Monday, August 12, 2013

ခေါက်ဆွဲခြောက်များတင်လာသည့်မော်တော် ချင်းတွင်းမြစ်အတွင်း တိမ်းမှောက်

မုံရွာမြို့မှ ကချင်ပြည်နယ် ဖားကန့်မြို့နယ်သို့ ခေါက်ဆွဲခြောက်များတင်ဆောင်ထွက်ခွာလာသည့် ဟိန်းထက်အောင် အမည်ရှိ မော်တော်တစ်စီးသည် သြဂုတ် ၁၀ ရက်က ပဲ့ထိန်းတက်မ ထိန်းချုပ်မရတော့သဖြင့် ချင်းတွင်းမြစ်အတွင်း၌ တိမ်းမှောက်နစ်မြုပ်ခဲ့ရသည်။

အဆိုပါမော်တော်ပေါ်တွင် မာမားတံဆိပ်ခေါက်ဆွဲခြောက်ထုပ်များ အများအပြားတင်ဆောင်ထားပြီး ယင်းကုမ္ပဏီမှ ဝန်ထမ်း ရှစ်ဦးလည်းလိုက်ပါလာသလို၊ မော်တော်လုပ်သား ငါးယောက်လည်း ပါလာခဲ့သည်ဟု ခရိုင်ရဲတပ်ဖွဲ့၏ မှတ်တမ်းများတွင်တွေ့ရသည်။ 

မော်တော်ပေါ်ပါလာသူများတစ်ဦးမျှ သေဆုံးခြင်း၊ ပျောက်ဆုံးခြင်းမရှိခဲ့သော်လည်း ငွေကျပ် ငါးသိန်းနှင့် ကျပ် ၁၁၅ သိန်းခန့်တန်ဖိုးရှိသည့် ကုန်ပစ္စည်းများပျက်စီးခဲ့ရသည်ဟု ခရိုင်ရဲတပ်ဖွဲ့၏ မှတ်တမ်းတွင်တွေ့ရသည်။ 

နစ်မြုပ်သည့်မော်တော်သည် အလျား ပေ ၉၀ ကျော်ရှိပြီး အနံ ကိုးပေကျော်ရှိကာ ရေစူးသုံးပေကျော်ရှိသည်ဟု
ရေယာဉ်တည်ဆောက်ရေးအင်ဂျင်နီယာများက တိုင်းတာစစ်ဆေးချက်မှတ်တမ်းများတွင် ဖော်ပြထားသည်။ 

ပုဂ္ဂလိကရေယာဉ်လုပ်ငန်းရှင်အသင်းဖြစ်သည့် အောင်စိုးမိုးရေယာဉ်အသင်း၏ ဥက္ကဌ ဦးအောင်ရွှေက "ဒီတစ်ကြိမ်
ရောဆိုရင် ချင်းတွင်းမြစ်ထဲမှာ ရေယာဉ်တိမ်းမှောက်နစ်မြုပ်တဲ့ဖြစ်စဉ်ပေါင်း အခုနှစ်အတွင်း ငါးကြိမ်လောက်ရှိ
နေပြီ" ဟု မဇ္ဈိမကိုပြောသည်။ 

ချင်းတွင်းမြစ်အတွင်း ပုဂ္ဂလိရေယာဉ်များ စနစ်တကျမောင်းနှင်ရေးအတွက် ယခုလ ၆ ရက်ကပြုလုပ်သည့် စစ်ကိုင်းတိုင်းလွှတ်တော်တွင်ပင် ခန္တီးမဲဆန္ဒနယ်မှ တိုင်းအမတ် ဦးမြမောင်းက တင်ပြဆွေးနွေးခဲ့ဖူးသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။