''မနေ့က လမ်းပေါ်ကို ရေသိပ်မတက်သေးဘူး။ ဒီနေ့ မနက်ပိုင်းမှ ရေတွေပိုများလာပြီး ကားတွေဖြတ်ဖို့ ခက်သွားတယ်''ဟု ဒေသခံတစ်ဦးကပြောသည်။
ဇူလိုင်လ(၂၈)ရက်နေ့တွင် မိုးရွာသွန်းမှုနည်းသွားသော်လည်း လားရှိုးမြို့နယ်အတွင်း အနီးပတ်ဝန်းကျင်များရှိ တောင်ကျရေများ စုပြုံဝင်ရောက်လာမှုကြောင့် နမ့်ယောင်ချောင်းရေတက်လာခြင်းဖြစ်ကြောင်း သိရသည်။
ဇူလိုင်လ(၂၈)ရက်နေ့ နေ့လယ်ပိုင်းထိ ပြည်ထောင်စု လမ်းမကြီးပေါ်သို့ ရေအနက် သုံးပေကျော်ခန့်ထိ ရောက်ရှိနေသောကြောင့် မူဆယ်၊ လားရှိုးနှင့် မန္တလေးသို့ သွားရောက်မည့် ခရီးသည်တင်ယာဉ်ငယ်များအား လူအားဖြင့်တွန်းပို့ကာ ဖြတ်သန်းနေရပြီး၊ မော်တော်ဆိုင်ကယ်များအားလည်း လူဖြင့်ထမ်းကာ ဖြတ်သန်းနေရကြောင်း သိရသည်။

ခရီးသည်တင်ဗင်ကားများ ဖြတ်သန်းရာတွင် ကားတွင်းသို့ ရေ၀င်ရောက်မှုများရှိနေပြီး ကုန်တင်ကားကြီးများမှာ ခက်ခက်ခဲခဲ ဖြတ်သန်းနေကြကြောင်း သိရသည်။
အေတီတံတားထိပ်တစ်ဖက်စီတွင်လမ်းရေကျော်မှုဖြတ်သန်းရန် စောင့်ဆိုင်းနေသော ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များ အစီးရေ (၁၀၀)ကျော်ခန့်ထိရှိနေကြောင်းသိရသည်။
အလားတူ ဇူလိုင်လ(၂၇)ရက်နေ့က သိန်းနီမြို့အ၀င်တွင်လည်း လမ်းရေကျော်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။