Friday, June 29, 2012

ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ် နောက်ဆုံးနေ့


ပြင်သစ် အမျိုးသမီးတဦးအား ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆက်နေစဉ်။
ပြင်သစ်နိုင်ငံကို ရောက်နေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ သမ္မတဟောင်း နီကိုလာ ဆာကိုဇီနဲ့ တွေ့ဆုံခဲ့သလို ပြင်သစ် အမျိုးသားလွှတ်တော် ဥက္ကဌအပြင် လွတ်တော် ကိုယ်စားလှယ် တချို့နဲ့လည်း တွေဆုံခဲ့ပါတယ်။

မြန်မာသံအမတ်နေရာအတွက် အမေရိကန် အထက်လွှတ်တော်မှာ ကြားနာ

မြန်မာနိုင်ငံအတွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ ပေါ်လာပြီဆိုပေမယ့် စိုးရိမ်ရဆဲ အခြေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲ ဖြစ်တဲ့ အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် အဆိုပြု ခံထားရတဲ့ အမေရိကန် မူဝါဒညှိနှိုင်းရေးမှူး Derek Mitchell က သူ့ကို သံအမတ်ကြီးအဖြစ် အဆိုပြုတာနဲ့ ပတ်သက်ပြီး

နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ နိုင်ငံရေးပြုပြင်မှုအတွက် ဖြစ်ဖို့ ဒေါ်စုတိုက်တွန်း


ဓာတ်ပုံ ASSOCIATED PRESS
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပဲရစ္စ် မြို့တော်ခန်းမအတွင်း ကျင်းပသော အခမ်းအနားအပြီး အမည်မဖော်ပြသော ပုဂ္ဂိုလ်တဦးမှ လက်ဆောင်ပေးအပ်နေစဉ်။ (ဂျွန်လ ၂၇ ရက်၊ ၂၀၁၂။)

ရခိုင်ပြည်နယ်မှာ ပဋိပက္ခအခြေနေ တင်းမာနေဆဲ

ရခိုင်ပြည်နယ်မှာ ပဋိပက္ခအခြေနေ တင်းမာနေဆဲ
2012-06-28
ရခိုင်ပြည်နယ်က အခြအနေတွေဟာ တင်းမာနေဆဲဖြစ်ပြီး ရခိုင်နဲ့ မွတ်ဆလင် နှစ်ဘက်ကြားမှာ စစ်တပ်က လုံခြုံရေး တင်းတင်းကျပ် ကျပ် ယူထားရဆဲ ဖြစ်တယ်လို့ အဲဒီကိုရောက်ရှိနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကပြောပါတယ်။
RFA

ဝန်ကြီး ဦးအောင်မင်းနှင့်အဖွဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီနှင့် ဘန်ကောက်မြို့မှာ တွေ့ဆုံဆွေးနွေး

ဝန်ကြီး ဦးအောင်မင်းနှင့်အဖွဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီနှင့် ဘန်ကောက်မြို့မှာ တွေ့ဆုံဆွေးနွေး
2012-06-28
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းနဲ့အဖွဲ့ဟာ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Grand Four Wings ဟိုတယ်မှာ မနေ့မနက်ပိုင်း က တွေ့ဆုံ ဆွေးနွေးခဲ့ပါ တယ်။
RFA

ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ် သမ္မတဟောင်း လာရောက်တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ် သမ္မတဟောင်း လာရောက်တွေ့ဆုံ
2012-06-28
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်ကို ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေ စီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ်သမ္မတဟောင်း Nicolas Sarkozy နဲ့ ဇနီးဖြစ်သူ Carla Bruni တို့က ဒီကနေ့မနက်ပိုင်း တည်းခိုရာဟိုတယ်ကို လာရောက် တွေ့ဆုံခဲ့ပါတယ်။
AFP

သူရ ဦးရွှေမန်းနဲ့ ၈၈မျိုးဆက် ကျောင်းသားများ တွေ့ဆုံမည်

သူရ ဦးရွှေမန်းနဲ့ ၈၈မျိုးဆက် ကျောင်းသားများ တွေ့ဆုံမည်
2012-06-28
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ ၈၈ မျိုးဆက် ကျောင်း သားများအဖွဲ့တို့ တွေ့ဆုံဖို့ ရှိတယ်လို့ သတင်းရရှိပါတယ်။
RFA

ပြည်သူ့ဂုဏ်ရည် ဆန်ခါတင် ၅ ဦးကို ရန်ကုန်မှာ ဂုဏ်ပြု

ပြည်သူ့ဂုဏ်ရည် ဆန်ခါတင် ၅ ဦးကို ရန်ကုန်မှာ ဂုဏ်ပြု
2012-06-28
၂၀၁၂ ပြည်သူ့ဂုဏ်ရည်ဆု ဆန်ခါတင် ဆုရွေးချယ်ခံခဲ့ရသူ ၅ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနားတရပ်ကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ နေ့လည်က ကျင်းပခဲ့ပါတယ်။
RFA

ရန်ကုန် ဆောက်လုပ်ရေး အလုပ်သမား နှစ်ထောင်နီးပါး လုပ်ခတိုးရေး ဆန္ဒပြ

ရန်ကုန် ဆောက်လုပ်ရေး အလုပ်သမား နှစ်ထောင်နီးပါး လုပ်ခတိုးရေး ဆန္ဒပြ
2012-06-28
တော်ဝင် ဆောက်လုပ်ရေး စီမံကိန်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမား နှစ်ထောင်နီးပါးဟာ လုပ်အားခ တိုးမြှင့်ရရှိရေးအတွက် ဒီကနေ့ စတင် ဆန္ဒပြနေကြပါ တယ်။
RFA
၂၀၁၂ ခုနှစ် ဇွန်လ ၂၈ ရက်က တော်ဝင် ဆောက်လုပ်ရေး စီမံကိန်းတွင် အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားများ လုပ်အားခ တိုးမြှင့်ရရှိရေးအတွက် ဆန္ဒပြနေကြစဉ်။

UNHCR အကြီးအကဲ မြန်မာပြည်သွားမည်

UNHCR အကြီးအကဲ မြန်မာပြည်သွားမည်
2012-06-28
UNHCR လို့ခေါ်တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အကြီးအကဲဖြစ်သူ Mr. Antonio Guterres ဟာ ဇူလိုင်လဆန်းပိုင်း အတွင်း မြန်မာနိုင်ငံကို သွားရောက်ပြီး အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ ဆုံမယ်လို့ သိရပါတယ်။
Photo:UN Department of Public information/Eskider Debebe

မြန်မာတွင် ရင်းနှီးမြှုပ်နှံခွင့် အမြန်ဆုံးပေးရန် အထက်လွှတ်တော်အမတ်များ တိုက်တွန်း

မြန်မာတွင် ရင်းနှီးမြှုပ်နှံခွင့် အမြန်ဆုံးပေးရန် အထက်လွှတ်တော်အမတ်များ တိုက်တွန်း
2012-06-27
မြန်မာနိုင်ငံမှာ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ ဆိုင်းငံ့ထားပြီ ဖြစ်တဲ့အတွက် အမေရိကန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီတွေ အနေနဲ့ သွားရောက် ရင်းနှီးမြှုပ်နှံခွင့် အမြန်ပေးဖို့ အမေရိကန် အထက်လွှတ်တော်အမတ်တွေက အိုဘားမားအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
(Photo: AFP)

ကုလ အထူးကိုယ်စားလှယ်ဟောင်းက မြန်မာနိုင်ငံ ဒီမိုကရေစီရေး ဖော်ဆောင်နေပုံကို ချီးမွမ်း

ကုလ အထူးကိုယ်စားလှယ်ဟောင်းက မြန်မာနိုင်ငံ ဒီမိုကရေစီရေး ဖော်ဆောင်နေပုံကို ချီးမွမ်း
2012-06-27
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း Razali Ismail က မြန်မာနိုင်ငံအနေနဲ့  ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အစွန်းမရောက်ဘဲ ဖော်ဆောင်နေပုံကို သူ့အနေနဲ့ ကျေနပ်အားရကြောင်း ချီးမွမ်းပြောဆို လိုက်ပါတယ်။

ကိုဇာဂနာက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အကြောင်း ဗြိတိန်မှာဟောပြော

ကိုဇာဂနာက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အကြောင်း ဗြိတိန်မှာဟောပြော
2012-06-27
ဗြိတိန်နိုင်ငံ အခြေစိုက် PEN International အဖွဲ့ရဲ့ ဖိတ်ကြားချက်အရ ဗြိတိန်နိုင်ငံကို ခေတ္တရောက်ရှိနေတဲ့ လူရွှင်တော် ဒါရိုက်တာ ကိုဇာဂနာက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အကြောင်းကို ဒီကနေ့ မနက်ပိုင်းမှာ လန်ဒန်မြို့ရှိ ကမ္ဘာကျော် သိမ်းစ်မြစ်ကမ်းက Queen Elizabeth Hall မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ပြောကြားသွားပါတယ်။
RFA

ယုံကြည်ချက်အတွက်လက်မလျှော့ဖို့ နိုင်ငံရေး အကျဉ်းသားတွေကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ယုံကြည်ချက်အတွက်လက်မလျှော့ဖို့ နိုင်ငံရေး အကျဉ်းသားတွေကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
2012-06-27
ဥရောပခရီးစဉ် နောက်ဆုံးခရီးတစ်ထောက်အဖြစ် ပြင်သစ်နိုင်ငံကို ရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိမိတို့ရဲ့ ယုံကြည်ချက်အတွက် လက်မလျှော့ဘဲ တိုက်ပွဲဝင်ကြဖို့  တိုက်တွန်း ပြောကြားလိုက်ပါတယ်။
AFP

BROUK အဖွဲ့ ဥက္ကဋ္ဌက ရိုဟင်ဂျာတွေရဲ့ အခြေအနေ ဗြိတိသျှပါလီမန်မှာ တင်ပြ

BROUK အဖွဲ့ ဥက္ကဋ္ဌက ရိုဟင်ဂျာတွေရဲ့ အခြေအနေ ဗြိတိသျှပါလီမန်မှာ တင်ပြ
2012-06-27
ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် BROUK ခေါ် Burmese Rohingya Orgnization အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်ဟာ မနေ့က ဗြိတိသျှ ပါလီမန် အစည်းအဝေးတစ်ရပ်မှာ ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာတွေရဲ့ အခြေအနေတွေကို တင်ပြခဲ့တယ်လို့ အဲဒီအဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။