Sunday, June 3, 2012

ထိုင်းအာဏာပိုင်တွေရဲ့ လုံခြုံရေးအစီအစဉ်ကြောင့် မယ်လမှာ ဒေါ်အောင်ဆန်းစုကြည် အသေအချော စကားပြောခွင့် မရခဲ့

ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ ထဆောင်ရမ် ဒေသမှာရှိတဲ့ မယ်လဒုက္ခသည် စခန်းကို ဒီကနေ့ မနက် (၁၀)နာရီခွဲမှာ ရောက်ရှိလာတဲ့
ဒေါ်အောင်ဆန်းစုကြည်ကို ဒုက္ခသည်ဦးရေ (၆၀၀၀) ခန့်က ဆိုင်းဘတ်များ ပိုစတာများ ကိုင်ဆောင်ပြီး တခဲနက်ကြိုဆိုခဲ့ကြပါတယ်၊

ရှေးဟောင်း အဆောက် အအုံများ ထိန်းသိမ်းရေး ကွန်ဖရင့် ကျင်းပ

ရန်ကုန်မြို့ရှိ ကိုလိုနီခေတ် အအောက်အအုံ တခု
ရန်ကုန်မြို့ရှိ ရှေးဟောင်း အဆောက်အအုံများ ထိန်းသိမ်းရေးအတွက် ကွန်ဖရင့်တခုကို ရန်ကုန်မြို့ ကမ်းနားလမ်းရှိ စထရင်းဟိုတယ်တွင် ယမန်နေ့ကပြုလုပ်သည်။

ဒေါ်အောင်ဆန်းစုကြည် တော်ပေမယ့် NLD လူထုဆက်ဆံရေး ညံ့


ဘယ်နေရာသွားသွား ဝိုင်းအုံနေတဲ့ သတင်းထောက်တွေကြားက ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ- Reuters)
နှစ် ၂၀ ကျော်အတွင်း ပြည်ပခရီးစဉ်ထွက်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးသည် သတင်း မီဒီယာများ၏ စိတ်ဝင်စားမှု အများဆုံး ဖြစ်သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ သတင်းမီဒီယာများနှင့် ဆက်ဆံရေးသည် အလွန်ညံ့ဖျင်းကြောင်း ဝေဖန်ခံနေရသည်။

စွမ်းအင်နဲ့ နိုင်ငံရေး


ရှမ်းပြည်နယ် သီပေါမြို့နယ်အတွင်း ဖြတ်သွားသည့် ရွှေဂက်စ် ပိုက်လိုင်းကို တွေ့ရစဉ် (ဓာတ်ပုံ - Francis Wade)
မြစ်တွေကိုဖြတ်၊ ရွာတွေနဲ့ လက်တကမ်း ကနေဖြတ်၊ ပြီးတော့ ရွာတွေထဲကိုလည်း မကြာမကြာဖြတ်ပြီး မြန်မာပြည် အနောက် ဘက်ကနေ အရှေ့မြောက် အထိ တည်ဆောက်ထားတဲ့ ၂ ကြောင်းပြိုင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေဟာ ကြည့်လိုက်ရင် ခွဲစိပ်ရာကြီးတွေ အတိုင်းပါပဲ။
တရုတ်နိုင်ငံတောင်ပိုင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမယ့်

ရှမ်းပြည်နယ် သီပေါမြို့နယ်အတွင်း ဖြတ်သွားသည့် ရွှေဂက်စ် ပိုက်လိုင်းကို တွေ့ရစဉ် (ဓာတ်ပုံ - Francis Wade)
မြစ်တွေကိုဖြတ်၊ ရွာတွေနဲ့ လက်တကမ်း ကနေဖြတ်၊ ပြီးတော့ ရွာတွေထဲကိုလည်း မကြာမကြာဖြတ်ပြီး မြန်မာပြည် အနောက် ဘက်ကနေ အရှေ့မြောက် အထိ တည်ဆောက်ထားတဲ့ ၂ ကြောင်းပြိုင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေဟာ ကြည့်လိုက်ရင် ခွဲစိပ်ရာကြီးတွေ အတိုင်းပါပဲ။

 ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်စေနိုင်မှု စစ်တမ်းထွက်ရှိ လတ်တလောအခြေအနေတွင် သဘာဝပတ်ဝန်းကျင်ထက် လူမှုရေးဆိုင်ရာထိခိုက်မှု ပိုများနေကြောင်း အဆိုပါစစ်တမ်းအရ သိရ

ထားဝယ်ရေနက်ဆိပ်ကမ်းမှ ထိုင်းနိုင်ငံ ကန်ချနာပူရိအထိ ဆက်သွယ်မည့် လေးလမ်းသွားလမ်း ဖောက်လုပ်နေမှု လုပ်ငန်းခွင်တစ်နေရာ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့မြောက်ဘက် ရေဖြူမြို့နယ် နဘုလယ်ဒေသတွင် အကောင်အထည်ဖော်လျက်ရှိသော ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့်ပတ်သက်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုစစ်တမ်း (EIA) နှင့် လူမှုရေး ထိခိုက်မှုဆိုင်ရာ စစ်တမ်း (SIA) ထွက်ရှိလာပြီဖြစ်ကြောင်းနှင့် လတ်တလောအခြေအနေတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများထက် လူမှုရေးဆိုင်ရာ ထိခိုက်မှုများက ပိုများနေကြောင်း အဆိုပါစစ်တမ်းအရ သိရှိရပါသည်။

ပုဂံ ဟိုတယ်ဇုန်သစ် စီမံကိန်း ရှေးဟောင်း သုတေသန ကန့်ကွက်


မြန်မာ့ခရီးသွားလုပ်ငန်းက စီစဉ်ထားသည့် ပုဂံ ဟိုတယ်ဇုန် အသစ် စီမံကိန်းကို ပုဂံမြို့ ရှေးဟောင်းသုတေသန ဌာနနှင့် ညောင်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြိုင်တို့က ကန့်ကွက်စာ တင်ထားကြောင်း သတင်းရရှိသည်။

 ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ရုံးခွဲ ရန်ကုန်တွင် ဖွင့်လှစ်မည်

ကုမ္ပဏီ မှတ်ပုံတင် သက်တမ်းတိုးကိစ္စများ ဆောင်ရွက်နိုင်မည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရုံးခွဲကို ရန်ကုန်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။

အဆိုပါရုံးခွဲကို ဇွန်လအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းစဉ်အချို့ကိုပါ ဆောင်ရွက်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

 နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများနှင့် ပြည်ထောင်စုဝန်ကြီးအားလုံးပါဝင်သည့် စီမံကိန်းကော်မရှင် ဖွဲ့စည်း

နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ အပါအ၀င် ပြည်ထောင်စုဝန်ကြီး အားလုံးပါဝင်သည့် စီမံကိန်း ကော်မရှင်တစ်ရပ်ကို နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ မေလအတွင်းက ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။

 ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ကချင်လူမျိုးများ ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီမှ သဘောထား ထုတ်ပြန်

ကချင်လူမျိုးများ ရိုးရာယဉ် ကျေးမှုဗဟိုကော်မတီသည် ငြိမ်းချမ်း ရေးနှင့်ပတ်သက်၍ သဘောထား ထုတ်ပြန်မှုတစ်ရပ်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ကချင်လူမျိုးများ ရိုးရာယဉ် ကျေးမှု ဗဟိုကော်မတီနှင့် ကချင်မျိုးနွယ်စု ခြောက်မျိုးမှ ကိုယ်စားလှယ်များ၏ အစည်းအဝေးကို မြစ်ကြီးနားမြို့ရှိ ကချင်လူမျိုးများ ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီရုံးတွင် ၂၀၁၂ ခုနှစ် မေလ ၂၄ ရက်နေ့က ပြလုပ်ခဲ့ကာ အစည်းအဝေးမှ ညှိနှိုင်းသဘောတူ ချက်များကို တင်ပြ အစီရင်ခံခြင်းဖြစ်ကြောင်း သိရှိရသည်။

 ဧည့်စာရင်း တိုင်ကြားရခြင်းသည် နိုင်ငံသားအားလုံးအား ပြစ်မှုကျူးလွန်နိုင်ဖွယ်ရှိသည့် သံသယဖြင့် စောင့်ကြည့်ခံနေရသည့် သဘောဖြစ်နေသည်ဟု ဦးကိုကိုကြီး ပြောကြား

ဧည့်စာရင်း တိုင်ကြားရခြင်းသည် နိုင်ငံသားအားလုံးအား ပြစ်မှုကျူးလွန်နိုင်ဖွယ်ရှိသည့် သံသယဖြင့် စောင့်ကြည့်ခံနေရသည့် သဘောဖြစ်နေသည်ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောကြား ခဲ့ပါသည်။

သတင်းမဂ္ဂဇင်း (ဇွန်လ ၂)


မြန်မာ့စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှပ်နှံဖို့ သြစတေးလျ စိတ်ဝင်စားနေ

မြန်မာ့စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှပ်နှံဖို့ သြစတေးလျ စိတ်ဝင်စားနေ
2012-06-02
သြစတေးလျ နိုင်ငံက မြန်မာနိုင်ငံမှာ စွမ်းအင် ရှာဖွေရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံရေးအတွက် ပြည်ပနိုင်ငံတွေနဲ့  ပူးပေါင်း ဆောင်ရွက်လိုကြောင်း သြစတေးလျ ၀န်ကြီး က အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ညီလာခံမှာ မနေ့က ပြောပါတယ်။
Photo courtesy of martinferguson.com.au

ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ဆက်သွားရင် စစ်ရေးပူးပေါင်း ဆောင်ရွက်မည်

ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ဆက်သွားရင် စစ်ရေးပူးပေါင်း ဆောင်ရွက်မည်
2012-06-02
မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်မှာ ဆက်သွားမယ် ဆိုရင် အမေရိကန် အနေနဲ့  မြန်မာနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့  အမေရိကန် ကာကွယ်ရေး ၀န်ကြီး Leon Panetta က ဒီကနေ့ ပြောပါတယ်။
AFP

NLD လွှတ်တော်အမတ်များ နိုင်ငံရေးရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

NLD လွှတ်တော်အမတ်များ နိုင်ငံရေးရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်
2012-06-01
ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်တွေအတွက် " ဒီမိုကရေစီ၊ ကောင်းမွန်သော အုပ်ချုပ်မှုနဲ့ နိုင်ငံရေးပါတီများ အရည်အချင်း မြှင့်တင်ရေး" ခေါင်းစဉ်နဲ့ ဒီမိုကရေစီရေးဆိုင်ရာ မူဝါဒတွေ အကြောင်း ၆-ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းက တော်ဝင်နှင်းဆီခန်းမမှာ မနေ့က စတင် ကျင်းပခဲ့ပါတယ်။