Sunday, August 25, 2013

စစ်ကွင်း အမှတ်(၁၅)မူလတန်းကျောင်းကလေးကို ပြုပြင်ပေးစေလို

No-15  basic education primary 1

ဟင်္သာတမြို့နယ်စစ်ကွင်းကျေးရွာရှိ ကျောင်းသား၁၀၀ ကျော်ပညာသင်ယူနေသည့် အမှတ်(၁၅) အခြေခံပညာမူလတန်း ကျောင်းရှိ ပင်မကျောင်းဆောင်မှာ ကြမ်းခင်းနှင့်ဘေးကာများ ပျက်စီးနေပြီး အောက်ခံဆင့်တန်းများ ဆွေးမြေ့နေသည်ဟု  ဒေသခံများထံမှ သိရှိရသည်။

၁၉၅ဝ ခုနှစ် ဇွန်လ(၁)ရက်နေ့က စတင်တည်ဆောက်ခဲ့သည့် အဆိုပါကျောင်း၌ ၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ်အတွက် ကျောင်းသား ၁၂ဝ ဦးခန့် တက်ရောက်ပညာသင်ကြားလျှက်ရှိရာ အဆိုပါကျောင်းသားများအနေဖြင့် ပညာသင်ကြားရာ၌ အခက်အခဲနှင့် အန္တရာယ်ကြုံတွေ့နိုင်ဖွယ်ရှိနေခြင်းဖြစ်သည်။

  "ဒီရွာမှာက ပြေလည်တဲ့သူနည်းတယ်လေ။ ရွာကလည်း ရွာငယ်လေးပါ။ ရှိတဲ့ ငွေအင်အားနဲ့က ကျောင်းအသစ်ပြန်ဆောက်ဖို့ မဖြစ်နိုင်ဘူး။ ပျက်စီးတာကလည်း (၃)နှစ်လောက် ရှိပါပြီ။ ကျောင်းရဲ့ သက်တမ်းက နှစ်ခြောက်ဆယ်ကျော်ကြာခဲ့ပါပြီ။ စေတနာရှင်တွေ တာဝန်ရှိသူတွေအနေနဲ့ အကူအညီပေးနိုင်ရင် ကူညီပေးစေချင်ပါတယ်"ဟု ယင်းစာသင်ကျောင်းအနီး၌ သီတင်းသုံး နေသော တိုက်အုပ်ဆရာတော် ဦးသုန္ဒရက မိန့်ကြားသည်။

အဆိုပါ အမက (၁၅) စာသင်ကျောင်းသည် သက်တမ်းနှစ် ခြောက်ဆယ်ကျော် ကြာမြင့်ပြီဖြစ်၍ ပြုပြင်ရန်လိုအပ်မှုများရှိနေရာ နိုင်ငံတော်အပါအ၀င် အလှူရှင်အချို့၏ ပံ့ပိုးကူညီမှုများအား ဒေသခံတို့မှ မျှော်လင့်နေကြသည်။

 "ကြာလာရင် ကလေးတွေလည်း အန္တရာယ် ဖြစ်မှာ စိုးရပါတယ် ကျောင်းလေးက ကြမ်းတွေက အပေါက်တွေပဲ။ လူနည်းနည်းဝ တဲ့သူဆိုရင် အပေါက်ကျွံကျနိုင်တယ်။ အကာတွေကလည်း ပေါက်ပြီး သွပ်ပြားစုတ်တွေနဲ့ ဖာထေးထားရတာ။ မြင်မကောင်းပါဘူးဗျာ။ ကျောင်းသားကလည်း များတယ်။ ကျောင်းကပင်မဆောင် တစ်ခုတည်း ရှိတာပါ။ ဒီစာသင်နှစ်မှာ ပြင်ပေးနိုင်ရင် အကောင်းဆုံးပါဘဲ။ ပြုပြင်မယ့်စာသင်ကျောင်း စာရင်းတွေ ကောက်ခံနေတာ ကြားမိပါတယ်။ ပြုပြင်ပေးသင့်တဲ့ ပုံစံအနေအထား ဖြစ်နေတော့ အလှူရှင်တွေလည်း တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံ လိုပါတယ် "ဟု အဆိုပါကျောင်းမှ ကျောင်းသားမိဘတစ်ဦးက ပြောသည်

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။