Tuesday, December 11, 2012

Gusto ကွန်ပျူတာနည်းပညာ သင်တန်းကျောင်းမှ Database Design & Development သင်တန်းများ စတင်ဖွင့်လှစ်

စီးပွားရေးလုပ်ငန်း အဖွဲ့အစည်း များ၏ information လိုအပ်ချက်ပေါ် မူတည်၍

စနစ်ကျသော Database Design နိုင်ရန်နှင့် ထို Database Design ကို SQL Server 2008 ကို အသုံးပြုပြီး ကောင်းမွန်သော Development ကို အကောင်အထည် ဖော်နိုင်ရန"Database Design and Development" သင် တန်းကို Gusto နည်းပညာ သင်တန်းကျောင်းမှ ဒီဇင်ဘာလ ၁၄ ရက်နေ့ တွင် စတင်ဖွင့်လှစ်မည် ဖြစ်သည်။ အဆိုပါ သင်တန်းတွင် အကောင်းဆုံး Database Design တစ်ခု ထွက်ပေါ်လာစေရန် Requirement Analysis ကို ဆွဲထုတ်ခြင်း၊ နောက် Conceptual Design ထွက်လာရန် စဉ်စားခြင်း၊ Logical Design, Physical Design နောက်ဆုံး Physical Design ထွက်ပေါ်လာသည်ထိ စဉ်းစားပုံ အဆင့်ဆင့်တို့ကို လက်တွေ့ Project များ ပြုလုပ် သင်ကြားပေးမည်ဖြစ်သည်။ထို့အပြင် ထွက်ပေါ်လာသည့် Database Design ကို Performance, Data Integrity, Security ပိုင်းတွင် ပိုမို ကောင်းမွန်စေရန် Development လုပ် သင့်သည့် နည်းစနစ်များကို ထပ်မံ သင်ကြားပေးမည်ဖြစ်သည်။ Development လုပ်သည့်အခါ Advanced SQL Statements များအပြင် အစွမ်း ထက်မြက်သည့် Stored Procedure, Trigger များနှင့် လေ့လာသင်ကြား ပေးမည်ဖြစ်သည်။ နိုင်ငံရပ်ခြားတွင် Computer ပညာဖြင့် ကျောင်းတက်မည့်သူများ၊ ပြည်တွင်းပြည်ပတွင် Software Developer, Database Developer, System Analyst လုပ်ကိုင်လိုသူများ၊ NGO များ၊ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်း များတွင် Database နှင့်သက်ဆိုင် သည့် Information Officer လုပ်နေသူ များတက်ရောက်သင့်သော သင်တန်း တစ်ခုဖြစ်ကြောင်း သိရှိရသည်။ စုံစမ်းမေးမြန်းလိုသည်များ ရှိပါက Gusto ကွန်ပျူတာ နည်းပညာသင် တန်းကျောင်း၊ အမှတ် ၂၆၊ ၁၄ လမ်း (အောက်)၊ လမ်းမတော်။ ဖုန်း ဝ၁-၂၂၄၄၉၆၊ ဝ၉-၇၃၀၃၁၃၀၂ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။