Thursday, February 28, 2013

ကျောက်တံတားမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့တွင် ဖေဖော်ဝါရီ ၂၇ ရက်နေ့ တစ်ရက်တည်း၌ မီးလောင်မှု တစ်ကြိမ်စီ ဖြစ်ပွား


ကျောက်တံတားမြို့နယ်အတွင်း မီးလောင်ကျွမ်းမှုအား ငြှိမ်းသက်နေမှုအား တွေ့ရစဉ်

ဖေဖော်ဝါရီ ၂၇ ရက် တစ် ရက်တည်းမှာပင် ကျောက်တံတားမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့ အတွင်း မီးလောင်ကျွမ်းမှု တစ်ကြိမ် စီဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျောက်တံတားမြို့နယ်၊ ၈ ရပ်ကွက်၊ ၃၉ လမ်း (အောက်) ရှိ လယ်/ဆည် ဂိုဒေါင်ဟောင်းတွင် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားရာ မီးသတ်ကားသုံးစီး ရောက်ရှိ ငြိမ်းသတ်၍ မိနစ်ပိုင်းအတွင်း မီးငြိမ်းသွားခဲ့ ကြောင်း၊ ပျက်စီးမှုတန်ဖိုး အသေး စိတ်ကိုမူ မသိရသေးကြောင်း တာဝန်ကျဝန်ထမ်းတို့က ဆိုသည်။

2.27.12

ကျောက်တံတားမြို့နယ်အတွင်း မီးလောင်ကျွမ်းမှုအား ငြှိမ်းသက်နေမှုအား တွေ့ရစဉ်

အလားတူ ဖေဖော်ဝါရီ ၂၇ မွန်းလွဲ ၁ နာရီခန့်က အင်းစိန်မြို့နယ်၊ နံ့သာကုန်းစက်ဘီးနှင့် ယာဉ်အပိုပစ္စည်း ရောင်းဝယ်ရေး စခန်းတွင် မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ယင်းနေ့ ၁ နာရီ ခန့်က သရဖီလမ်း၊ ဆိုင်အမှတ် (၉) တွင် ၀ါယောရှော့ခ်ဖြစ်၍ စတင် လောင်ကျွမ်းခြင်းဖြစ်ပြီး မွန်းလွဲ ၁ နာရီခွဲခန့်တွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

2.27.14

အင်းစိန်မြို့နယ်၊နံသာကုန်းစက်ဘီးနှင့်ယာဉ်အပိုပစ္စည်းရောင်းဝယ်ရေးစခန်းမီးလောင်ကျွမ်းမှုဖြစ်စဉ်ကိုမြင်တွေ့ရစဉ်

အဆိုပါ မီးလောင်ကျွမ်းမှု ကြောင့် ဆိုင်ခန်းအမှတ် (၅၊ ၆၊ ၇၊ ၈၊ ၉) တို့မှာ လောင်ကျွမ်း ပျက်စီး ခဲ့ကြောင်း အင်းစိန်မြို့နယ် မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မီးစတင် လောင်ကျွမ်းခဲ့သည့် ဆိုင်ခန်းပိုင်ရှင်ကမူ "ကျွန်တော့် ဆိုင်ခန်းက ၀ါယာရှော့ခ်ဖြစ်ပြီး မီးစလောင်တာ ဖြစ်ပါတယ်။ မွန်းလွဲ ၁ နာရီလောက်က စလောင်တာပါ။ ဆိုင်ခန်းအားလုံး ငါးခန်းလောက် ပါသွားတယ်။ ပျက်စီးမှုတန်ဖိုးက အတော်များမယ်ထင်တယ်" ဟု ပြောသည်။

2.27.14

အင်းစိန်မြို့နယ်၊နံသာကုန်းစက်ဘီးနှင့်ယာဉ်အပိုပစ္စည်းရောင်းဝယ်ရေးစခန်းမီးလောင်ကျွမ်းမှုဖြစ်စဉ်ကိုမြင်တွေ့ရစဉ်

"ကျွန်တော်တို့ သတင်းရရခြင်း လာပြီး ငြှိမ်းသတ်တာပါ။ မီးလောင်ကျွမ်းမှုက နာရီဝက်နီးပါး ကြာပါတယ်။ ခုတော့ မီးငြိမ်းသွားပါပြီ။ ပျက်စီးဆုံးရှုံးမှု တန်ဖိုးက မခန့်မှန်း နိုင်သေးပါဘူး" ဟု အင်းစိန်မြို့နယ် မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ နယ်အချို့မှ ရေသယ်ယာဉ် အပါအ၀င် မီးသတ်ယာဉ် ၄၁ စီးခန့် လာရောက် ငြှိမ်းသတ်ခဲ့ကြောင်း အင်းစိန်မြို့နယ် မီးသတ်တပ်ဖွဲ့ အရာထမ်း တစ်ဦးက ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။