Monday, July 30, 2012

 နိုင်ငံတော်သမ္မတနှင့် ၈၈မျိုးဆက် ကျောင်းသားများ တွေ့ဆုံမည်


နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ တွေ့ဆုံသွားရန်ရှိကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားခဲ့သည်။

“မည်ကာမတ္တ တွေ့ဆုံခြင်းမျိုး၊ ဓာတ်ပုံဖော်ပြရုံလောက် တွေ့ဆုံခြင်းမျိုး မဟုတ်မှာကတော့ သေချာပါတယ်။ သေချာတာကတော့ ပြည်သူ အတွက် အကျိုးရှိစေမယ့် ဆွေးနွေးမှုတွေကိုပဲ ကျွန်တော်တို့ ပြုလုပ်သွားမှာပါ။ တွေ့တဲ့အခါကျရင်လည်း ကျွန်တော်တို့ အားလုံးကို ပြန်ပြီး ထုတ်ပြန်သွားမှာပါ”ဟု ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါသည်။
တွေ့ဆုံမှုအတွက် နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်မည့် နေ့ရက်ကို စီစဉ်နေဆဲဖြစ်ကြောင်း သိရသည်။
ထို့အပြင် နိုင်ငံတော်သမ္မတသည် ပြည်တွင်းရှိနိုင်ငံရေးပါတီများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ နှင့် ထပ်မံတွေ့ဆုံမှုများ ပြုလုပ်သွားရန် အစီအစဉ်များ ရှိကြောင်းလည်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။