Friday, August 23, 2013

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် နေ့စဉ် ဖြတ်သန်းနေသည့် ယာဉ်များအနက် သုံးပုံတစ်ပုံခန့် အရှိန်လွန်မောင်းနှင်မှုဖြင့် အရေးယူခံရ


8.1.1
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ မောင်းနှင်နေသော ယာဉ်တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် တစ်ရက်ဖြတ်သန်းသော ယာဉ်၏သုံးပုံ တစ်ပုံအား အရှိန်လွန် မောင်းနှင်မှုဖြင့် အရေးယူမှု ပြုလုပ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီးနေ၀င်းက သြဂုတ် ၂၁ ရက်က Daily Eleven သတင်းစာသို့ ပြောကြားသည်။

ပုသိမ်ခရိုင်သို့ ခိုးဝင်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၅ ဦး အပါအ၀င် ဘင်္ဂါလီ ၅၂ ဦးကို ဥပဒေအရ အရေးယူခြင်း မရှိဘဲ နေရပ်သို့ ပြန်လည်ပို့ဆောင်



8.1.1
ဘင်္ဂလားပင်လယ်အော်နှင့် ထိစပ်နေသည့် ငရုတ်ကောင်းမြို့အား Google Earth မှတစ်ဆင့် မြင်တွေ့ရစဉ်
ဧရာဝတီတိုင်း ဒေသကြီး ငရုတ်ကောင်းမြို့ အတွင်းသို့ ခိုးဝင်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၅ ဦး အပါအ၀င် ဘင်္ဂါလီ ၅၂ ဦး ကို ဥပဒေအရ အရေးယူခြင်း မရှိဘဲ သြဂုတ် ၂၂ ရက် နံနက်ပိုင်းက နေရပ်သို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်ဝင်းကျော်က သြဂုတ် ၂၂ ရက်က ပြောကြားသည်။

အိန္ဒိယ-မြန်မာနှင့် ထိုင်း-မြန်မာ နယ်စပ်လမ်းကြောင်းတို့မှ တစ်ဆင့် မြန်မာနိုင်ငံ အတွင်းသို့ လက်နက်မှောင်ခို တင်သွင်းမှု အများဆုံး ပြုလုပ်နေဟုဆို


မြန်မာနိုင်ငံ အတွင်းသို့ လက်နက်မှောင်ခို တင်သွင်းမှု အများဆုံး ပြုလုပ်နေသည့် လမ်းကြောင်းများမှာ အိန္ဒိယ-မြန်မာနယ်စပ်နှင့် ထိုင်း-မြန်မာ နယ်စပ်တို့ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ ရသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ နိုင်ငံဖြတ်ကျော် မှုခင်းဌာနမှ ရဲမှူးချုပ်စိုးမြိုင်က သြဂုတ် ၂၂ ရက်က ပြောကြားခဲ့သည်။
လက်နက်မှောင်ခို တင်သွင်းနေမှုကို အိန္ဒိယ-မြန်မာ နယ်စပ်လမ်းကြောင်းနှင့် ထိုင်း- မြန်မာ နယ်စပ်လမ်းကြောင်းတို့မှ ၀င်ရောက်လေ့ ရှိနေသည့်အပြင် ကမ္ဘောဒီးယား နိုင်ငံမှလည်း ၀င်ရောက်လေ့ ရှိကြောင်း သိရသည်။

ကရင်၊ မွန်ပြည်နယ်၊ မြစ်ဝကျွန်းပေါ် ဒေသနှင့် ပဲခူးတိုင်း ဒေသကြီးတို့၌ မြစ်ရေကြီးမှုများ ဆက်လက် ဖြစ်ပေါ်နေပြီး ဒေသခံအချို့ ကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့ရမှုများရှိနေ



8.1.1
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မော်လမြိုင်မြို့ မင်းလမ်း (ဒိုင်းဝန်းကွင်းလမ်းမ) ပေါ်တွင် သြဂုတ် ၂၂ ရက်က ရေကြီးရေလျှံမှု ဖြစ်ပွားစဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)
ကရင်၊ မွန်ပြည်နယ်၊ မြစ်ဝကျွန်းပေါ် ဒေသနှင့် ပဲခူးတိုင်း ဒေသကြီးတို့တွင် မြစ်ရေကြီးမှုများ ဆက်လက် ဖြစ်ပေါ်နေပြီး ကရင်ပြည်နယ် ဘားအံမြို့ရှိ ဒေသခံအချို့ ကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့နေထိုင်ရ မှုများလည်း ရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။

ကိုးလတာအတွင်း ကျပ် ၆ ဘီလျံ ကျော်တန်ဖိုးရှိ အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းဆီးရမိပြီး လေဆိပ်များ၊ ဆိပ်ကမ်းများကို Mobile Team ဗဟိုမှ ၀င်ရောက်စစ်ဆေးမည်


၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂၀၁၃ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ ကိုးလတာအတွင်း နယ်စပ်ကုန်သွယ်ရေး စခန်းအနီးတစ်ဝိုက် ရှောင်ကွင်းလမ်းများနှင့် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်း တစ်လျှောက်မှ အကောက်ခွန် အမှုတွဲပေါင်း ၁၈၀၅ မှု၊ တန်ဖိုးငွေကျပ် ၆ ဒသမ ၃ ဘီလျံခန့် တရားမ၀င် ကုန်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၂၀၁၄ တွင် သန်းခေါင်စာရင်းကောက်ရန် ဘင်္ဂါလီရွာများကို မြေပုံပြန်လည် ရေးဆွဲနေပြီ

ရခိုင်ပြည်နယ်မှ ဘင်္ဂါလီများ၏ လူဦးရေစာရင်း၊ ၎င်းတို့ လက်ရှိနေထိုင်နေသည့် တည်နေရာတို့ကို မှတ် တမ်းပြုလုပ်
နေမှုကို ရပ်ဆိုင်းထားခဲ့ရာမှ သြဂုတ် ၁၉ ရက်တွင် ဘင်္ဂါလီရွာများကို မြေပုံရေးဆွဲ မှတ်တမ်းတင်မှုကိုမူ ပြန်လည် လုပ်ဆောင်နေပြီဟု ပြည်နယ်အစိုးရ၏ သတင်းပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌဦးလှသိန်းက ပြောသည်။

သံတွဲရေလွှမ်းမိုးမှု လူလေးဦးသေဆုံးပြီး အပျက်အစီးများ ပိုများလာပြီ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်အတွင်းရှိ သံတွဲနှင့် တောင်ကုတ်မြို့နယ်များတွင် လွန်ခဲ့သော သုံးရက်ကစတင်၍
ရေလွှမ်းမိုးများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူလေးဦးသေဆုံးခဲ့ရပြီး အပျက်အစီးများလည်း တဖြည်းဖြည်း များပြားနေပြီဟု ဒေသခံများက ပြောသည်။

လာမည့်နှစ်တွင် ချင်းပြည်နယ် မြို့နယ်ခြောက်ခု ၂၄နာရီ လျှပ်စစ်မီးရမည်

၂၀၁၅ ခုနှစ်တွင် လျှပ်စစ်မီး အပြည့်အ၀မရသေးသည့် ချင်းပြည်နယ် မြို့နယ်ခြောက်ခု၌ လျှပ်စစ်မီး ၂၄ နာရီ ရတော့မည်ဟု ချင်းပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်ငြိမ်းက မဇ္ဈိမကို ပြောသည်။

ယင်းသို့ပေးနိုင်ရန် မဟာဓာတ်အားလိုင်းသွယ်တန်းခြင်းကို ယခုနှစ်အတွင်း ပြည်ထောင်စုအစိုးရမှ တာဝန်ယူပြီး
ဆော-ဂန့်ဂေါ်-ဟားခါး၊ ဟားခါး-ဖလန်း-သိုင်းငင်း၊ သိုင်းငင်း- ကလေး-ကလေးဝ၊ ပေါက်-မင်းတပ် တစ်လျှောက်တွင် သွယ်တန်းနေသည်။

တရုတ်တွင် လစာမရဘဲအလုပ်လုပ်နေရသော မြန်မာ ၃၈ ဦးကို ကယ်တင်

ရန်ကုန်- တပ်မမှူးတစ်ဦးနှင့် လွှတ်တော်အမတ်နှစ်ဦး အကူအညီဖြင့် တရုတ်နိုင်ငံတွင် လုပ်ခလစာမရရှိဘဲ အလုပ်လုပ်နေရသော မြန်မာနိုင်ငံသား ၃၈ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ပြန်ပေါင်းရန် ခေါ်မရ၍ဇနီးကို ဓားဖြင့်ထိုးသတ်

မင်းဘူး၊ သြဂုတ် ၂၁

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ ရွှေငါးလက်ဖက်ရည်ဆိုင်တွင် သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၈နာရီ ၄၅မိနစ်ခန့်က တစ်နှစ်ကျော်ခန့် ခွဲနေသည့်ဇနီးကို ပြန်ခေါ်မရ၍ ဓားဖြင့်ထိုးသတ်ခဲ့မှု ဖြစ်ပွား ခဲ့ကြောင်း ယင်းဒေသခံများနှင့် မြို့နယ်ရဲစခန်းထံမှ သိရသည်။

ပခုက္ကူမြို့မှာ လူဝင်လူထွက် ကြပ်မတ်စစ်ဆေး

မကွေးတိုင်း ပခုက္ကူမြို့ဘက်ကို ဖေါက်ခွဲရေး အကြမ်းဖက်သမားတစ်စု ဝင်လာနေတယ်ဆိုတဲ့ သတင်းတွေကြောင့် မြို့ဝင်မြို့ထွက်တွေမှာ ခရီးသွားတွေကို စစ်ဆေးနေသလို၊ မြို့တွင်းမှာလဲ ရှောင်တခင် စစ်ဆေးတာတွေ ရှိနေတယ်လို့ သတင်းရရှိပါတယ်။

လှည်းကူးမြို့နယ်၌ အမျိုးသမီး ငယ်တစ်ဦးအား အဓမ္မပြုကျင့်မှုဖြစ်ပွား

ရန်ကုန်    ဩဂုတ်   ၂၁

လှည်းကူး-ဖောင်ကြီးကားလမ်းပေါ်၌ အစ်ကိုဖြစ်သူ အား ထွက်ရှာသည့် အမျိုးသမီးငယ်တစ်ဦးအား အမည်မသိ အမျိုးသားတစ်ဦးက အသုတ်ဆိုင်ပေါ်သို့ဆွဲခေါ်၍ သားမယားအဖြစ်အဓမ္မပြုကျင့်ခဲ့မှုဖြစ်ပွားခဲ့ကြောင်းသိရ သည်။

လမ်းကြိတ်စက်ကြိတ်မိ၍ အမျိုးသမီးတစ်ဦးသေဆုံးမှု မုံရွာမြို့ ဗိုလ်ချုပ်လမ်းပေါ်တွင် ဖြစ်ပွား

မုံရွာ    ဩဂုတ်    ၂၁

ဩဂုတ် ၂၀ ရက်က မုံရွာမြို့ ပိတောက်ကုန်းရပ်နှင့်  အေးခိုရပ်အကြား ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ရွှေတောင်ကုမ္ပဏီမှ လမ်းခင်းခြင်းလုပ်ငန်းဆောင် ရွက်နေစဉ် လမ်းကြိတ်စက်ဖြင့် ရွှေတောင်ကုမ္ပဏီမှ လက်ထောက် အင်ဂျင်နီယာ အမျိုးသမီးတစ်ဦးအား ကြိတ်မိသေဆုံးသွားကြောင်းသိရသည်။

ကျောင်းသောက်ရေအိုးအတွင်း ဆေးခတ်မှုကို စုံစမ်းစစ်ဆေးနေ


ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် အင်ပင်တိုက်နယ် တောင်ပတ်လည်ကျေးရွာ မူလတန်း
ကျောင်းအတွင်း စာသင်ခန်း သောက်ရေအိုးအတွင်း ဆေးခတ်မှု သုံးကြိမ် ဖြစ်ပွားခဲ့သည်ဆိုမှုကို
သက်ဆိုင်ရာက ဆက်လက်စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Thursday, August 22, 2013

လှိုင်သာယာမြို့နယ်တွင် လိုင်စင်မဲ့ဆိုင်ကယ်များ ဖမ်းဆီးအရေးယူမှုကြောင့် ယာဉ်တိုက်မှုလျော့ကျဟု ဆို

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို အရှိန်မြှင့်ဖမ်းဆီး အရေးယူ မှုများ ပြုလုပ်လျက်ရှိရာ ယာဉ်တိုက်မှုများ လျော့ကျလာသည်ဟု လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူးက သြဂုတ် ၂၀ ရက်တွင် မဇ္ဈိမသို့ ပြောသည်။

အဆိုပါ မြို့နယ်အုပ်ချုပ်ရေးမှုးက "ရန်ကုန်တိုင်း စည်ပင်သာယာနယ်နိမိတ်အတွင်းမှာ ဆိုင်ကယ်စီးခွင့် ပေးမထား ပါဘူး။ လိုင်စင်မရှိတဲ့ ဆိုင်ကယ်တွေကို သိမ်းတယ်။ လိုင်စင်ရှိတဲ့ ဆိုင်ကယ်တွေကို ဖမ်းပြီး ၅၁ လမ်းရုံးမှာ ဒဏ်ငွေငါးသောင်း ပေးဆောင်ပြီး ပြန်ရွေးရတယ်။ ဒီလို ဆိုင်ကယ်တွေကို အရေးယူပေးတဲ့အတွက် ယာဉ်တိုက်မှု
တွေ သိသိသာသာ လျော့ကျသွားတယ်"ဟု ပြောသည်။

လှိုင်သာယာမြို့နယ်အတွင်းတွင် ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူများအပါအ၀င် ဆိုင်ကယ်စီးသူ အများအပြား ရှိနေပြီး ယင်းသို့ ဖမ်းဆီးမှုများကြောင့် ဆိုင်ကယ်ကယ်ရီသမားများ၏ မိသားစု စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်းလည်း လှိုင်သာယာဒေသခံများက ဆိုသည်။

လှိုင်သာယာနယ်ခံ ကုမ္ပဏီ ၀န်ထမ်းတစ်ဦးက "ဆိုင်ကယ်ဖမ်းရင် ငွေဒဏ် ဆောင်ရတာတို့၊ ဆိုင်ကယ် သိမ်းခံရတာ တို့ အရင်ကတည်းက ရှိတယ်။ အခု ဆိုင်ကယ်ဖမ်းရင် လူကို ထောင်ချလို့ရတယ်လို့ပါပြောတာတွေ ရှိလာတယ်။ အဲတော့ ဆိုင်ကယ်တွေ မစီးရဲကြတော့ဘူး"ဟု ဆိုသည်။

ဆိုင်ကယ် ကယ်ရီသမားများကို ဖမ်းဆီးသောနေရာတွင် ကယ်ရီသမားများသည် ခရီးသည်အပါဝင် သုံးယောက် တင်ခြင်း၊ ဆိုင်ကယ်စီးဦးထုပ် ဆောင်းမထားခြင်း အစရှိသော စည်းကမ်း ဖောက်ဖျက်မှုများကြောင့် ဖမ်းဆီးရခြင်း
ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။

၎င်းက "ကယ်ရီသမားတွေက စည်းကမ်းမရှိကြဘူး။ ဒါကြောင့်ဖမ်းတာ။ ထောင်ချလို့ ရတယ်ဆိုတာက လိုင်စင်မဲ့ ဆိုင်ကယ်ကို စီးတာဖြစ်တဲ့အတွက် ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ အရ ထောင်ဒဏ်ချမှတ်လို့ ရတယ်ဆိုတာကို
ပြောတာပါ။ လှိုင်သာယာမှာက ထန်းတစ်ပင်၊ ဒလ၊ တွံတေးနယ်ဘက်က ဆိုင်ကယ်တွေ နယ်ကျွံပြီး စီးနင်းတာတွေ ရှိနေတဲ့အတွက် လွန်ခဲ့တဲ့ သုံးလလောက်ကစပြီး အရှိန်မြှင့် အရေးယူနေ ရခြင်းဖြစ်တယ်"ဟု ဆိုသည်။

ရန်ကုန် စည်ပင်သာယာနယ်နိမိတ်အတွင်း တရားမ၀င် စီးနင်းနေသော ဆိုင်ကယ်များကို ပြီးခဲ့သည့် ဇူလိုင် လဆန်းပိုင်းက မြောက်ဥက္ကလာပမြို့နယ် ခြောက်ကွေ့ရပ်ကွက်တွင် ဖမ်းဆီးခဲ့ပြီး အငှားဆိုင်ကယ်များကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ လှိုင်သာယာတွင် ဖမ်းဆီးခြင်းအပြင် အခြားဆင်ခြေဖုံးရပ်ကွက် အချို့တွင်လည်း ဖမ်းဆီးမှုများ ရှိနေသည် ကို ယင်းရပ်ကွက်ရှိ ဒေသခံများက ဆိုသည်။