Thursday, February 14, 2013

မန္တလေးက ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ် သွေးလှူဒါန်းပွဲ ကျင်းပ


2013-02-13

ဖေဖေါ်ဝါရီလ ၁၃ ရက် ဒီကနေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ ကဗျာ၊ သီချင်းပြိုင်ပွဲကို မန္တလေးမြို့မှာရှိတဲ့ မြင့်မြတ်ဧရာဝတီ လူငယ်လူမှုကွန်ရက်အဖွဲ့ကနေ ဦးဆောင်ပြီး ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

Photo: RFA

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်ကျောင်းတိုက်မှာ ကျင်းပခဲ့တဲ့ ၉၈ နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ပွဲ မှာ တွေ့ရသော ကလေးငယ်များပုံ

အဲဒီ့အခမ်းအနားကို ကျောင်းသားတွေနဲ့ ကလေးငယ်တွေ ပါဝင်ယှဉ်ပြိုင်ကြပြီး မဟာအောင်မြေမြို့နယ်မှာရှိတဲ့ မစိုးရိမ်ကျောင်းတိုက်မှာ ကျင်းပခဲ့တာပါ။

အခုလို ပြိုင်ပွဲကျင်းပရတာဟာ ကလေးငယ်တွေမှာ ဗိုလ်ချုပ်လို စိတ်ဓါတ်တွေရှိလာပြီး ထူးချွန်လာဖို့အတွက် ပြုလုပ်တာလို့ မြင့်မြတ်ဧရာဝတီ လူငယ်လူမှုကွန်ရက် နာယက ဆရာတော် ဦးတေဇောဘာသက RFA ကို မိန့်ကြားပါတယ်။

တချိန်တည်းမှာပဲ ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်အဖြစ် မန္တလေးမြို့က သံဃာတော်တွေ၊ ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူ အပါအ၀င် လူပုဂ္ဂိုလ် ၁၀၀ ကျော်ခန့်ဟာ သွေးလှူဒါန်းပွဲ ကျင်းပခဲ့ပါတယ်။

ဒီကနေ့ မန္တလေးမြို့မှာကျင်းပတဲ့ ဗိုလ်ချုပ်မွေးနေ့ပွဲနဲ့ ငွေကြေးလှူဒါန်းပွဲ အကြောင်းတွေကို RFA ၀ိုင်းတော်သား ဦးဘအောင် စုစည်းတင်ပြထားပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။