Saturday, August 17, 2013

ဆီးဂိမ်းအကြို ခြေစမ်းပွဲများတွင် လူငယ်များ၏ခြေစွမ်းကို ဦးစားပေးစမ်းသပ်မည်ဟု ပတ်ဆောင်ဟွာဆို

မြန်မာယူ-၂၃အသင်း၏ကိုရီးယား လူမျိုးနည်းပြချုပ်ပတ်ဆောင်ဟွာက ဆီးဂိမ်းမတိုင်မီကစားမည့် ခြေစမ်းပွဲများတွင် ရလဒ်ပိုင်းထက် လူငယ်ကစားသမားများ၏ ခြေစွမ်းပိုင်းစမ်းသပ်ရန်သာ အဓိကထား ယှဉ်ပြိုင်မည်ဖြစ်ကြောင်း
ပြောသည်။

"ကျွန်တော်တို့အသင်းရဲ့ အဓိကပစ်မှတ်က ဆီးဂိမ်းပါ။ ဒါကြောင့် ဆီးဂိမ်းအကြို ခြေစမ်းပွဲတွေမှာ လူငယ်တွေရဲ့
ခြေစွမ်းကို အဓိကထား စမ်းသပ်ပါမယ်။ မြန်မာအသင်းပွဲကစားတိုင်း နိုင်စေချင်တဲ့ ပရိသတ်ဆန္ဒကိုလည်း နားလည်ပါတယ်။ ဒါပေမဲ့ ဆီးဂိမ်းရွှေရဖို့က ကျွန်တော့်ရဲ့ အဓိကတာဝန်ပါ။ မာဒေးကား ဖလားပြိုင်ပွဲကိုလည်း ဖလားရဖို့ ပစ်မှတ်ထားယှဉ်ပြိုင်မှာ မဟုတ်ပါဘူး" ဟု ပတ်ဆောင်ဟွာက မဇ္ဈိမသို့ ပြောသည်။

ပဏာမမြန်မာယူ-၂၃အသင်းကို သြဂုတ်လ (၁၂) ရက်မှစတင်ပြီး စခန်းသွင်းလေ့ကျင့်မှုများပြုလုပ်နေကာ ဆီးဂိမ်း မတိုင်မီ ဗီယက်နမ်၊ ဂျပန်(ခ)၊တို့နှင့် ခြေစမ်းပွဲကစားရန် စီစဉ်ထားပြီး စက်တင်ဘာလအတွင်း မလေးရှား နိုင်ငံတွင် ကျင်းပမည့် မာဒေးကားဖလားပြိုင်ပွဲသို့လည်း ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ ကိုရီးယား၊ ဂျပန်နိုင်ငံများ သို့လည်း လေ့ကျင့်ခြေစမ်းခရီး ထွက်ခွာမည် ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။