Thursday, February 14, 2013

ရဲဝန်ထမ်းများနှင့်ပတ်သက်၍ ဖုန်းဆက်တိုင်ကြားနိုင်


ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်၍ ပြည်သူများမှ ကျေနပ်မှုမရှိပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် နေပြည်တော်သို့ (၂၄)နာရီ အချိန်ပြည့် ဖုန်းဖြင့်ဆက်သွယ်၍ တိုက်ရိုက်တိုင်ကြားနိုင်ပြီဖြစ်ကြောင်း   မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ ဥပဒေနှင့်ညီညွတ်မှုမရှိသော ဆောင်ရွက်ချက်များ၊ လုပ်ပိုင်ခွင့်အား အလွဲသုံးစားပြုလုပ်မှု၊ အဂတိလိုက်စားမှုများနှင့် ပတ်သက်၍ ပြည်သူလူထုမှ တိုက်ရိုက်တိုင်ကြား နိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ၊ နေပြည်တော်မှ အော်တိုတယ်လီဖုန်းများ တပ်ဆင်ထားပြီး ၂၄ နာရီ အချိန်ပြည့် တိုင်ကြားနိုင်ခြင်း ဖြစ်သည်။

တိုင်ကြားမယ်ဆိုရင် နာမည်နဲ့မှတ်ပုံတင် နံပါတ်ပါ ပြောပြီးတိုင်ရင်တော့ ပိုကောင်းတာပေါ့။ ဒါပေမယ့်ဘယ်လို နည်းနဲ့ပဲ တိုင်တိုင် ကျွန်တော်တို့က လက်ခံပေးပါတယ် ဟု နေပြည်တော် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုင်ကြားသူများကို ပြန်အသိပေးရန် အစီအစဉ် ရှိကြောင်းနှင့် တိုင်ကြားသူတွေအနေနှင့်လည်း အရေးယူဆောင်ရွက်မှု ရှိမရှိကို စုံစမ်းကြည့်လျင် သိနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

 “ကျွန်တော်တို့က တိုင်ကြားချက်ကို လက်ခံပြီး သက်ဆိုင်ရာဌာနကိုတင်ပြပါတယ်။အရေးယူတဲ့အပိုင်းကိုတော့ တာဝန်ရှိတဲလူကြီးတွေက ဆောင်ရွှက်သွားမှာပါ ” ဟုတိုင်ကြားချက် လက်ခံဌာနမှ ဒုရဲမှူး ကျော်မင်းသူ ကပြောသည်။

ရဲတပ်ဖွဲ့ဝင်တွေရဲ့ အဂတိလိုက်စားခြင်း၊ လုပ်ပိုင်ခွင့် အာဏာအလွဲသုံးစားပြုလုပ်ခြင်း အစရှိသည်များကို ပြည်သူလူထုအနေဖြင့် မကျေနပ်သည်များရှိပါက တိုက်ရိုက်တိုင်ကြားနိုင်ပြီ ဖြစ်သည်။

 “မကျေနပ်တာရှိရင် တိုင်လို့ရပြီ ဆိုတော့ ကောင်းတယ်။  ရဲဆိုရင် ဘယ်သူ့မှမပြောရြဲကဘူး ပတ်လဲ မပတ်သက်ကြဘူး။ မပတ်သတ်အောင်လဲနေတယ် ဘာလို့လဲဆိုတော့သူတို့က ငိုစားရီစား တွေလေဟု အမည်မဖော်လိုသူ ပြည်သူတစ်ဦး က ပြောသည်။
 
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် တယ်လီဖုန်းအမှတ် ဝ၆၇-၄၁၂၂၂၂ ၊ဝ၆၇-၄၁၂၄၄၄ဝနှင့် နေပြည်တော် ရဲတပ်ဖွဲ့မှူးရုံး ၀၆၇-၅၅ဝ၃၃၃ သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။