Monday, August 12, 2013

9.8.2013 မှ 15.8.2013 အထိ ၇ရက်ဟောစာတမ်း

တနင်္ဂနွေ

စိတ်အလိုမလိုက်နှင့်။ ကိုယ့်စိတ်ကိုနိုင်အောင်ထိန်းပါ။ ရည်ရွယ်ချက်တွေများသော်လည်း စိတ်တိုင်းမကျ ဖြစ်နေရတတ်သေးသည်။ ခြေ၊လက်အဖျားပိုင်း ခိုက်မိမှုများ ဖြစ်နေမည်။ လူယုံမထားသင့်သေးပါ။ ဆုံးဖြတ်ချက်မြန်ဆန်မှုတွေ မပြုသင့်သေးပါ။ စကားပြောဆင်ခြင်ပါ။ စကားများရန်ဖြစ်တတ်သည်။ ရုတ်တရက်ခိုက်မိတတ်၍ ဂရုစိုက်ပါ။ အချင်းချင်းစိတ်ဝမ်းကွဲတတ်၍ စကားပြောဆင်ခြင်ပါ။ ငွေဝင်၊ငွေထွက်ကြမ်းမည်။ လူလိမ်၊ငွေလိမ် ခံရမည်။ အချစ်ရေးအတွက် စိတ်ရှုပ်ရတတ်သည်။

အကျိုးပေးဂဏန်း ၁၊၅၊၆

အထူးဟော         အတိုက်အခံများမည်။

ယတြာ               တနင်္ဂနွေနေ့နံနက်တွင် လမ်းသန့်ရှင်းရေး လုပ်ပါ။

 တနင်္လာ

ရုတ်တရက်ခရီးထွက်ရမှုများ ကြုံနေမည်။ မထင်မှတ်ဘဲ ဆောင်ရွက်မှုများဖြစ်နေမည်။ ရုတ်တရက်ထိခိုက်ရှနာမှု၊ အပူလောင်မှုများဖြစ်တတ်သည်။ စပ်တူရှယ်ယာမလုပ်သင့်ပါ။ အတိုက်အခံရန်ကြုံနေမည်။ ရစရာငွေတို့မမျှော်လင့်ဘဲ ရမည်။ ရည်ရွယ်သောချစ်သူနှင့် အဆင်မပြေဖြစ်ပြီး မရည်ရွယ်သောချစ်သူနှင့်လက်ထပ်ရန် ပေါ်ပေါက်လိမ့်မည်။ ထီ၊ မဲတို့ပေါက်ကိန်းမြင်သည်။ ငွေ၊ကြေးတို့ဝင်မည်။ စက်၊ပစ္စည်း တို့ဝင်မည်။ နေရာဒေသ ပြောင်းရွေ့ခြင်း(သို့မဟုတ်) အိမ်ပြုပြင်ခြင်း(သို့မဟုတ်) မြေရောင်း၊ဝယ်ခြင်းတို့ဖြစ်မည်။ လူယုံမထားရ။ ရောင်း၊ဝယ်ပစ္စည်းများ အဆင်ပြေမည်။

အကျိုးပေးဂဏန်း ၀၊၂၊၇

အထူးဟော         အဆင်ပြေမည်။

ယတြာ               ငါးအရှင်၁၅ကောင် တောင်အရပ်ကိုလွှတ်ပါ။

အင်္ဂါ

ငါသိငါတတ် ငါဆရာလုပ်တတ်၏။ စိတ်မြန်၏။ ဇွဲကောင်း၏။ ကွက်ကျော်မြင် အကဲခတ်ကောင်း၏။ မဟုတ်မခံတတ်ပါ။ သူများတွေလေးစားလာအောင်နေတတ်သူဖြစ်သည်။ ကံဇာတာအရ ဤ၁ပတ်အတွင်းသင်ကံကောင်းသည်။ ရှုံးမည့်ပြဿနာ ရှင်းနိုင်မည်။ အန္တရာယ်မှ ပွတ်ကာသီကာ လွတ်မည်။ ကွဲတော့မည်ဖြစ်သော အချစ်ရေး၊အိမ်ထောင်ရေး မကွဲပါ။ နေရာအသစ်ရောက်မည်။ စီးပွားရေးလုပ်ငန်းသစ်၁ခု ဖြင့်ငွေဝင်မည်။ ငယ်ချစ်ဟောင်းနှင့် ငယ်ကျွမ်းဆွေပြန်တွေ့မည်။ သင်လုပ်နေသောလုပ်ငန်းမုချ အောင်မြင်မည်။ သင်ဖြေသောစာမေးပွဲအောင်မြင်မည်။

အကျိုးပေးဂဏန်း ၃၊၆၊၉

အထူးဟော        သင်ကံကောင်းသည်။

ယတြာ              အိမ်ဘုရားကို အင်္ဂါနေ့တွင် အုန်းဆွမ်းကပ်ပါ။

ဗုဒ္ဓဟူး

တယူသန်၊ တဇွတ်ထိုးလုပ်ခြင်း၊ ရည်ရွယ်ချက်များခြင်း၊ လွတ်လပ်မှုဝါသနာပါခြင်း၊ ငါသိငါတတ် ငါဆရာလုပ်ချင်ခြင်းတို့ဖြစ်နေမည်။ မိဘ၊ သားချင်းတို့၏ အထင်လွဲခြင်း ခံရတတ်သည်။ အလုပ်အကိုင်အချို့အောင်မြင်မည်။ တချို့မှာ ကြန့်ကြာအောင်မြင်မှုတွေဖြစ်နေမည်။ စွန့်စားမှုများမပြုသင့်ပါ။ ထိတ်လန့်မှုတွေဖြစ်နေမည်။ ကျန်းမာရေးကောင်းသည်။ ဘုမ္ပိအရပ်ဖြစ်သော အနောက်မြောက်အရပ်ကိုရှောင်ပါ။ စက်၊ ပစ္စည်းများပျောက်တတ်၍ဂရုစိုက်ပါ။ စပ်တူရှယ်ယာမလုပ်သင့်ပါ။ အချစ်ရေး၊အိမ်ထောင်ရေးများအဆင်ပြေနေမည်။ အလုပ်အကိုင်တို့အောင်မြင်နေမည်။ ရစရာငွေတို့မရတတ်ပါ။ လူလိမ်ခံရမည်။

အကျိုးပေးဂဏန်း ၄၊၉၊၆

အထူးဟော         အဆင်ပြေမည်။

ယတြာ                ဗုဒ္ဓဟူးနေ့နံနက်မှာ တောင်အရပ်က လမ်းပေါ်တွင် ငွေ၁၀၀ကျပ် ပန့်သကူပြုပါ။

                         ထွက်ရော့၁၀၀ကျပ် ဝင်ငွေသိန်း၁၀၀ကျပ်ဟုဆိုပါ။

ကြာသပတေး

မာနကြီးတယ်ဟု ဆိုချင်ဆိုကြပါစေ။ ပွင့်လင်းစွာပြောဆိုပြီး သူများလေးစားလာအောင် နေခြင်းက ပိုကောင်းသောကာလပင်ဖြစ်ပါသည်။ အသုံးကြမ်းတယ်ဟု ဆိုချင်ဆိုကြပါစေ။ ပေးကမ်းစွန့်ကြဲလှူဒါန်းမှု၊ကျွေးမှု ပြုတာကောင်းပါသည်။ လူရွေးပေါင်းသည်ဟု ဆိုကြပါစေ။ ဒီကာလမှာ အပေါင်းအသင်းမှားနိုင်၍ လူရွေးပေါင်းခြင်းသည် ကောင်းပါသည်။ အပေါင်းအသင်းကို ရွေးပေါင်းရုံတင်မကပါ။ ချစ်သူကိုလည်းရွေးချယ်ခြင်း ရှိသူဖြစ်ပါသည်။ ရွေးချယ်သင့်ပါသည်။ ယခင်ရှေးအခါကတော့ တူနှစ်ကိုယ်တဲအိုပျက်မှာနေရနေရ ဆိုတာ ဖြစ်နိုင်ပေမယ့် ယခုအခါမှာတော့ ဘယ်သူမှတဲအိုပျက်နှင့် မနေနိုင်ကျတော့ အချစ်ကိုဈေးကွက်တွက်ခြင်းမှာ မှန်ပြီဟုပြောရမှာဖြစ်ပါသည်။ အဲဒီတော့ရွေးချယ်လိုက်ပါ။ ဒီတပတ်တော့သေချာပေါက်တွေ့မည်။ တွေ့လျှင်ယူရန် ဆုံးဖြတ်လိုက်ပါ။

အကျိုးပေးဂဏန်း ၅၊၆၊၇

အထူးဟော        အောင်ပြီဟုမှတ်ပါ။

ယတြာ              အိမ်ဘုရားကိုအောင်မြင်ပါရစေဟု ဆုတောင်းပြီး အောင်သပြေ၁၉ညွှန့် မွေးနေ့မှာ      လှူပါ။

သောကြာ

တစ်ယောက်မကချစ်တတ်သောစိတ်၊ တဇွတ်ထိုးတယူသန်စိတ်ရှိသည်။သံယောဇဉ်ကြီးတတ်သော စိတ်ဓာတ်ကြောင့် အိမ်ကသဘောမတူ၍ ခွဲကြမည်စိုးပြီး ဝါတွင်းကြီးမှာ အိမ်ထောင်ပြုရသည့် အဆင့်ထိ ရောက်နိုင်သည်။ဆင်ခြင်ပါ။ ဝါတွင်းတော့လုံးဝယူလို့မကောင်းပါ။ မစိုးရိမ်ပါနှင့်။ သင်ချစ်သောသူနှင့်ယူဖြစ်မှာပါ။ ခရီးဝေးယာယီတွေရောက်မည်။ အလုပ်ကိစ္စ၊ပညာရေးကိစ္စဖြင့် ခရီးဝေးတွေရောက်မည်။ ကျန်းမာရေးဂရုစိုက်ပါ။ ချူချာတတ်ပါသည်။ စပ်တူရှယ်ရာစီးပွားရေး စိတ်မကူးနှင့်၊ ဆုံးရှုံးမည်။ ထီထိုးပါ။ ၂ထိပ် ၅ထိပ်  ကို ၃ပိတ် ၄ပိတ် ဖြင့်ထိုးပါ။

အကျိုးပေးဂဏန်း ၆၊၉၊၁

အထူးဟော        စဉ်းစားပြီးမှဆုံးဖြတ်ပါ။

ယတြာ              အိမ်ဘုရားကို ထီးအနီ၇လက် သောကြာနေ့နံနက်တွင်ကပ်ပါ။ဆုတောင်းပါ။

စနေ

အောင်မြင်မှုလမ်းစလေးတွေ ရောင်ခြည်သန်းလာပါပြီ။ ကူညီပံ့ပိုးသူတွေလည်း ရှိလာပြီး ကိုယ်လုပ်သမျှတွေလည်း အဆင်ပြေစပြုလာပြီဖြစ်နေသော်လည်း ခရီးသွား၍သော်လည်ကောင်း၊နေမကောင်း၍သော်လည်းကောင်း၊ အခြားအလုပ်ရှုပ်နေ၍သော်လည်းကောင်း ၁ခုခုကြောင့် သင့်လုပ်ငန်းနှောင့်နှေးမှု၊ ခေတ္တဆိုင်းငံ့မှု၊ရပ်ဆိုင်းမှုတွေဖြစ်နေမည်။ ခရီးယာယီတွေများနေမည်။ အလုပ်ကိစ္စတွေများနေမည်။ ၁ခုပြီးမှ၁ခုလုပ်ပါ။ အောင်မြင်မည်။ သူများအရှုပ် ကိုယ့်အရှုပ် ဖြစ်တတ်သည်။ လူခင်ချင်းစိတ်ဝမ်းကွဲတတ်သည်။ ပြန်ခေါ်မည်။ အချစ်ရေး၊ အိမ်ထောင်ရေးအားလုံးကောင်းသည်။

အကျိုးပေးဂဏန်း  ၂၊၄၊၇

အထူးဟော          အဆင်ပြေမည်။

ယတြာ                အိမ်ရှေ့လမ်းကို သန့်ရှင်းပါ။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။