Sunday, April 7, 2013

ဗီဇာက မိုဘိုင်းဖုန်းဖြင့်ဝန်ဆောင်မှု မိတ်ဆက်မည်

ကမ္ဘောဇဘဏ်နှင့် ဗီဇာကုမ္ပဏီမှ တာဝန်ရှိသူများအား အခမ်းအနားအပြီး၌ တွေ့ရစဉ်။ မြတ်မေဇင်/မြန်မာတိုင်း(မ်)ကမ္ဘောဇဘဏ်နှင့် ဗီဇာကုမ္ပဏီမှ တာဝန်ရှိသူများအား အခမ်းအနားအပြီး၌ တွေ့ရစဉ်။ မြတ်မေဇင်/မြန်မာတိုင်း(မ်)

ကမ္ဘောဇဘဏ်နှင့် Visa ကုမ္ပဏီတို့ ပူးပေါင်းကာ ဈေးဝယ်စင်တာများ၊ ဟိုတယ်များနှင့် စားသောက်
ဆိုင်များ၌ နိုင်ငံခြားသားများ၊ လာရောက်လည်ပတ်သူများ ငွေပေးချေရာတွင် အဆင်ပြေ လွယ်ကူ
စေရန် Visa ကတ်ဖြင့်ငွေပေး ချေခြင်းကို ဧပြီလမှစတင်ခါ အသုံးပြု သွားနိုင်မည်ဖြစ်ကြောင်းနှင့်
မြန်မာနိုင်ငံတွင် အီလက်ထရောနစ်ငွေပေးချေစနစ် အသစ်တစ်ခုဖြစ်သည့် မိုဘိုင်းဖုန်း ၀န်ဆောင်မှု
အား အကောင်အထည်ဖော်သွားမည် ဖြစ်သည်ဟု ဧပြီလ ၁ ရက် နေ့က ရန်ကုန်မြို့ Strand
Hotel ၌ ကျင်းပသည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် ကုမ္ပဏီ၏ အရှေ့တောင် အာရှနှင့်
ဩစတေးလျား အာရှ ၏ Group Country Manager, Mr Peter Maher က မြန်မာတိုင်း(မ်)ကို
ပြောသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဆိုင်ရာ အခန်းကဏ္ဍ တိုးတက်ရေးတွင် Visa ကုမ္ပဏီ အနေဖြင့် အရေးကြီး
သော အဆင့်သုံးဆင့်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ၎င်းကပြော
ကြားသည်။

"ပထမဦးဆုံး ခြေလှမ်းအနေနဲ့က နိုင်ငံခြားက၀င်ရောက်လာတဲ့ ခရီးသွား ဧည့်သည်တွေ ပြည်တွင်း
မှာ ဟိုတယ် အခန်းခပေးချေတာကစလို့ ဈေးဝယ်စင်တာနဲ့ စားသောက်ဆိုင်တွေမှာ Visa ကတ်နဲ့
ပေးချေနိုင်ဖို့ပါ။ အခုဆိုရင် ATM စက်တွေမှာ Visa ကတ်ကို အသုံးပြုပြီး ငွေထုတ်ယူလို့ရနေပါပြီ။
ဒုတိယ ခြေလှမ်းကတော့ မြန်မာနိုင်ငံက စီးပွားရေးသမားတွေအတွက်ပါ။ Visa ကတ်ကို အသုံးပြု
ပြီး ကမ္ဘာတစ်ဝန်းက Visa ကတ် ကိုင်ဆောင်သူ သန်းနှစ်ထောင်ကျော်တို့ နဲ့ ချိတ်ဆက်ပြီး
စီးပွားရေးလုပ်ကိုင်နိုင်မယ့် အခွင့်အရေးပါ။ နောက်ဆုံးခြေလှမ်း အနေနဲ့ကတော့ မြန်မာနိုင်ငံမှာရှိတဲ့
ပြည်သူတွေအားလုံး Visa ငွေပေးချေတဲ့ စနစ်ကို အသုံးပြုနိုင်စေဖို့ပါ"ဟု ၎င်းက ပြောကြားသည်။

ကုမ္ပဏီအနေဖြင့် နိုင်ငံပေါင်း ၃၀ ကျော်တွင် Visa ငွေပေးချေမှုစနစ်သစ် ဖြစ်သည့် မိုဘိုင်းဖုန်း
ဝန်ဆောင်မှုကို မိတ်ဆက်ပေးခဲ့ပြီး ဖြစ်သည်။

မြန်မာ နိုင်ငံတွင်လည်း အဆိုပါဝန်ဆောင်မှုအား မိတ်ဆက်သွားရန် စီစဉ်နေသည်ဟု သိရသည်။

"Visa ကတ်ကို ပလတ်စတစ်ကတ်နဲ့ အသုံးပြုတယ်ဆိုတာ စနစ်ဟောင်းတစ်ခုပါ။ ကျွန်တော်တို့
ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းကနေ ငွေပေး ချေမှုဝန်ဆောင်ပေးနိုင်တဲ့ Mobile Phone
Payments စနစ်ကို မိတ်ဆက်သွားမှာပါ။ လက်ကိုင်ဖုန်းမှာ Visa ဆော့ဖ်ဝဲလ်သွင်းထားပြီး
ကလစ်နှိပ် လိုက်ရုံပါပဲ။ ဒီနည်းပညာနဲ့ အာဖရိက နိုင်ငံတွေနဲ့ အရှေ့အာရှနိုင်ငံ အပါအ၀င် နိုင်ငံ
၃၀ ကျော်မှာ အသုံးပြုနေပါပြီ"ဟု ၎င်းကပြောသည်။

ခရီးသွားလုပ်ငန်းတိုးတက်လာသော မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားသား ခရီးသွားများ ငွေကြေး
သုံးစွဲမှု ပိုမိုအဆင် ပြေစေရန်အတွက် မြန်မာနိုင်ငံရှိ ATM စက်အလုံး ၁၃၀ တွင် Visa ကတ်များဖြင့်
ငွေကြေးထုတ်ယူနိုင်ပြီဖြစ်သည်။

ကမ္ဘောဇဘဏ်၏ အကြီးတန်း မန်နေးဂျင်းဒါရိုက်တာ ဦးသန်းချိုက " Visa နဲ့ အတူ ပူးပေါင်းကာ
ခရီးသွားဧည့်သည်တွေနဲ့ ကုန်သည်တွေကို အီလက်ထရွန်းနစ် ငွေပေးချေမှုမှတစ်ဆင့် ပိုမိုကောင်း
မွန်၊ စိတ်ချရသော ငွေပေးချေမှုစနစ်ကို ပေးနိုင်ခြင်းဖြစ်ပါတယ်။ နိုင်ငံ တိုးတက်လာတာနဲ့အမျှ နိုင်ငံ
တကာငွေကြေး ကဏ္ဍတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ကာ မြန်မာနိုင်ငံ၏ ဘဏ်ဝန်ဆောင်မှု စနစ်နဲ့
ငွေပေးချေမှုစနစ်ဖွံ့ဖြိုးလာသောကြောင့် ရှေ့လျှောက် စီးပွားရေးတိုးတက်လာမှာပါ"ဟု ပြောသည်။

Visa ကုမ္ပဏီအနေဖြင့် အီလက်ထရွန်းနစ် ငွေပေးချေမှုစနစ်အား အကောင်အထည်ဖော်ရာတွင်
အခြေခံအဆောက် အအုံလိုအပ်ချက်များစွာ ရှိနေသောကြောင့် ခက်ခဲနေသေးခြင်းဖြစ်သည်ဟု
လည်း သိရသည်။

"အခက်အခဲတွေကတော့ အများကြီးပဲ။ လျှပ်စစ်၊ ဖုန်းနဲ့ နည်းပညာနဲ့အကျွမ်းတ၀င် ရှိမှုတွေပေါ့"ဟု
Mr Maher က ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။