Wednesday, June 27, 2012

ယူနန်ပြည်နယ်မှာ ခိုလှုံနေတဲ့ ကချင်ဒုက္ခသည်တွေ အရေးပေါ်အကူအညီ လိုအပ်နေ

ယူနန်ပြည်နယ်မှာ ခိုလှုံနေတဲ့ ကချင်ဒုက္ခသည်တွေ အရေးပေါ်အကူအညီ လိုအပ်နေ
2012-06-26
တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ခိုလှုံနေကြတဲ့ ကချင်တိုင်းရင်းသား စစ်ပြေးဒုက္ခသည် တစ်သောင်းလောက်ဟာ စားနပ်ရိက္ခာနဲ့ သောက်သုံးရေ ချို့တဲ့နေတဲ့အတွက် နိုင်ငံတကာရဲ့ အကူအညီ အရေးပေါ်လိုအပ်နေကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က အစီရင်ခံစာ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
RFA

Tuesday, June 26, 2012

ရွှေပြည်သာက လယ်မြေပြဿနာ(ရုပ်/သံ)


ဆန်စပါးကုမ္ပဏီများ လယ်သမားများကို ငွေထုတ်ချေးမှု ရပ်မည်

မြန်မာပြည်မှ လယ်စိုက်ကွင်းတခု
ပြည်တွင်း ဆန်စပါးအထူးပြု ကုမ္ပဏီများမှ တနိုင်ငံလုံးရှိ တောင်သူလယ်သမားများသို့ ထောက်ပံ့လျှက်ရှိသည့် ချေးငွေအကူအညီ အပါအ၀င် ထောက်ပံ့မှုအားလုံးကို လာမည့်မိုးစပါးရာသီမှ စတင်ကာ ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ဒေသ ဆန်စပါး စိုက်ပျိုးရေး အခက်အခဲကြုံနေ

ရခိုင်ပြည်နယ်၏ ပဋိပက္ခဖြစ်ပွားခဲ့သည့် မြို့နယ်များမှ ဒေသခံ တိုင်းရင်းသား လယ်သမားများသည် လုံခြုံရေး အခြေအနေကြောင့် လယ်ယာလုပ်ငန်းခွင် ၀င်ရောက်ရန် အခက်အခဲများနှင့် ကြုံနေရကြောင်း သိရသည်။
စပါးစိုက် တောင်သူတဦး (ဓာတ်ပုံ – ဧရာဝတီ)

စစ်တွေ ကယ်ဆယ်ရေးစခန်းများတွင် မှတ်ပုံတင်နှင့် အိမ်ထောင်စု စိစစ်

ဘင်္ဂလားဒေ့ရှ် နိုင်ငံ တာ့ခ်နာဖ်(Teknaf) ဒုက္ခသည်စခန်းတွင် မြန်မာနိုင်ငံဘက်မှ ရောက်ရှိနေသော ရိုဟင်ဂျာ များကို ဇွန် ၁၇ ရက်က တွေ့ရစဉ်(ဓာတ်ပုံ – Reuters)
ရခိုင်ပြည်နယ် စစ်တွေမြို့ပြင်ရှိ ဘင်္ဂါလီ ကယ်ဆယ်ရေး စခန်းများတွင် ပြည်နယ်အစိုးရနှင့် လူဝင်မှုကြီးကြပ်ရေး အဖွဲ့ (လဝက) တို့ပူးပေါင်းကာ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်များ စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။

ကမ္ဘောဇ၊ ထူး၊ မက်စ်မြန်မာနှင့် ရွှေတောင်ကုမ္ပဏီ အပါအ၀င် မြန်မာ ထိပ်တန်းလုပ်ငန်းကြီး အချို့  အာမခံလုပ်ငန်း လုပ်ကိုင်မည်

ကမ္ဘောဇ၊ ထူးနှင့် မက်စ်မြန်မာမှ ပိုင်ဆိုင်သော ကမ္ဘောဇဘဏ်၊ အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်နှင့် ဧရာဝတီဘဏ်တို့ အပါအ၀င် ပုဂ္ဂလိကဘဏ်များနှင့် မြန်မာ ထိပ်တန်း စီးပွားရေး လုပ်ငန်းကြီးအချို့သည် ပုဂ္ဂလိက အာမခံလုပ်ငန်းကို ၀င်ရောက် လုပ်ကိုင်မည်ဖြစ်ကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။

 တိုယိုတာ၊ နစ်ဆန်း၊ ဟွန်ဒါ၊ ဆူဇူကီး ကုမ္ပဏီတို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပြဋ္ဌာန်းပြီးပါက မြန်မာ ထိပ်တန်း လုပ်ငန်းကြီးအချို့နှင့် အကျိုးတူဖက်စပ် ဆောင်ရွက်ရန် စီစဉ်နေ

ဂျပန် ထိပ်တန်း မော်တော်ယာဉ်လုပ်ငန်းများဖြစ်သော တိုယိုတာ၊ နစ်ဆန်း၊ ဟွန်ဒါနှင့် ဆူဇူကီးကုမ္ပဏီတို့သည် မြန်မာနိုင်ငံတွင် ၀င်ရောက်လုပ်ကိုင်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ဆွေးနွေးနေပြီး ဇူလိုင်လအတွင်း ပြဋ္ဌာန်းတော့မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေ ပြဋ္ဌာန်းပြီးပါက မြန်မာထိပ်တန်းလုပ်ငန်းကြီးအချို့နှင့် အကျိုးတူဖက်စပ် (Joint Venture-J.V) ဆောင်ရွက်ရန် ချိတ်ဆက်ညှိနှိုင်းနေကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။

ဘင်္ဂလီများဟု ယူဆရသူ လူပေါင်း ၁၀၀ ကျော် ဂွမြို့တွင် ဖမ်းဆီးမိ

ဂွမြို့မှ တံတားကို မြင်ရစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)
ဘင်္ဂလီ လူမျိုးများဟု ယူဆရသူ လူပေါင်း ၁၀၀ ကျော်ကို ရခိုင်ပြည်နယ် ဂွမြို့မှ (၇) မိုင်ခန့်ဝေးသော ဂွကျွန်းတွင် ဖမ်းဆီးမိသည်ဟု သတင်း  ရရှိသည်။

ရခိုင် ဆူပူမူကြောင့် ဘင်္ဂလာ ဒေခ်ျ့တွင် သောင်တင်နေသူ မြန်မာ စီးပွားရေး သမား ၄၄ ဦးကို ပြန်ပို့

ရခိုင်ပြည် နယ်တွင် ပေါ်ပေါက် ခဲ့သော ဆူပူအ ကြမ်းဖက်မူ များကြောင့် မြန်မာ ဘက်ကို မပြန်နိုင်ဘဲ ဘင်္ဂလာ ဒေခ်ျ့နိုင်ငံတွင် သောင်တင်နေသူ မြန်မာနိုင်ငံမှ စီးပွားရေးသမား ၄၄ ဦးကို ဇွန်လ ၂၄ ရက်နေ့က တက်ကနက်မြို့မှ တဆင့် မောင်တောသို့ ပြန်လည်ပို့ဆောင်လိုက်သည်။

လိုင်းကားများ ဝင်ရောက်မှု ကြောင့် လမ်းများ ပျက်စီး


ဖယ်ရီကားကို ထန်းတပင်ကြံ့ဖွံ့အမတ်၏ ညီမနှင့် အပေါင်း အပါများမှ ဝိုင်းရိုက်

ဘုန်းတော်ကြီးသင်ကျောင်းရန်ပုံငွေ ဖယ်ရီကားကို ထန်းတပင်ကြံ့ဖွံ့အမတ်၏ ညီမနှင့် အပေါင်း အပါများမှ ဝိုင်းရိုက်


ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အလယ်ရွာရှိ အောင်ဇေယျာမင်း မိဘမဲ့ ပရဟိတ စာသင်ကျောင်း ရန်ပုံငွေအတွက် ဒိုင်နာကားတစီးကို စက်ရုံကြိုပို့ယာဉ်အဖြစ် ပြေးဆွဲရာတွင် ထိန်နှစ်ပင်ကျေးရွာအနီးရှိ ဦးကြည်သန်း+ ဒေါ်အေးမြင့် အရက်ဆိုင်မှ လူတစုက ဆိုင်ရှေ့တွင် ကားကိုတား၍ ဝိုင်းဝန်းရိုက်နှက်ခဲ့မှုတခု ဇွန်လ ၂၂ ရက်နေ့ ည ၉း၀၀ နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့ပါသည်။

မစိုက်ပျိုးဘဲ ထားတဲ့ စစ်တပ်သိမ်း မြေများ လယ်သမားများထံ ပြန်ပေးပါ

မစိုက်ပျိုးဘဲ ထားတဲ့ စစ်တပ်သိမ်း မြေများ လယ်သမားများထံ ပြန်ပေးပါမစိုက်ပျိုးဘဲ ထားတဲ့ စစ်တပ်သိမ်း မြေများ လယ်သမားများထံ ပြန်ပေးပါ
    မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ် တဘက်ဆွဲ ကျေးရွာအုပ်စုပိုင် မြေဧက ၁၈၁၇ ဧကကို တပ်ရဲ့ လိုအပ်ချက်အရ ဆိုပြီး လေကြောင်းရန် ကာကွယ်ရေးတပ် ၃၀၂၇၊ လေကြောင်းအမှတ် ၄၊ အမြောက်တပ် ၆၄ နဲ့ ကြံ့ခိုင်ရေးအဖွဲ့တို့ကနေ ၂၀၀၂ ခုနှစ်ကတည်းက သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ အခုအခါ စစ်တပ်က သိမ်းယူထားတဲ့ လယ်မြေတွေပေါ်မှာ လယ်သမားတွေက ဝင်ရောက် စိုက်ပျိုး ထွန်ယက်တဲ့အတွက်

လျှပ်စစ်ရေတင် စီမံကိန်း ရပ်ဆိုင်းသွားတာကြောင့် လယ်သမားတွေ အခက်ကြုံ

လျှပ်စစ်ရေတင် စီမံကိန်း ရပ်ဆိုင်းသွားတာကြောင့် လယ်သမားတွေ အခက်ကြုံ
၂၀၀၇ ခုနှစ်ကတည်းက စတင် အကောင်အထည် ဖော်ခဲ့တဲ့ လျှပ်စစ်ရေတင် စီမံကိန်း ရပ်ဆိုင်းသွားတာကြောင့် မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ရွာသာကြီးကျေးရွာ အနောက်ဘက်မှာရှိတဲ့

ကိုမင်းကိုနိုင် လယ်သမားတွေနဲ့ တွေ့ဆုံ


ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ် သရက်ပင်ချောင်း ကျေးရွာမှာရှိတဲ့ ကွင်းအမှတ် (၁၁၂၆-ခ)က လယ်ယာမြေတွေကို ပင်လယ်ကိုးသွယ် ကုမ္မဏီနဲ့ အာဏာပိုင်တွေ ပူးပေါင်းပြီး သိမ်းယူခဲ့တာကြောင့်
ဒေသခံ လယ်သမားတွေမှာ အခက် တွေ့နေကြတယ် ဆိုလို့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈

ချီဖွေမြို့နယ် ရှငေါ်ရွာတွင် ပေါ်တာဆွဲနေကြောင်း ဒေသခံများပြောဆို

ကချင်ပြည်၊ ချီဖွေမြို့နယ် ရှငေါ်ကျေးရွာတွင် ဇွန်လ (၁၇) ရက်နေ့မှ စတင်ကာပြောင်းရွှေ့အလုပ်သမားများနှင့် ဒေသခံများအား  ပေါ်တာဆွဲခံနေရကြောင်းချီဖွေဒေသခံတို့က ဆိုသည်။

 

ဇွန်လ (၁၇)ရက်နေ့ တစ်နေ့တည်းပင် ပြောင်းရွှေ့အလုပ်သမားများနှင့် ဒေသခံ(၄၅) ဦးအား  ပေါ်တာဆွဲခေါ်သွားကြောင်း   ဒေသခံတစ်ဦးက ပြောသည်။