Tuesday, December 11, 2012

မြန်မာ-ဗီယက်နမ်စီးပွားရေး လုပ်ငန်းရှင်များ နယ်ပယ်လေးခုတွင် ဒေါ်လာ ၅၂၃ သန်းခန့် ရင်းနှီးမြှုပ်နှံမည်

မြန်မာနှင့် ဗီယက်နမ် စီးပွားရေး လုပ်ငန်းရှင်များ ကမြန်မာနိုင်ငံရှိ စီးပွားရေး နယ်ပယ်လေးခု တွင် အမေရိကန်ဒေါ်လာ ၅၂၃ သန်းခန့် ပူးတွဲရင်းနှီးမြှုပ်နှံ မည်ဖြစ်ကြောင်း ဗီယက်နမ်ကုန်သည်များနှင့် စက်မှုလက်မှုမြန်မာ လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဒေါက်တာ Yu Tien Loe ကပြောကြားသည်။ နိုဝင်ဘာလ ၃၀ ရက်နေ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ကျင်းပသော မြန်မာနှင့် ဗီယက်နမ် စီးပွားရေး ဖိုရမ်တွင် နှစ်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များက လက်မှတ်ရေးထိုး ခဲ့ကြသည်။

စီးပွားရေးနယ်ပယ် လေးခုတွင် အိမ်ရာ စီမံကိန်းကို ပူးပေါင်း ဆောင်ရွက်ရန်အတွက်မြန်မာနိုင်ငံ မှ HOAND ANK GIA UN ကုမ္ပဏီနှင့် BIDV ကုမ္ပဏီတို့က အမေရိကန်ဒေါ်လာသန်း ၃၅၀ ကို ပူးတွဲရင်းနှီးမြှုပ်နှံ မည်ဖြစ်ကြောင်း၊ သလင်းကျောက်ထုတ်လုပ်ရန် အတွက် SIMCOSONGDA နှင့် BIDV တို့က အမေရိကန်ဒေါ်လာ ၁၈ သန်းခန့်ကို ပူးတွဲရင်းနှီးမြှုပ်နှံ မည်ဖြစ်ကြောင်း၊ အုတ်စက်ရုံ ဆောက်လုပ်ရန်အတွက် Aunty Pacific Ming ကုမ္ပဏီနှင့် Viet Trust ကုမ္ပဏီတို့က အမေရိကန် ဒေါ်လာ ငါးသန်းကို ပူးတွဲရင်းနှီး မြှုပ်နှံမည်ဖြစ်ကြောင်း၊ သင်္ဘော တည်ဆောက်ရန်နှင့် ရေကြောင်း သယ်ယူပို့ဆောင်ရေးဆိုင်ရာများ ကိုလုပ်ကိုင်ရန်အတွက် Myin Mo Oo Gener services ကုမ္ပဏီ တို့က အမေရိကန်ဒေါ်လာ ၁၅၀ သန်းကို ပူးတွဲရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် UNFCCI ထံမှ စုံစမ်းသိရှိရသည်။ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ သည်နှစ်နိုင်ငံ ဗဟိုဘဏ်များအကြား ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးမှု သတင်း အချက်အလက် ဖလှယ်ရေး ဆိုင်ရာနားလည်မှုစာချွန်လွှာ၊ ရေနံ နှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍပူးပေါင်း ဆောင်ရွက်ရန်အတွက် နှစ်နိုင်ငံအကြား နားလည်မှု စာချွန်လွှာကို ရေးထိုးခဲ့ကြောင်းနိုင်ငံပိုင်သတင်းစာ များတွင် ဖော်ပြထားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။