည်နယ်ကို ကုလ-ငြိမ်းချမ်းရေးတပ် စေလွှတ်ဖို့ အီရန် လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်တွေ စေလွှတ်ပေးဖို့ အီရန်နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို မနေ့က တိုက်တွန်းလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ အစ္စလာမ် ဘာသာဝင်အပေါ် လူမျိုးတုံး ဖိနှိပ် သတ်ဖြတ်နေတာတွေ ရပ်ဆိုင်းနိုင်ရေး အတွက်လို့ ဆိုပါတယ်။

ကနီမြို့ နယ်ယာဉ်တိုက်မှု စုံစမ်းရေး ကော်မရှင် စတင်စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့ နယ်မှာ လူနှစ်ဦး သေဆုံးခဲ့ရတဲ့ ယာဉ်တိုက်မှု နဲ့ပတ်သက်လို့ မြို့နယ်တရားသူကြီးရဲ့ ဆုံးဖြတ်ချက် အပေါ် ကျေးရွာ သုံးရွာက ရွာသား နှစ်ရာကျော် ဆန္ဒပြ စာတင်ခဲ့ကြပြီး မနေ့ကတော့ စုံစမ်းရေး ကော်မရှင်က အမှု စတင် စစ်ဆေးနေပြီလို့ သိရှိရပါတယ်။
ကနီမြို့ နယ် ကနေ မုံရွာကို ပြစ်ဒဏ် ချမှတ်ခံရသူများ သယ်ဆောင်လာတဲ့ ခရီးသည်တင် ဘတ်စ်ကားကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့ က လမ်းကနေ တားဆီး ဆန္ဒပြခဲ့ပုံကို ယင်းမာပင်မြို့ နယ် သပြေအေး ကျေးရွာမှ ဆရာတော် ဦးသောပါက က အခုလို မိန့်ပါတယ်။

သမ္မတ ဦးသိန်းစိန်ပြောသောစကားကို ရခိုင်ပြည်သူလူထုကြိုဆို

လွန်ခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ အကြီးအကဲဖြစ်သူ Antonio Guterres နှင့် သမ္မတ ဦးသိန်းစိန်တို့တွေ့ဆုံခဲ့ရာ သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာတဲ့ ဘင်္ဂလီမူဆလင်များကို လက်ခံရန်ဘယ်တော့မှ မဖြစ်နိုင်ကြောင်း ပြောလိုက်သောစကားကို ရခိုင်ပြည်သူလူထုက တခဲနက်အားပေးထောက်ခံကြိုဆိုလိုက်ကြောင်း သတင်းရရှိသည်။

ရခိုင်သင်္ဃာ့သမဂ္ဂ(RSU)၏ နှစ်ပတ်လည်အခမ်းအနားကျင်းပ

RSU 1ယနေ့ ဇူလိုင်လ ၂၂နေ့က ရခိုင်သင်္ဃာ့သမဂ္ဂ (RSU)၏ နှစ်ပတ်လည်အခမ်းအနားကို မြန်မာနိုင်ငံ အတိုက်အခံနိုင်ငံရေးအဖွဲ့အစည်း၊ လူမှုရေးအဖွဲ့အစည်းအင်အားစုများ အသီးသီးတို့နှင့်အတူ ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သတင်းရှိရသည်။

July အခမ်းအနား ကျင်းပခွင့် မရတဲ့အတွက် ဆန္ဒ ထုတ်ဖော်ပြသ


စက်ဘီးနင်း၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ပြသ
ဧရာဝတီတိုင်း ဒေသကြီး ညောင်တုန်းမြို့မှာ 7 july အခမ်းအနားကို ကျင်းပဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေဆီ အကြောင်းကြားပေမယ့် အာဏာပိုင်တွေ အနေနဲ့
ခွင့်ပြုခြင်း မရှိဘူးလို့ သိရပါတယ်။ 7 July မှာ ကျဆုံးသွားကြတဲ့ ကျောင်းသား လူငယ်တွေကို ဝမ်းနည်း သတိရတဲ့ အထိမ်းအမှတ်အဖြစ် ဆရာ ဦးအောင်ဇေယျက
ဦးဆောင်ပြီး စုစုပေါင်း ကျောင်းသား လူငယ် ၇ ဦးခန့် စက်ဘီးဖြင့် ငြိမ်သက်စွာ တန်းစီ နင်း၍ ဆန္ဒပြ ခဲ့ကြပါတယ်။ ဆန္ဒ ထုတ်ဖော်ပြသ နေချိန်မှာ အာဏာပိုင်တွေ
အနေနဲ့ ကြီးကြီးမားမား နှောင့်ယှက်မှု မရှိပေမယ့် အနီးဝန်းကျင်မှ ဓါတ်ပုံရိုက် မှတ်တမ်းတင်တာတွေ ဆန္ဒပြသူတွေရဲ့နေအိမ်ကို သွားရောက်ပြီး အမည် စာရင်းများ
ကောက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရှိ ရပါတယ်။

မြန်မာ့ အသားတင်ပို့မှု တရုတ် အကန့်အသတ်မရှိ ပိတ်

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပုံမှန်တင်ပို့နေသော အေးခဲအသားများကို တရုတ်နိုင်ငံက အကန့် အသတ်မရှိ ပိတ်ပင်ထားသဖြင့် တင်ပို့မှု ရပ်ဆိုင်းထားရကြောင်း ရှမ်းပြည်နယ် မူဆယ် နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန ကပြောသည်။
တရုတ်-မြန်မာ နယ်စပ် ဂိတ်တခုကို တွေ့ရစဉ် (ဓာတ်ပုံ – ဧရာဝတီ)