Saturday, May 25, 2013

ကျပ် ၁၅၀၀ တန်ဖုန်းကတ်များ ကျပ်ခြောက်သောင်းကျော်ထိ ပေါက်ဈေးရှိနေ

5.25.3

မေ ၂၄ ရက်တွင် ပုဇွန်တောင်မြို့နယ် ၃ ရပ်ကွက်၌ ၁၅၀၀ တန်ဖုန်းကတ်များ မဲဖောက်ပေးနေစဉ် (ဓာတ်ပုံ - မင်းသိန်းနိုင်)

ကျပ် ၁၅၀၀ တန်ဖုန်းကတ်များ ပြင်ပဈေးကွက်တွင် ကျပ်ခြောက်သောင်းကျော်ထိ ပေါက်ဈေးရှိနေပြီး ၀ယ်ယူရန် လိုက်လံစုံစမ်းသူ များပြားနေကြောင်း သိရသည်။

''CDMA 800 MHz ကတ်တွေက လက်ထဲမှာတော့ မရှိပါဘူး။ မဲပေါက်တဲ့ သူတွေဆီက လိုက်ဝယ်ဖို့ဆိုတာ မလွယ်ဘူးလေ။ လသာလမ်းက ဆိုင်တချို့မှာတော့ ရောင်းတယ်။ နယ်ကတ်ဆိုရင် ကျပ်ငါးသောင်းကျော် ပေါက်ဈေးရှိပြီး ရန်ကုန်ကတ် ဆိုရင်တော့ ကျပ်ခြောက်သောင်းကျော်လောက် ဈေးနှုန်းရှိပါတယ်'' ဟု ဖုန်းပွဲစား တစ်ဦးက ပြောပြသည်။

''ဆိုင်မှာတော့ မရောင်းပါဘူး။ ပေါက်ဈေးက ကျပ်သုံးသောင်း၊ ကျပ်လေးသောင်း၊ ကျပ်ခုနစ်သောင်း အမျိုးမျိုးပဲလို့ ကြားတယ်။ ဟန်းဆက်အနေနဲ့ကတော့ အရောင်းအေးပါတယ်။ အရင်တစ်ခေါက်တုန်းက မဲနှိုက်ပြီးတဲ့ အချိန်မှာ တစ်ရက်ကို အလုံးရေ ရာချီရောင်းရပေမယ့် ဒီတစ်ခေါက်မှာတော့ တစ်ရက်ကို အလုံးရေ ၅၀ ၀န်းကျင်လောက်ပဲ ရောင်းရတယ်'' ဟု BestOne မိုဘိုင်းဖုန်းဆိုင်မှ တာဝန်ရှိသူက ပြောသည်။

''အပြင်ဈေးကွက်ထဲ ကတ်က သိပ်ရောက်မလာပါဘူး။ ၀ယ်ချင်လို့ လာမေးတဲ့ သူတွေတော့ရှိတယ်။ ဟန်းဆက်က သိပ်မရောင်းရသေးဘူး။ မဲနှိုက်တဲ့ ရပ်ကွက်တွေ မစုံသေးလို့ ထင်တယ်။ ကျပ် ၁၅၀၀ တန်ဖုန်းမှာ ဟန်းဆက်ကောင်းကောင်း သုံးကြတဲ့သူတွေလည်း မနည်းပါဘူး။ လူငယ် လူလတ်ပိုင်းတွေက Touchscreen နဲ့ ဟန်းဆက်ကောင်းကောင်း သုံးကြတယ်'' ဟု Do CoMo ဖုန်းဆိုင်မှ တာဝန်ရှိသူက ဆိုသည်။

ယင်းဖုန်းကတ်များမှာ ပြင်ပဈေးကွက်တွင် ဆိုင်တိုင်း၌ မရနိုင်ဘဲ ဆိုင်အချို့သာ ရောင်းချခြင်းဖြစ်ပြီး လာရောက် ၀ယ်ယူကြသူများမှာ မဲမပေါက်သူများ၊ မဲနှိုက်ရန် အချိန်မပေးလိုသူများ ဖြစ်ကြောင်း သိရသည်။ ယင်းဖုန်းကတ်များကို ၀ယ်ယူလို၍ ပြင်ပဖုန်း အရောင်းဆိုင်များတွင် လိုက်လံစုံစမ်းမေးမြန်းသူ များပြားနေကြောင်းလည်း သိရသည်။

ကမ္ဘာ့အကြီးဆုံး အာမခံနှင့် လုပ်ငန်းစုံ လုပ်ကိုင်သော ကုမ္ပဏီတစ်ခုဖြစ်သည့် ACE Group မှ မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်မည်

ကမ္ဘာ့အကြီးဆုံး အာမခံနှင့် အိမ်ခြံမြေ အပါအ၀င် ပိုင်ဆိုင်မှု ပစ္စည်းဆိုင်ရာ လုပ်ငန်းစုံ လုပ်ကိုင်သည့် ဆွစ်ဇာလန် အခြေစိုက် ACE Group မှ မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံး လာရောက်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ACE Group ၏ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ရန်အတွက် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ခွင့်ပြုချက် ရရှိပြီးဖြစ်ကြောင်းနှင့် အဆိုပါ ကိုယ်စားလှယ်ရုံးကို ရန်ကုန်မြို့တွင် ယခုနှစ်နှောင်းပိုင်းတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

''ACE ရဲ့ ကမ္ဘာတစ်ဝန်းမှာ လုပ်ကိုင်ခဲ့တဲ့ လုပ်ငန်းအတွေ့အကြုံအရ မြန်မာနိုင်ငံရဲ့ အာမခံဈေးကွက်နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မှုတွေမှာ ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေအတွက် စွဲဆောင်နိုင်တဲ့ ဈေးကွက်တစ်ခု ဖြစ်ပါတယ်'' ဟု ACE ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Evan Greenberg က ပြောကြားခဲ့သည်။

ACE Group သည် ကမ္ဘာ့အကြီးဆုံး အာမခံလုပ်ငန်းများတွင် တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၅၃ နိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်နေကာ သြစတြေးလျ၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ မကာအို၊ မလေးရှား၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်ဝမ်၊ ထိုင်း၊ ဗီယက်နမ် အစရှိသည့် နိုင်ငံများတွင် ရုံးပေါင်း ၁၀၀ ကျော် ဖွင့်လှစ်ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းများကို ၁၉၆၅ ခုနှစ်နောက်ပိုင်းမှစ၍ အစိုးရကသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအစိုးရ လက်ထက် ၂၀၁၂ ခုနှစ် မေလတွင် ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းများကို အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ပြုရန် လျောက်လွှာများ ခေါ်ယူခဲ့ပြီး ၂၀၁၂ခုနှစ် စက်တင်ဘာလ အတွင်းတွင် အာမခံလုပ်ငန်းအား ပုဂ္ဂလိကလုပ်ငန်း ၁၂ ခုသို့ လုပ်ကိုင်ခွင့် ပေးခဲ့ခြင်း ဖြစ်ပါသည်။ ၁၉၆၃ ခုနှစ် တော်လှန်ရေးကောင်စီ လက်ထက်တွင် ပြည်သူပိုင်သိမ်းစဉ်က ပုဂ္ဂလိက နိုင်ငံခြား အာမခံကုမ္ပဏီပေါင်း ၇၀ ကျော် ရှိခဲ့ဖူးကြောင်း သိရသည်။

ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုသွားမည့် အာမခံ အမျိုးအစားများမှာ အသက်အာမခံနှင့် အထွေထွေ အာမခံများဖြစ်သည့် မီး၊ မော်တော်ယာဉ်၊ ငွေပို့ငွေသယ်၊ ငွေသားလုံခြုံမှုနှင့် သမာဓိအာမခံတို့ ဖြစ်သည်။

မြန်မာနိုင်ငံ အလယ်ပိုင်းသို့ မုတ်သုံလေ အ၀င်နောက်ကျပြီး မိုးဦးကာလ မိုးနည်းနိုင်သောကြောင့် တောင်သူများ သတိပြုရန်လို

အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ နှစ်စဉ် မေ ၁ ရက်မှ ၁၀ ရက်အတွင်း၊ မြစ်ဝကျွန်းပေါ်ဒေသသို့ မေ ၁၅ ရက်ဝန်းကျင်၊ အလယ်ပိုင်းဒေသသို့ မေလ ၂၀ ရက်ဝန်းကျင်၊ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသသို့ မေ ၂၅ ရက်ဝန်းကျင်တွင် နှစ်စဉ်ဝင်ရောက်သော ပုံမှန်အချိန် ဖြစ်သည်ဟု သိရှိရသည်။

ယခုနှစ် အနောက်တောင် မုတ်သုံလေ ၀င်ရောက်မှုသည် မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွင် ၁၀ ရက်ခန့်နှင့် မြစ်ဝကျွန်းပေါ်ဒေသတွင် ခုနစ်ရက်ခန့် နောက်ကျခဲ့သည်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသသို့ ၀င်ရောက်ရမည့် အချိန်တွင်လည်း ၀င်ရောက်ခြင်း မရှိသေးကြောင်း သိရသည်။

မုတ်သုံဝင်ရောက်သည် ဆိုသည်မှာ မိုးရေချိန် နှစ်မီလီမီတာဝန်းကျင်၊ သို့မဟုတ် နေ့စဉ်တူညီမှုရှိသော မိုးရေချိန်ဖြင့် ငါးရက်ဆက်တိုက် မိုးစတင် ရွာသွန်းခြင်းကို ခေါ်ဆိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသသည် အနောက်တောင် မုတ်သုံလေ ၀င်ရောက်ရန် အခြေအနေ မရှိသေးသည့်အပြင် မိုးဦးမိုး နည်းပါးမည့် သဘောကို တွေ့နေရကြောင်း Myanmar Climate Change Watch မှ ခန့်မှန်းထားသည်။


မိုးရွာသွန်းရက် ၁၄၄ ရက်ဝန်းကျင် ရရှိနေခဲ့ရာမှ ၁၉၉၇ ခုနှစ်တွင် ၁၀၃ ရက်အထိ ကျဆင်းခဲ့သည်။ ရာသီဥတု ဖောက်ပြန်သောကြောင့် အဓိက သက်ရောက်မှု ကြုံတွေ့ရသည့် နယ်ပယ်မှာ ကျန်းမာရေးနှင့်...

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့ ပါဝင်နေသည်။

အဆိုပါ ဒေသများတွင် လယ်ယာစိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြကာ ယခုနှစ်များအတွင်း မိုးနည်းပါးခြင်း၊ မိုးခေါင်ခြင်းတို့သည် တောင်သူများအပေါ် သက်ရောက်မှုများ ရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကလည်း အလယ်ပိုင်းဒေသတွင် မိုးနည်းပါးခဲ့သဖြင့် တောင်သူများသည် ပျိုးပင်များ ပျိုးအချိန်မီ မထောင်နိုင်သဖြင့် ပျိုးပုပ်ခြင်း စသည့်ဆုံးရှုံးမှုများကို ကြုံတွေ့ခဲ့ရသည်။

အနောက်တောင် မုတ်သုံလေ တစ်နိုင်ငံလုံးသို့ လွှမ်းခြုံဝင်ရောက်ပြီးသော ကာလဖြစ်သည့် ဇွန်လဆန်းသည် မိုးဦးရာသီဖြစ်ပြီး ယခုနှစ် မိုးဦးရာသီ၏ မိုးရွာသွန်းမှု အခြေအနေမှာ တနင်္သာရီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုမို၍ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲ မိုးရေချိန်အောက် လျော့နည်းနိုင်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ နှစ်စဉ်မုတ်သုံ ၀င်ရောက်မှုသည် ၁၉၇၇ ခုနှစ် နောက်ပိုင်းတွင် နောက်ကျလာခဲ့ပြီး မုတ်သုံဆုတ်ခွာမှုမှာမူ စောလာခဲ့သည်ဟု သိရသည်။ မိုးရွာသွန်းသည့် ကာလမှာလည်း တိုတောင်းလာခဲ့သည်။ မိုးရွာသွန်းရက် ၁၄၄ ရက်ဝန်းကျင် ရရှိနေခဲ့ရာမှ ၁၉၉၇ ခုနှစ်တွင် ၁၀၃ ရက်အထိ ကျဆင်းခဲ့သည်။ ရာသီဥတု ဖောက်ပြန်သောကြောင့် အဓိက သက်ရောက်မှု ကြုံတွေ့ရသည့် နယ်ပယ်မှာ ကျန်းမာရေးနှင့် စိုက်ပျိုးရေး နယ်ပယ်တို့ဖြစ်သည်။

မေ ၂၅ ရက် ခန့်မှန်းအပူချိန်

မြို့အမည်   အမြင့်ဆုံးအပူချိန် (ဒီဂရီစင်တီဂရိတ်) 
 မြင်းခြံ  ၃၇
 မန္တလေး 
 ၃၆
 မုံရွာ 
 ၃၆
 ပခုက္ကူ  ၃၅
 ပြည် 
 ၃၅
 နေပြည်တော်  ၃၄
 ပုသိမ် 
 ၃၃
 ရန်ကုန်  ၃၂
 ပဲခူး 
 ၃၂
 မော်လမြိုင် 
 ၃၁
 စစ်တွေ  ၃၁
 တောင်ကြီး 
 ၂၆

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး မြန်မာနိုင်ငံ သို့ရောက်ရှိ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးစွာတွေ့ဆုံမည်


5.25.15

မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်ဇနီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တည်းခိုမည့် ဟိုတယ်သို့ သွားရောက်ရန် ထွက်ခွာစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ဇနီးသည် မေ ၂၄ ရက်၊ ညနေ ၆ နာရီ ၄၅ မိနစ်တွင် အထူးလေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့သည်။ ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ဇနီးအား ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်နှင့်ဇနီး၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ကျော်၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေနှင့်ဇနီး၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်နှင့်ဇနီး၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးခင်မောင်တင့်နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် ဂျပန်ဝန်ကြီး ချုပ်ရှင်ဇိုအာဘေးသည် မေ ၂၄ ရက် ညပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည်။

ဂျပန်ဝန်ကြီးချုပ်သည် ယနေ့(မေ ၂၅ ရက်)တွင် အာဇာနည်ဗိမာန်၊ ဂျပန်သင်္ချိုင်းနှင့် သီလ၀ါဆိပ်ကမ်းများသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ဂျပန်ဝန်ကြီးချုပ်သည် ရန်ကုန်မြို့၊ Chatrium ဟိုတယ်တွင် တည်းခိုမည်ဖြစ်ပြီး ယနေ့နံနက် ၈ နာရီတွင် အာဇာနည်ဗိမာန်သို့ စတင်သွားရောက်မည်ဖြစ်သည်။

ထို့နောက် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ဟံသာဝတီအ၀ိုင်း အနီးရှိ ဓနသဟာယ စစ်သင်္ချိုင်းသို့ သွားရောက်ကာ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သည့် ဂျပန်စစ်သည်များအား သွားရောက်ဂုဏ်ပြုမည် ဖြစ်သည်။


တရားဝင် ဖွံ့ဖြိုးရေး အကူအညီ (အိုဒီအေ)မှတစ်ဆင့် မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးရေး ကူညီသွားမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လိုကြောင်း ကိုလည်း ရှင်ဇိုအာဘေးက မြန်မာနိုင်ငံသို့ မလာရောက်မီ ထုတ်ဖော် ပြောကြား...

ဆက်လက်၍ သန်လျင်မြို့နယ်ရှိ ဂျပန်နိုင်ငံမှ ပေးအပ်သည့် အတိုးနှုန်းနိမ့် နှစ်ရှည်ချေးငွေ (ODA) ဖြင့် တည်ဆောက်နေသော သီလ၀ါ စက်မှုဆိပ်ကမ်းသို့ သွားရောက်လေ့လာမည် ဖြစ်သည်။

ထို့နောက် ဆိပ်ကမ်းမှ အပြန်တွင် ဂျပန်ဝန်ကြီးချုပ်သည် သန်လျင်မြို့နယ်ရှိ မူလတန်းကျောင်း တစ်ကျောင်းသို့ ၀င်ရောက် လေ့လာမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဂျပန်ဝန်ကြီးချုပ်သည် ခရီးစဉ်အတွင်း ပထမဆုံး တွေ့ဆုံမှုအဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းတည်းခိုသည့် ဟိုတယ်၌ လက်ခံတွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည့်အပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင် ဦးဝင်းတင်က ''ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှင်ဇိုအာဘေး တွေ့ဆုံတာက သာမန်ပါပဲ။ သမိုင်းကြောင်းအရ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်လူမျိုးတွေနဲ့ နားလည်မှု ရှိနေပါတယ်။ ရှင်ဇိုအာဘေးဟာလည်း မြန်မာ့ဒီမိုကရေစီရေးကို တစိုက်မတ်မတ် ထောက်ခံခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် ဂျပန်သွားတုန်းကလည်း ပြောခဲ့တာ ရှိပါတယ်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို အကူအညီပေးဖို့။ အဲဒါကို အခုတွေ့ရင် ဆက်ပြီး တိုက်တွန်းနိုင်တာပေါ့။ နောက်ပြီး ကျွန်တော်ကြားနေတာက ဂျပန်ဘက်ကနေ ဒေါ်လာသန်းတစ်ထောင်လောက် အကူအညီ ပေးမယ်လို့ ကြားနေရတယ်။ ဒါကို ဘယ်သူကမှ မကန့်ကွက်ရင် ရှောရှောရှူရှူ ဖြစ်သွားမှာပဲ။ ဘာပဲဖြစ်ဖြစ် အကြွေးတွေ ဘာတွေ ကျေသွားမယ် ဆိုရင်လည်း ကောင်းတာပါပဲ။ နောက်ထပ်တစ်ခုက ပြည်သူလူထုလက်ထဲ၊ တိုင်းရင်းသားတွေ လက်ထဲကိုရောက်မယ့် အကူအညီတွေလည်း ပေးမယ်လို့ ပြောတယ်။ အဲဒါကလည်း ကောင်းပါတယ်။ ခေတ်အဆက်ဆက် အကူအညီတွေကို အစိုးရကိုပဲပေးတော့ ပြည်သူတွေလက်ထဲ မရောက်ခဲ့ဘူး။ အခု လို ပြည်သူတွေဆီကို အကူအညီတွေတိုက် ရိုက်ပေးမယ်ဆိုတာကို ကျွန်တော် သဘော ကျပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှင်ဇိုအာဘေး တွေ့ဆုံကြတာ ကောင်းပါတယ်'' ဟု ပြောကြားသည်။

5.25.18

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအား ဂျပန်လွှတ်တော်အတွင်း မေ၂၀ ရက်က တွေ့ရစဉ်

ဂျပန်ဝန်ကြီးချုပ်၏ ခရီးစဉ်သည် သုံးရက်ကြာမြင့်မည် ဖြစ်ကာ ရန်ကုန်မြို့၌ နှစ်ညသာ နေထိုင်မည်ဖြစ်ပြီး မေ ၂၆ ရက်တွင် နေပြည်တော်သို့ ထွက်ခွာမည်ဖြစ်ကာ သမ္မတ ဦးသိန်းစိန်နှင့်လည်း တွေ့ဆုံသွားရန် ရှိနေသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၌ ဖော်ဆောင်နေသော နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ထွန်းရေးကို ဂျပန်နိုင်ငံက ကူညီသွားမည့် အကြောင်းတို့ကို အဓိကထား ဆွေးနွေးသွားဖွယ် ရှိနေသည်။

ဂျပန်ဝန်ကြီးချုပ်နှင့်အတူ ဂျပန်စီးပွားရေး လုပ်ငန်းရှင် အများအပြားလည်း လိုက်ပါလာမည်ဖြစ်ပြီး သီလ၀ါ အထူးစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်များ ရေးထိုးရန်ရှိကြောင်း သိရသည်။

ထို့ပြင်ရှင်ဇိုအာဘေးသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူနည်းစု ဒေသများတွင် ကျောင်းများ ဆောက်လုပ်ပေးခြင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် နည်းပညာ အကူအညီပေးခြင်း စသည့် အစီအစဉ်များကိုလည်း ခရီးစဉ်အတွင်း ကြေညာဖွယ်ရှိသည်ဟု သိရသည်။

တရားဝင် ဖွံ့ဖြိုးရေး အကူအညီ (အိုဒီအေ)မှတစ်ဆင့် မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးရေး ကူညီသွားမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လိုကြောင်း ကိုလည်း ရှင်ဇိုအာဘေးက မြန်မာနိုင်ငံသို့ မလာရောက်မီ ထုတ်ဖော် ပြောကြားထားသည်။

သုံးရက်ကြာမြင့်မည့် ဂျပန်ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မှုသည် နှစ်ပေါင်း ၃၆ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ၁၉၇၇ ခုနှစ်တွင် ဂျပန်ဝန်ကြီးချုပ် တာကီယိုဖုကုဒသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးသည်။

ပထမဆုံး ပြည်တွင်း၌ ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ KIO မှကြိုရောက်

မြစ်ကြီးနား (မဇ္ဈိမ)။    ။ ပထမဆုံးကြိမ် ပြည်တွင်း၌ ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကြိုတင်ပြင်ဆင်မှု အတွက် (KIO) မှ တိုက်ပွဲကာလ ၂ နှစ်ပြည့်ရန် ရက်ပိုင်းအလို မေလ ၂၄  ရက် ညနေပိုင်းတွင် မြစ်ကြီးနား
မြို့သို့ ကြိုတင်ရောက်ရှိခဲ့သည်။

Government-Peace-in-KIO-1-ss
ကချင်ပြည်နယ်၊ မြစ်ကြီးနား မနောကွင်းရှိ မဂျွယ်ခန်းမဆောင်တွင် ၂၀၁၃ ခုနှစ်၊ မေလ ၂၈ မှ စ၍
ဆွေးနွေးပွဲစတင်မည်ဖြစ်ကြောင်း Peace Talk Creation Group ( PCG ) မှ အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာ က ပြောသည်။

၎င်းက "ယုံကြည်မှု တည်ဆောက်နိုင်ရန် မျှော်မှန်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ယုံကြည်မှု မရတဲ့အတွက် ယခုချိန်ထိ တိုက်ပွဲတွေ ဖြစ်နေတာ၊ ဆွေးနွေးပွဲလဲ ဆယ်ကြိမ်မက လုပ်လာခဲ့တယ်။ ဒါပေမဲ့လည်း ပြည်ပမှာပဲ လုပ်ရတယ်" ဟု ဆိုသည်။

ဆွေးနွေးပွဲ တက်ရောက်ရန် ကချင်လွတ်လပ်ရေး အဖွဲ့အစည်းမှ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂွမ် ဦးဆောင်ကာ စစ်ဘက်မှာ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဆွမ်လွတ်ဂွမ်မော် တို့သည် မေလ ၂၇ ရက်နေ့တွင် လိုင်ဇာမြို့မှ ထွက်ခွာလာမည် ဖြစ်သည်။

ကျန်းမာရေး၊ လုံခြုံရေး၊ ရုံးပိုင်းဆိုင်ရာ စီမံကိန်းများ ဆောင်ရွက်မည့် သူများအပါအဝင် ၄၈ ဦး ပါဝင်မည်ဖြစ်ပြီး အဆိုပါ ကိုယ်စားလှယ်ဖွဲ့ကို UN အဖွဲ့မှ ကိုယ်စားလှယ် Mrs. Maria အပါအ၀င် PCG အဖွဲ့တို့မှ သွားရောက်ကြို မည် ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါဆွေးနွေးပွဲသည် အနည်းဆုံး ၂ ရက် ခန့်မှန်းထားကာ လေ့လာသူအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် UN၊ တရုတ် ကိုယ်စားလှယ်များ တက်ရောက်မည်ဟု သတင်းရရှိသည်။
ဆွေးနွေးပွဲ ပြင်ပလုံခြုံရေးအား ဒေသခံလူငယ်အယောက် ၃၀ ခန့်နှင့် ကချင်ပြည်နယ် ရဲတပ်ဖွဲ့တို့မှ တာဝန်ယူမည်ဖြစ်သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးနှင့် အတူယှဉ်တွဲ၍ ပေါ်ပေါက်လာသော ပြည်တွင်းစစ်သည် နိုင်ငံ၏ ဖွံဖြိုးမှုကို
နှောင့်နှေးစေသည်သာမက တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲမှုနှင့် ရင်ဆိုင်နေရသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအများစု၏ မျှော်လင့်ချက်သည် ဖက်ဒရယ်စနစ်ရရှိရန် ဖြစ်သည်။

လူဦးရေစာရင်း ကောက်စဉ် ရုန်းရင်းဆန်ခတ်ဖြစ်မှုဖြင့် ဖမ်းထားသူ ၇ ဦးကို တရားစွဲတင်

စစ်တွေ(မဇ္ဈိမ)။   ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် လွန်ခဲ့သည့် ဧပြီလအတွင်းက "ဆွဲ၊ တင်၊ စစ်" လူဦးရေ စာရင်း ကောက်ခံရာမှ ရုန်းရင်းဆန်ခတ်မှု ဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီး ထိန်းသိမ်းထားသူ ၇ ဦးအား မေလ ၂၃ ရက်နေ့၌ စစ်တွေ ခရိုင်တရားရုံးတွင် တရားစွဲတင်လိုက်ပြီး ဖြစ်ကြောင်း အမှုကို လိုက်ပါဆောင်ရွက်သူ တရားရုံးချုပ် ရှေ့နေ  ဦးလှမျိုးမြင့် က မဇ္ဈိမကို ပြောကြားသည်။

အမှုမှာ ပြည်နယ်အစိုးရ၏ စီစဉ်မှုဖြင့် ဧပြီလ ၂၆ ရက်နေ့က စစ်တွေမြို့၊ သက္ကေပြင်ကျေးရွာ၌ လူဦးရေ စာရင်း ကောက်ယူနေစဉ် ရိုဟင်ဂျာ အမည်ခံလိုသူများနှင့် စာရင်းကောက် အဖွဲ့တို့ကြား ရုန်းရင်းဆန်ခတ်
ဖြစ်ခဲ့ရာ စစ်ဘက်နှင့် အရပ်ဘက်မှ လူ ၃ ဦး ထက်မနည်း ဒဏ်ရာ ပြင်းစွာ ရရှိခဲ့အပြီး ယင်းနေ့မှာပင် သံသယရှိသူ ၇ ဦးကို စစ်တွေ အမှတ်(၁) ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းကာ (ပ)နံပါတ် ၉၉/၂၀၁၃ ဖြင့် အမှုဖွင့်လျက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

"ညနေ ၃နာရီခွဲမှာ ကျနော့်အမှုသည် ၇ ဦးကို စစ်တွေ ခရိုင် တရားရုံး၊ ခရိုင်တရားသူကြီး ဒေါ်အေးသိန်း ဆီမှာ ၂၀၁၃ ခုနှစ်၊ ပြစ်မှုကြီးအမှတ်-၃၆နဲ့ ရဲက တရားစွဲတင်ပါတယ်။ အားလုံးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၁၄၊ ၁၄၈၊ ၃၃၂၊ ၃၃၃၊ ၃၉၅၊ ၅၀၆ ပုဒ်မ ၆ ခုနဲ့ စွဲချက်တင်ပါတယ်။ တရားလိုက လဝက ဦးစီးမှူး ဦးရန်အောင်မြင့် ဖြစ်တယ်။ လိုပြသက်သေ ၁၈ ဦး ပါပြီးတော့လာမယ့် ဇွန်လ ၆ ရက်နေ့မှာ ဒုတိယအကြိမ် ရုံးချိန်းရှိတယ်။ အမှုသည် ၇ ဦးလုံး ကျန်းကျန်း မာမာပါပဲ" ဟု အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားရုံးချုပ် ရှေ့နေကြီး ဦးလှမျိုးမြင့် က ဆိုသည်။

ရဲစွဲတင်သည့် ပြစ်မှုများမှာ လူစုလူဝေးဖြင့် ရုန်းရင်းဆန်ခတ် ပြုလုပ်မှု၊ ပြည်သူ့ဝန်ထမ်းများကို ထိခိုက် နာကျင်စေမှု၊ ဝတ္တရား နှောင့်ယှက်မှုနှင့် အုပ်စုဖွဲ့ လုယက်မှု(ဓါးမြမှု) တို့ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

စွပ်စွဲခံရသူ အားလုံးမှာ သက္ကေပြင်ရွာမှ ဖြစ်ကြပြီး မဆော်လေမာ (၃၅ နှစ်)(ဘ) နုမာလကိန်း၊ မာမောက်ဟာရှိန်း (၂၅ နှစ်) (ဘ)ဟိမိတ်ဟူလောင်း၊ ရှောဘီရာမန် (ခ) ဦးကျော်ခင် (၄၀ နှစ်) (ဘ) ရော်ရှိတာမောက်၊ ဆာလေအာမတ် (ခ) ဦးစံလင်း (၅၃ နှစ်) (ဘ)ဇော်လာအာမတ်၊ မာမောက်ချော်ဘီ (ခ) ဦးကျော်မြင့် (၅၈ နှစ်) (ဘ)ဆုလ်တန်အာမတ်၊ အာလီအာမတ် (ခ) ဦးဘသာ (၆၁ နှစ်) (ဘ) အဒူဂေါ်ဖူးလ်၊ ဆီဆု (ခ) ကိုလှမြင့် (၂၈ နှစ်) (ဘ) ဦးကျော်မြင့် တို့ ဖြစ်သည်။

ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူ နောက်ထပ်ရွာသား ၂၄ ဦးကိုလည်း တရားခံပြေးများ အဖြစ် ပြစ်မှု ဆိုင်ရာ အထွေထွေအမှုများဖြင့် အမှုဖွင့်ထားလျက်ရှိပြီး အဆိုပါ တရားခံပြေးအမှုများကို ကနဦး စစ်ဆေး၍ ယခု ၇ ဦး၏ အမှုများကို ဆက်လက် စစ်ဆေးပြီးမှသာလျင် "စွဲချက်တင်မည်" ဟု ရှေ့နေက ဆက်ရှင်းသည်။

"ရဲစွဲချက်မှာ ဥပဒေကြောင်းအရ ချွတ်ယွင်းချက်တချို့ ပါရှိနေပြီး ရဲစစ်ချက်အရ တရားစွဲတင်ပြီး နောက်ပိုင်းမှာ တရားရုံး လုပ်ထုံးလုပ်နည်းနှင့်အညီ အမှုကို ရင်ဆိုင်သွားမှာပါ" ဟုလည်း ၎င်းက မှတ်ချက် ပေးသည်။

ထိုအမှုနှင့်ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့ သတင်းပြန်ကြားရေး အတွင်းရေးမှူး ဦးဝင်းမြိုင် အား
မေးမြန်းရာတွင် အမှုကို ကိုင်တွယ်ဆောင်ရွက်ရန်မှာ သက်ဆိုင်ရာ တရားရုံး၏ တာဝန်သာဖြစ်၍ ၎င်းတို့ အနေဖြင့် ဤအမှုနှင့်ပတ်သက်၍ ဘာမျှ မပြောလိုကြောင်းနှင့် "ဆွဲ၊ တင်၊ စစ်" (မြေပုံဆွဲ၊ မှတ်တမ်းတင်၊ စစ်ဆေး) လူဦးရေစာရင်း ကောက်ယူမှုကိုလည်း ဧပြီလ ၂၆ ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ ရပ်နားထားရကြောင်း မေလ ၂၂ ရက်နေ့ညနေက မဇ္ဈိမနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ယခုအမှုအပေါ် ရှေ့နေကြီး ဦးလှမျိုးမြင့် ကလည်း "ကျနော် ဒေါ်အောင်ဆန်းစုကြည် အမှုကို လိုက်တုန်းက ကျနော့် အမျိုးသမီး အလုပ်ဖြုတ်ခံခဲ့ရတယ်။ ကျနော် နိုင်ငံခြားသွားမယ် လုပ်တော့လည်း ပတ်စပို့ ထုတ်မပေးဘူး။ ဒေါ်စု အမှုတုန်းကတောင် ဒီလောက် မစိုးရိမ်ခဲ့ဘူး၊  ခံနိုင်ရည်ရှိခဲ့တယ်။ ဒီအမှုက အရမ်း အန္တရာယ်များတယ်လို့ ခံစားရတယ်။ ဒါပေမယ့် ကျနော် ဥပဒေနဲ့အညီ ဘောင်အတွင်းက ဆက်လက် လုပ်ဆောင်သွားမှာပါ" ဟု သူ၏ စိုးရိမ်မှုကို ထုတ်ဖော်သွားခဲ့သည်။

အထိန်းသိမ်းခံရသူတို့၏ မိသားစုဝင်များနှင့် တွေ့ဆုံမေးမြန်းရန် စစ်တွေရောက် ၎င်းတို့၏ ရှေ့နေမှတဆင့် မဇ္ဈိမက ကြိုးစားခဲ့သော်လည်း ပြန်လည်မဖြေကြားလိုကြောင်း တုန့်ပြန်ခဲ့ကြသည်။

တရားရုံးချုပ်ရှေ့နေ ဦးလှမျိုးမြင့်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ဖြစ်သလို အလုပ်သမားရေးရာ ဥပဒေ အကြံပေးအဖွဲ့ဝင်တဦးလည်း ဖြစ်သည်။

အခွင့်အလမ်းနှင့်လစာတိုးရမည်ဆိုပါက လိင်လုပ်သားဘ၀ကို စွန့်လွှတ်လို

မြန်မာနိုင်ငံမှ အမျိုးသမီးအချို့သည် လိင်အလုပ်သမများအဖြစ် အသက်မွေးဝမ်းကြောင်းလုပ်ငန်းမှ ကင်းလွတ် စေရန် အလုပ်အကိုင်အခွင့်အလမ်းများပေးခြင်းနှင့် တာဝန်ရှိသူများမှပံ့ပိုးပေးရန်အတွက် နေရာ၊ဌာနများ ပြု လုပ်ပေးရန်လည်း လိုအပ်လျက်ရှိသည်ဟု မြန်မာနိုင်ငံ အမျိုးသမီးစွမ်းဆောင်ရှင်အသင်း အကြံပေး ဒေါ်နုနုရီက ဆိုသည်။

 

"အမျိုးသမီးတွေအနေနဲ့လခစားအလုပ်နဲ့ မလုံလောက်ဘူး။ဒါကြောင့် အစိုးရလည်း ဖြစ်ချင်ဖြစ်မယ်၊ လူမှုအဖွဲ့ အစည်းတွေ ၊ အင်န်ဂျီအိုတွေကနေ အသေးစားငွေထုတ်ချေးပေးပြီးတော့ ငွေရင်းငွေနှီးတင်မကပဲ နည်းပညာပိုင်းပါ ပံ့ပိုးပေးသင့်တယ်"ဟု မြန်မာနိုင်ငံ အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း အကြံပေး ဒေါ်နုနုရီက ပြောသည်။

 

လိင်လုပ်သားအဖြစ်လုပ်ကိုင်ရင်းအသက်မွေးဝမ်းကြောင်းပြုလုပ်သည့် အမျိုးသမီးအများစုမှာ နယ်မြို့များမှ ဒေသခံများဖြစ်ပြီး အဆိုပါအလုပ်လုပ်ကိုင်ရခြင်းမှာ လခစားလုပ်ငန်းထက် ငွေကြေးပိုမိုရရှိခြင်းကြောင့် ဖြစ်သည်ဟု ဧရာဝတီတိုင်းဒေသကြီးနေ အသက် (၂၂)နှစ်အရွယ် လိင်လုပ်သားတစ်ဦးဖြစ်သူ အမျိုးသမီး တစ်ဦးက ဆိုသည်။

 

 "စတိုးဆိုင်မှာလုပ်တော့ တစ်လကို လစာ လေးသောင်း ၊ ငါးသောင်း အဲ့ဒါမျိုးပဲရတယ်။ နယ်မှာမိသားစုက (၆) ယောက် ရှိတယ် ။သူတို့ကို ပြန်မထောက်ပံ့နိုင်ဘူး ၊ အဲ့ဒီအချိန်မှာ အဖေဆုံးသွားတော့ မိသားစုကို ထောက်ပံ့ နိုင်ဖို့ ငွေအရေးတကြီး လိုအပ်လာတဲ့အတွက် ဒီလိုလိင်လုပ်သားဘ၀ ကိုရောက်လာတာပါ"ဟု မိသားစုစားဝတ် နေရေးအခက်အခဲကြောင့် လိင်လုပ်သားဘ၀သို့ ရောက်ရှိခဲ့သူတစ်ဦးက ပြောသည်။

 

နယ်မြို့များတွင် အလုပ်အကိုင်အခွင့်အလမ်းရှားပါးပြီး ရရှိသည့် လစာများသည် မိသားစုအတွက် အဆင်မပြေ   ခြင်းကြောင့်သာ   လိင်လုပ်သားအဖြစ် လုပ်ကိုင်နေရသော်လည်း လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေ အရ အလုပ်အကိုင်အခွင့်အလမ်းများ ၊ လစာများကို တိုးချဲ့ချထားပေးမည်ဆိုပါက လိင်လုပ်သားဘ၀ကို စွှန့် လွှတ်လိုကြောင်း ၄င်းက ဆက်ပြောသည်။

 

 "ကိုယ့်အတွက် အာမခံချက်ရှိမယ်ဆိုရင် ရုန်းထွက်ချင်ကြတယ်။ အဓိကက နေရေးထိုင်ရေးက အရေးအကြီး ဆုံးပဲ။ ဒါပေမယ့် နေရေးထိုင်ရေးအဆင်ပြေပြန်တော့ စားဖို့ဝတ်ဖို့ ပူရပြန်ရော။ အဲ့ဒါတွေအဆင်ပြေမယ့် အလုပ်တွေရှိလာရင် ဒီအလုပ်ကနေ ရုန်းထွက်ချင်တယ်"ဟု မ၀ါဝါ(အမည်လွှဲ) ကပြောသည်။

 

သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်း များချထားပေးရာ၌ ၀န်ထမ်းများအပေါ် အလုပ်အကိုင်တည်မြဲရေးအတွက် ဘ၀အာမခံချက်ပေးရန် နှင့် လုပ်ခလစာကို ထိုက်တန်စွာပေးရန်တို့ လိုအပ်သည်ဟု တိုင်ရီဖိနပ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း ဥက္ကဌဖြစ်သူ ဒေါ်မိုးဝေက အကြံပြု ပြောကြားသည်။

 

"အလုပ်သမားတွေအတွက်က အလုပ်အကိုင်အခွင့်အလမ်းနည်းပါတယ် ၊ နောက်တစ်ချက်က သူတို့ရဲ့ အလုပ်အကိုင်တည်မြဲမှု အပေါ်မှာ အာမခံချက်ကို အစိုးရပိုင်းကလဲ မပေးနိုင်ဘူး၊ ဘယ်သူကမှ မပေးနိုင် သေးတဲ့အတွက် အလုပ်ရှင်တွေက အလုပ်သမားတွေကို အလွယ်တကူအလုပ်ထုတ်လို့ ရတယ်၊ အလုပ် ထုတ်ခံရလို့ နောက်အလုပ်သစ်တစ်ခုကို အလွယ်တကူပြောင်းဖို့အခွင့်အရေးမရှိတဲ့အခါ ၊ အဆင်မပြေတဲ့ အချိန်တွေမှာ  လိင်လုပ်သားအဖြစ် ပြောင်းလဲရပ်တည်မှုတွေရှိနေတယ်"ဟုအခြေခံအလုပ်သမား အဖွဲ့အစည်း ဥက္ကဌဒေါ်မိုးဝေက ပြောသည်။

 

Sex Worker in Myanmar Network သည် အဖွဲ့ဝင်များနှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံတွင် လိင်လုပ်သား ဘ၀ဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်နေသူ ဦးရေအရေအတွက်ကို တိကျစွာသိရှိနိုင်ရန် အချက်အလက်များ ကောက်ယူနေပြီဖြစ်သည်။

 

မြန်မာနိုင်ငံတွင် လိင်လုပ်သား ငါးဦးလျှင် တစ်ဦးနှုန်းဖြင့် HIV ရောဂါကူးဆက်ခံနေရပြီး ၂၀၀၈ ခုနှစ်တွင် ARTဆေး ရယူလျက်ရှိသည့် လိင်လုပ်သားဦးရေ ၆၀,၀၀၀ ကျော်ရှိသည်ဟု အင်တာနက်စာမျက်နှာအချို့၌ ဖော်ပြသည့် သတင်းများအရ သိရသည်။


ပတ်ဝန်းကျင်အရေး၌ အိုင်ကျူမြင့်သူများလိုအပ်နေ

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို UN က သတ်မှတ်ထားခဲ့သည်။ ဇွန်လ(၅)ရက်နေ့မှာ ကမ္ဘာ့ပတ်ဝန်းကျင် နေ့ World Environment Day ဖြစ်သည်။ ထိုနေ့ကျရောက်တိုင်း ကမ္ဘာသူကမ္ဘာသားများက ဂုဏ်ပြုကြိုဆိုလေ့ ရှိ၏။

 

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာစီမံချက်များကို မိမိတို့နိုင်ငံ၏ အခြေအနေပေါ်လိုက်ကာ ချမှတ်လေ့ရှိသည်။ ပတ်ဝန်းကျင်အတွက် ပထမဆုံးပြုပြင်ပြောင်းလဲရေးမှာ စီးပွားရေးဆိုင်ရာပြုပြင်ပြောင်းလဲရေး Economic reform ဖြစ်သည်။ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများဆောင်ရွက်ရာတွင်  စီးပွားရေး ကုန်ထုတ်လုပ်ငန်း အားလုံးပတ်ဝန်းကျင်ညစ်ညမ်းမှုလျော့ချရေးနှင့် သယံဇာတ ချွေတာရေးကို ဦးတည်ကာ ဆောင်ရွက်ရေးဖြစ်စဉ် ဖြစ်သည်။

 

ဒုတိယအနေဖြင့် ပြုပြင်ပြောင်းလဲရမည်မှာ Ecological reform ဂေဟဆိုင်ရာ ပြုပြင်ပြောင်းလဲရေးဖြစ်ပါသည်။ လေထု၊ မြေထု၊ ရေထုတွင်း ညစ်ညမ်းမှုမရှိစေရန် ပြုပြင်ခြင်းနှင့် သစ်တောသစ်ပင်များ ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့ရေး စီမံမှုများ ပါဝင်စေရမည်ဖြစ်ပါ၏။

 

တတိယတစ်ချက်မှာ Ethical reform ကိုယ်ကျင့်တရားဆိုင်ရာ ပြုပြင်ပြောင်းလဲမှုဖြစ်သည်။ ထိုကဲ့သို့ပြုပြင် ပြောင်းလဲမှုများကို Intelligence Quotient, (IQ) မြင့်သူများက စွမ်းဆောင်နိုင်သည်။ လူတစ်ဦးချင်းစီး၏  ဘ၀တစ်လျှောက်နှစ်ကာလအလိုက်ထူးခြားဖြစ်စဉ် သက်တမ်းနှင့် စမ်းသပ်ပြီး ဥာဏ်သက်တို့ကို အချိုးချထား သည့် ကိန်းဖြစ်၏။ လူ့ပတ်ဝန်းကျင်ကို နည်းမျိုးစုံသုံးစွဲလျှက် အသိပညာပေးနိုင်စွမ်းရှိခြင်း ဖြစ်သည်။ အိုင်ကျူမြင့်မားလာစေရန် ပြည်သူများကို ပြုစုပျိုးထောင်ပေးရမည်ဖြစ်၏။

 

အနာဂတ်ပတ်ဝန်းကျင်သစ်ကို သန့်ရှင်းစေအောင်စွမ်းဆောင်နိုင်သူများမှ ယနေ့လူများဖြစ်သည်။ ယနေ့ လူများက How to do နှင့် What to do ကို စဉ်းစားချင့်ချိန်နိုင်ပါမှ အနာဂတ်လူတို့မှာ ပတ်ဝန်းကျင်ကို ကြီးကြပ် စီမံခန့်ခွဲခွင့်ရနိုင်ပေလိမ့်မည်။ ရာသီဥတုပြောင်းလဲခြင်းက တစ်နေ့တစ်ခြားသိသာ ထင်ရှားလာနေ၏။ အမေရိကန်ဒုတိယသမ္မတဟောင်း ALGore က ကမ္ဘာကြီးပူနွေးမှုကြောင့်  EL Nino  များဝင်လာရသည်ဟု ဆိုခဲ့၏။ EL Nino ဆိုသည်မှာ ပစိဖိတ်သမုဒ္ဒရာတွင်းမှ ရေအေးစီးကြောင်းအစား ရေနွေးစီးကြောင်း ၀င်ရောက်ခြင်းဖြစ်သည်။

 

ထိုအခါ အရှေ့ဘက် ကုန်သည်လေတို့အားပျော့လာရာမှ အနောက်ဘက်တွင် ပြင်းထန်စွာတိုက်ခတ်လာပြီး အင်ဒိုနီးရှားမှ ပူနွေးသောရေစီးကြောင်းတို့က ပီရူးဒေသသို့ ရွှေ့လျားလာကြသည်။ ထိုအခါ ရေအေး စီးကြောင်းတို့ ဆက်မစီးနိုင်ကြတော့ပဲ ရေနေသက်ရှိများသေဆုံးသွားခဲ့ကြရသည်။ ထိုရေနေမျှောလှေးများ သေဆုံးမှုကြောင့်  သမုဒ္ဒရာတွင်း အစာကွင်းဆက်ပြက်သွားရသည်။ ထို့ပြင် လေထုထဲသို့ ကာဗွန်ဒိုင် အောက်ဆိုက်များစွာကို ထုတ်လွှတ်ပေးပြန်တော့သည်။ ရေနေသစ်ပင်များ သေဆုံးခြင်းက ကြီးမားလှစွာသော ဆိုးကျိုးကို ဖြစ်ထွန်းစေခြင်းသာဖြစ်ပါ၏။

 

EL Nino မှာ (၇)နှစ်အတွင်းမှာ ၃ကြိမ်လာနိုင်၏။  EL Nino လာပါက  ရာသီဥတု လွန်ကဲလာစေသည်။ ကမ္ဘာ့နေရာဒေသအတော်များများတွင်  မိုးသည်းထန်စွာရွာသွန်းခြငိး၊ ရေလွှမ်းမိုးခြင်းတို့ဖြစ်ပေါ်စေသည်။

 

တစ်ချို့ရပ်ဝှမ်းတွင် မိုးခေါင်၍ ရေရှားစေသည်။ တစ်ချို့နေရာများတွင် အင်အားကြီးသော  မုန်တိုင်းများ မွှေစေခဲ့ပြန်သည်။ လေမုန်တိုင်းတို့က  မြစ်ဝကျွန်းပေါ်ဒေသများကို ဆားငန်ရေနှင့် ဖုံးလွှမ်းစေသည်။ ပတ်ဝန်းကျင် ဘေးအန္တရာယ်ကြောင့် အိုးအိမ်မဲ့ဖြစ်ခဲ့ရသော ဒုက္ခသည်ဦးရေတိုးပွားလာစေသည်။ ကန္တာရများ ဖြစ်ထွန်း လာစေသည်။ မိုးခေါင်ရေရှားမှုကြောင့် ငတ်မွတ်ခေါင်းပါးခြင်း တာရှည်လာ၏။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံချက်များ အလျင်မမှီချင်တော့။

 

အစိုးရများ  ခေါင်းစားခဲ့ကြရသည်။ ထို့ပြင်အပူပိုင်းဒေသများတွင် ရောဂါမျိုးစုံတို့ဖြစ်ပေါ်စေသည်။ ပျံ့နှံ့ ကူးစက်စေခဲ့ပြန်သည်။ ၀မ်းရောဂါ၊ အူရောင်ငန်းဖျားရောဂါ၊ ငှက်ဖျားရောဂါ တို့ကို စဉ်ဆက်မပြတ်ပြန့်ပွား စေသည်ဟု ဆိုရမည်သာ။

 

အိုဇုန်းလွှာပါးလာခြင်းနှင့် ဖန်လုံအာနိသင်ဓာတ်ငွေ့များကို ထိန်းချုပ်ခြင်းမပြုနိုင်ပါက ကမ္ဘာကြီး၏ ပူနွေးမှုကို ကြီး ထွားစေနိုင်သည်။ အိုင်ကျူမြင့်မားလာသော နိုင်ငံသားများက နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နိုင် ပေလိမ့်မည်။ ကျွန်မတို့နိုင်ငံတွင် စီးပွားဖြစ်လွယ်သော သဘာဝပတ်ဝန်းကျင် ကျန်ရှိနေပါသေးသည်။

 

ထို့ကြောင့် အိုင်ကျူမြင့်သော လူများနှင့် အဖိုးတန်သယံဇာတများကို  ထိန်းကွတ်ပြုပြင်နိုင်ခွင့် ရှိပါသေးသည်။

 

အိုင်ကျူအမှတ် ၁၀၅ ရရှိထားသော တောင်ကိုရီးယားနိုင်ငံသားတို့သည် ပတ်ဝန်းကျင်ပညာပေး ဇာတ်လမ်းများ ရိုက်ကူး၍ စီးပွားဘက်နိုင်ငံများသို့ ဖြန့်ချီလျှက်ရှိသည်။ ပညာမြင့်၍ လူမျိုးမြင့်ကာ လူမျိုးမြင့်မှ ကမ္ဘာကြီးက မြင့်မားလာမည်ကို ကြိုတင်တွေးထားသည်ဟု ဆိုရမည်ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံတွင် ဘ၀ အတွေ့ အကြုံ မြင့်မားသော စွမ်းအားပြည့် ဦးနှောက်ကို ပိုင်ဆိုင်ထားသည့် သက်ကြီးရွယ်အိုများကို လူသား အကျိုးပြုလုပ်ငန်းများ၌ သီးခြားတာဝန်များပေးထားကြောင်း သိရှိရသည်။

 

ကိုရီးယားကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် နိုးနိုးကြားကြား ပါဝင်ခွင့်ရစေရန် စီစဉ်ပေးခွင့် ရရှိခြင်းက ပတ်ဝန်းကျင်မှ အပူကို အထိုက်အလျှောက် သက်သာစေခဲ့သည် ဟု ပညာရှင်တို့က ဆိုခဲ့သည်။ ယခုအခါတွင် ပါတီအသီးသီးမှ  တိုင်းပြည်ကို အလုပ်အကြွေးပြုရန် စီစဉ်ဆောင်ရွက်ခဲ့ကြရာမှာ …. နိုင်ငံ့ တာဝန်အဆင့်ဆင့်ကို လွှဲပြောင်းတာဝန်ယူကြမည့် ပါတီစုံမှ နိုင်ငံရေးသမားအင်အားစုတို့တွင် ၎င်းတာဝန်ယူ နိုင်မည့် လုပ်ငန်းအတွက် လုံလောက်သော ပညာဥာဏ်ဗဟုသုတ အကြားအမြင်နှင့် နားလည်တတ်ကျွမ်းမှုကို ဦးစားပေးရွေးချယ်တတ်ရန်လည်း လိုပေးသည်။ အဖွဲ့ပေါင်းစုံဖွဲ့သော်လည်း အလုပ်မဖြစ်လျှင် အချည်းနှီးပင်။

 

ထို့ကြောင့် တိုင်းပြည်၏ အနာဂတ်ပတ်ဝန်းကျင်ပြင်ဆင်မှုလုပ်ငန်းများတွင် အိုင်ကျူမြင့်သော ပညာရှင်များ ပါဝင်ရန် လိုအပ်ပါ၏။ ဖွံ့ဖြိုးပြီး ဒီမိုကရေစီနိုင်ငံများမှာလို လူမှန်နေရာမှန် ရွေးချယ်ရန် လို၏။ ကိုယ်ပြောလျှင် ခေါင်းငြိမ့်မည့်သူကိုသာ ရွေးချယ်မိပါက နိုင်ငံဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်မှုနှင့် ဝေးသထက် ဝေးရမည်သာ  ကိုယ့်လူကိုယ်သာတင်ပြီး ကိုယ်ကိုတိုင်၏ အိုင်ကျူက မြင့်မားမှုနှင့် အလှမ်းဝေးပါက အနာဂတ် နိုင်ငံ၏ အရေးက ရင်လေးစရာပင်ဖြစ်ပေသည်။ ထို့ကြောင့် နိုင်ငံရေးနယ်ပယ်မှာ အိုင်ကျူမြင့်မားသူများကို ရွေးချယ် တာဝန်ပေးခြင်းဖြင့် မြန်မာ့ပတ်ဝန်းကျင် အရေးကို ကိုယ်တွယ်ဖြေရှင်းခွင့် ရနိုင်ကြောင်း သတင်းကောင်းပါးခွင့်ရမည်ဆိုလျှင် ………….. မြန်မာတို့၏ ဇွန်လ (၅)ရက်နေ့ များစွာမှာ သာယာစိုပြေလာ ပါလိမ့်မည်ဟု…………။

 


အမြန်လမ်းမပေါ်၌ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းသောယာဉ် အစီး(၈၀၀)ကျော်ရှိနေ

ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်၌ သတ်မှတ်မိုင်နှုန်းထက်ပိုမိုမောင်းနှင်သောယာဉ်ဖမ်းဆီးရမှု အရေအတွက်နှစ်လအတွင်း (၈၀၀)ကျော်ရှိပြီး အများစုမှာ အိမ်စီးကားများဖြစ်ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ သိရသည်။

 

"အများစုကတော့ ဇိမ်ခံကားတွေများတယ်၊ ဘတ်စ်ကားတွေနည်းနည်းပဲပါတယ် ဒါတောင်ကျွန်တော်တို့ နေ့တိုင်း မဖမ်းဘူး၊ ညဘက်တွေ မဖမ်းဘူး" ဟု အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ ဒုရဲအုပ်စိုးဝင်းကပြောသည်။

 

သတ်မှတ်မိုင်နှုန်းထက်ပိုမိုမောင်းနှင်သော ယာဉ်များအား ဧပြီ (၁)ရက်နေ့မှ စတင်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခဲ့သည့် အကြိမ်မှာ (၂၇)ကြိမ်ရှိပြီဖြစ်ကြောင်း ဦးစိုးဝင်းထံက သိရသည်။ 

 

သတ်မှတ်မိုင်နှုန်းထက်ပိုမိုမောင်းနှင့်သော ယာဉ်များကို မောင်းနှင့်သူများမှာ အများအားဖြင့် အသက်သုံးဆယ် ကျော် အရွယ်ရှိ ယောက်ျားလေးများဖြစ်ကြောင်း ဦးစိုးဝင်းက ဆက်ပြောသည်။

 

သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များအား ယာဉ်စည်းကမ်းဥပဒေအရ ဒဏ်ငွေ ကျပ်(၃၀၀၀၀)မှ

ကျပ် (၅၀၀၀၀)ထိ ဒဏ်ရိုက်နိုင်ကြောင်းကိုလည်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ ရဲမှူးထံကသိရသည်။

 

အမြန်လမ်းမကြီးရဲတပ်ဖွဲ့အနေဖြင့် သတ်မှတ်မိုင်နှုန်းထက်ပိုမိုမောင်းနှင် သောယာဉ်များကို ပညာပေးကာလ အဖြစ် ဖေဖော်ဝါရီလမှ မတ်လကုန်အထိ ပြုလုပ်ခဲ့သည်ဟု သိရသည်။

 

အမြန်လမ်းမကြီးမှာ ကွန်ကရစ်လမ်းဖြစ်သောကြောင့် သဲများလမ်းပေါ်ရောက်လျှင် စလစ်ဖြစ်တက်သဖြင့် ကားကီလိုမီတာအား မကြာခဏပြန်ကြည့်သင့်ကြောင်း ခရီးသွားတစ်ဦးက ဆိုသည်။

 

"အရင်လမ်းအဟောင်းနဲ့ အခုလမ်းနဲ့ဆိုရင် အရင်လမ်းအဟောင်းက ဘေးမှာသစ်ပင်တွေဘာတွေရှိတော့

ကိုယ်မောင်းနေတာ ဘယ်အရှိန်လည်းဆိုတာ မှန်းလို့ရတယ်၊ အခု လမ်းသစ်ကျတော့ ဘေးမှာဘာမှမရှိဘူး

အောက်ငုံ့ကြည့်လိုက်တော့မှာ (၁၂၀) (၁၃၀) တွေဖြစ်နေတယ်၊ ပြီးတော့ လမ်းသစ်က အကွေ့တွေများတယ်

ကိုယ်က မောင်းနေတာမမြန်ဘူးထင်ပေမဲ့ အကွေ့တွေမှာ ကွေ့လိုက်ရင် ကားကလူးသွားတယ်၊ ပြီးတော့

သဲတွေတင်နေတော့ပိုဆိုးတယ်၊ အမြန်လမ်းမကြီးမှာ ကားမောင်းနေရင်းနဲ့ ကိုယ့်ကားရဲ့ ကီလိုမီတာကို မကြာခဏ ပြန်ကြည့်သင့်တယ်။" ဟု အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောသည်။

 

အမြန်လမ်းမကြီးပေါ်တွင် သတ်မှတ်ထားသောမိုင်နှုန်းများမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ထားခြင်းဖြစ်ပြီး အချို့နေရာတွင် တစ်နာရီလျှင် ကီလိုမီတာ (၁၀၀)နှုန်း အချို့နေရာတွင် တနာရီလျှင် ကီလိုမီတာ (၆၀)နှုန်း အသီးသီး  သတ်မှတ်ပေးထားသည်။

 

ရန်ကုန်-အမြန်လမ်းမကြီးပေါ်၌ မေ(၂၀)ရက်၊ ၂၀၁၂ ခုနှစ်မှ မတ်(၁၁)ရက်၊ ၂၀၁၃ ခုနှစ်ထိ ယာဉ်တိမ်းမှောက်မှု(၁၄၁) ကြိမ်နှင့် သေဆုံးသူ (၆၉) ဦးထိရှိခဲ့ပြီး၊ ထိခိုက်သူ (၃၀၄)ဦးရှိခဲ့သည်။တိမ်းမှောက်မှုများမှာ ယာဉ်အားအရှိန်ပြင်းစွာမောင်းနှင်မှု၊ ယာဉ်မောင်းသူအိပ်ငိုက်မှု၊ မူးယစ်သောက်စားမောင်းနှင်မှုနှင့် ယာဉ်ချွတ်ယွင်းမှုတို့ဖြစ်ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့၏ကြေငြာချက်အရသိရသည်။

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အရှိန်တိုင်းကိရိယာ(Redflex Traffic System-Myanmar Mobile TrafficRader System) အား ဆောက်လုပ်ရေးဝန်ကြီးဌာမှဝယ်ယူထားခြင်းဖြစ်ပြီး ထိုစက်နှစ်လုံးကို သြစတေးလျနှင့်မလေးရှားတို့မှ တင်သွင်းလာခြင်းဖြစ်ကြောင်းသိရသည်။


Friday, May 24, 2013

အမျိုးသမီးတဦးအားခေါ်ယူစစ်ဆေးစဉ် မဖွယ်မရာပြုမှုကြောင့် အမ်းရဲစခန်းမှူး တရားစွဲခံရ


အမျိုးသမီးငယ်တစ်ဦးအား ခေါ်ယူစစ်ဆေးစဉ် မဖွယ်မရာ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲချက်ဖြင့် အမျိုးသမီး မိသားစုမှ အမ်းမြို့နယ်မှ ရဲစခန်းမှူး တစ်ဦးအား တရားစွဲဆိုလိုက်သည်ဟု သတင်း ရရှိသည်။
တရားစွဲခံရသော စခန်းမှူးမှာ အမ်းမြို့နယ် ရူးရဲစခန်းမှ စခန်းမှူး ဖြစ်သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။
မေလ ၁၂ ရက်နေ့က အမ်းမြို့နယ် ရူးရွာနေ ဦးမှဲ့ထွန်းအောင်၏ သမီး မခင်မာဝင်းအား ရူးရဲစခန်းမှ ရဲတပ်သား မောင်ဘခင်မှ အရပ်ဝတ်ဖြင့် ရဲစခန်းမှူးက ခေါ်နေသည်ဆိုပြီး ရဲစခန်းသို့ ခေါ်ယူသွားသည်ဟု ဆိုသည်။

ကုန်ဈေးနှုန်း ကျဆင်းရေး လှုပ်ရှားသူ ကိုထင်ကျော် ထပ်မံ ဖမ်းဆီးခံရ


မေ ၉ ရက်က ရန်ကုန်မြို့တွင်း တကိုယ်တော် ဆန္ဒပြနေသော ကိုထင်ကျော် (ဓာတ်ပုံ – ဧရာဝတီ)
ရန်ကုန်တိုင်း ဒေသကြီး မြောက် ဥက္ကလာပ မြို့နယ် တရားရုံးရှေ့၌ ယနေ့ ဆန္ဒပြနေသော ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ဒီမိုကရေစီ အရေး အဆက်မပြတ် လှုပ်ရှားမှုများအဖွဲ့(MDCF) မှ ကိုထင်ကျော် အပါအ၀င် ၃ ဦးကို အင်းစိန်ထောင်သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီ ဖြစ်ကြောင်း သိရသည်။

ကချင် ဒုက္ခသည် ကလေးများ ကျောင်းဆက်တက်ရန် ခက်ခဲနေ


ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်စပ် နမ့်ခမ်းမြို့နယ်ရှိ ကချင်စစ်ဘေးရှောင် နေ၀န်းနီ ပလောင်ဒုက္ခသည်စခန်းမှ ကလေးငယ်များသည် စာမေးပွဲအောင်သော်လည်း အတန်းတက်ရန် အခက်အခဲရှိနေကြောင်း သတင်းရရှိသည်။
ဒုက္ခသည်စခန်းတွင် ကျောင်းနေအရွယ်ကလေး ၃၄ ယောက်ရှိပြီး နမ့်ခမ်းမြို့နယ်ရှိ ကျောင်းများ၌ ၂၀၁၂-၂၀၁၃ စာသင်နှစ် တ၀က် တက်ရောက်၍ စာမေးပွဲ ဖြေဆိုခဲ့ကြသူများ ဖြစ်သည်။
ထိုကလေးများသည် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် နောက်အတန်း တတန်း တက်ရောက်ရန် စာမေးပွဲ အောင်မြင်သော် လည်း ကျောင်းပြောင်း လက်မှတ် မပါရှိသောကြောင့် ကျောင်းမှလက်မခံသေးကြောင်း ပလောင် အမျိုးသမီး အစည်းအရုံးမှ ဒေါ်လွင်မိုခမ်း က ပြောပြသည်။

မြန်မာအပေါ် ပိတ်ဆို့မှု ဆက်ထားဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်း

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ ဆက်လက် စောင့်ကြည့်ရဦးမယ့် အခြေအနေဖြစ်တာမို့၊ ခုချိန်မှာ အမေရိကန်ရဲ့ ဒဏ်ခတ်မှုတွေ အပြီးပိုင် မရုပ်သိမ်းသင့်သေးဘူးလို့ မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေသူတွေက ပြောပါတယ်။ မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖယ်ရှားရေး ထောက်ခံသွားမယ်လို့ အမေရိကန် ထိပ်တန်း လွှတ်တော်အမတ်တစ်ဦးက ပြောဆိုလိုက်တဲ့အပေါ်မှာ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ပြောဆိုနေကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေး က တင်ပြထားပါတယ်။
 

မြန်မာနိုင်ငံက စိတ်ကြွဆေးပြား ၄ သန်းခွဲ ဘန်ကောက်မှာဖမ်းမိ

ဓာတုပစ္စည်းတွေနဲ့ ဖော်စပ်ထားတဲ့ မူးယစ်ဆေးဝါးတွေဟာ မြန်မာပြည်မှာ ထုတ်လုပ်တာဖြစ်လို့ ထိုင်းနိုင်ငံထဲ ၀င်ရောက်မလာအောင် ကာကွယ်တဲ့အနေနဲ့ ထိုင်းနဲ့ မြန်မာ ဂိတ်တွေကို တင်းတင်းကျပ်ကျပ် စိစစ်ရမယ်လို့ ထိုင်းဒုဝန်ကြီးချုပ်က ပြောသွားပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ပမာဏအများဆုံး Methamphetamine စိတ်ကြွဆေးပြားတွေ ဖမ်းဆီးခဲ့ပြီးတဲ့နောက် ဒုဝန်ကြီးချုပ်က အခုလို ပြောသွားခဲ့တာပါ။ အေပီသတင်းကို အခြေခံပြီး အသေးစိတ်ကိုတော့ မအေးသန္တာကျော် က တင်ပြထားပါတယ်။

ရှားပါးမျိုးနွယ်ဝင် ဧရာဝတီလင်းပိုင် သုံးကောင်ပေါက်ဖွားမှု မိုးဦးကာလ သားပေါက်ရာသီတွင် ပထမဆုံး တွေ့ရှိ


5.24.15
ဧရာဝတီမြစ်ကြောင်းတွင် သွားလာနေသော လင်းပိုင်သားပေါက်တစ်ကောင်နှင့် မိခင်အား တွေ့ရစဉ်။ (ဓာတ်ပုံ -ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးအဖွဲ့)            
ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း၌ မေလဆန်းပိုင်းက သားပေါက်ကောင်ရေ သုံးကောင် ပေါက်ဖွားခဲ့ကြောင်း သိရပြီး မိုးဦးကျကာလ သားပေါက်ရာသီတွင် ပထမဆုံးအကြိမ် တွေ့ရှိမှတ်တမ်းတင် နိုင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။