Monday, March 11, 2013
အစိုးရနှင့်ကချင်လွတ်မြောက်ရေးအဖွဲ့တို့ ဆွေးနွေးမှု
အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းဦးဆောင်သောအဖွဲ့တွင် ကချင်ပြည်နယ်စစ်ဆင်ရေးဆိုင်ရာစစ်ဆင်ရေးအထူးအဖွဲ့ ၁ မှူး ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးအပါအ၀င် စစ်ဘက်ဆိုင်ရာအကြီးအကဲများ ပါဝင်လာပြီး ကေအိုင်အိုဘက်မှ တပ်ပိုင်းဆိုင်ရာ ထိပ်တန်းတာဝန်ရှိသည့် ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်နှင့် တပ်ပိုင်းဆိုင်ရာ အကြီးအကဲများလည်းတက်ရောက်သဖြင့် ယခုဆွေးနွေးပွဲတွင် တပ်နှင့်ပတ်သက်သည့် ကိစ္စများ ဆွေးနွေးသွားနိုင်လိမ့်မည်ဟု နှစ်ဘက်လုံးက သုံးသပ်ပြောကြားသည်။
7Day News Journal
အစိုးရနှင့်ကချင်လွတ်မြောက်ရေးအဖွဲ့တို့ ဆွေးနွေးမှု ဓာတ်ပုံများ
![]() |
| ဆွေးနွေးပွဲသို့တက်ရောက်လာသော ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး။ ဓာတ်ပုံ- အေးမြကျော် - 7Day News Journal |
![]() |
| ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးနှင့် ကေအိုင်အို ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်တို့ကို အစည်းအဝေး မရမီ တွေ့ရစဉ်။ ဓာတ်ပုံ- အေးမြကျော်7Day News Journal |
![]() |
| ဆွေးနွေးပွဲသို့တက်ရောက်လာသော ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်နှင့်အဖွဲ့။ ဓာတ်ပုံ- အေးမြကျော် 7Day News Journal |
![]() |
| ဆွေးနွေးပွဲမစတင်မီ ၀န်ကြီးဦးအောင်မင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် ဗိုလ်ချုပ်ဂွန်မော်(နောက်ကျောပေးထားသူ) တို့ကို တွေ့ရစဉ်။ ဓာတ်ပုံ- အေးမြကျော် - 7Day News Journal |
မြန်မာ့ ရေငန်ပုစွန်များကို အမေရိကန် စတင်ဝယ်ယူပြီ
မြန်မာ့ ရေထွက်ကုန်များထဲမှ ရေငန်ပုစွန်များကို စတင်ဝယ်ယူပြီဖြစ်သည်။
"မြန်မာ့ ရေငန်ပုစွန်ကို အမေရိကန်ကုမ္ပဏီတွေအနေနဲ့ စတင်ဝယ်ယူနေပါပြီ။ ဒါကြောင့် အိုရှင်းဟားဗက် မြန်မာ ကုမ္ပဏီနဲ့ ရွှေယမုံ ကုမ္ပဏီတို့ကနေ တင်ပို့နေပါပြီ" ဟု ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးထွန်းအေး က ပြောသည်။
ရွှေယမုံကုမ္ပဏီမှ တာဝန်ရှိသူ တဦးက ရှင်းပြရာတွင် "ကုမ္ပဏီအနေနဲ့ ရေငန်ပုစွန် တန် ၃၀၀ ဆက်တိုက်ပို့ဖို့ ရှိပါတယ်။ မတ်လ ၃ ရက်က ရေငန်ပုစွန် ၂၅ တန် တင်ပို့ပြီးပါပြီ။ ဂျပန်နိုင်ငံ အခြေစိုက် ဟီဂါရှီမာရူး အင်တာနေရှင်နယ် ကုမ္ပဏီကနေ ချိတ်ပြီး တင်ပို့တာပါ" ဟု ရွှေယမုံကုမ္ပဏီမှ တာဝန်ရှိသူ တဦးက ဆိုသည်။
ဂျပန်ကုမ္ပဏီ ဟီဂါရှီမာရူးသို့ တင်ပို့ကာ ထိုမှတဆင့် ထိုင်းနိုင်ငံတွင် တန်ဖိုးမြှင့်ကုန် ထုတ်လုပ်ပြီး အမေရိကန်သို့ တင်ပို့မည် ဖြစ်သည်။
ရေငန်ပုစွန်များကို ဂျပန်၊ တရုတ်၊ ဟောင်ကောင် စသည့် နိုင်ငံများကလည်း ဝယ်ယူနေကြသည်။
မြန်မာနိုင်ငံတွင် ရေငန်ပုစွန်ကို ပင်လယ်ပြင်မှသာ ဖမ်းဆီးရောင်းချခဲ့ပြီး ၁၉၉၈ ခုနှစ်ရောက်မှ ရေငန်ပုစွန်
မွေးမြူခြင်းကို စတင်လုပ်ကိုင်ခဲ့သည်။
"ရေငန်ပုစွန် ၁ တန် ပေါက်ဈေးက အကောင်သေးရင် အမေရိကန်ဒေါ်လာ ၁၀,၀၀၀-၁၅,၀၀၀ လောက် ရနေတယ်။ အကောင်ကြီးရင် ၁ တန်ကို အမေရိကန်ဒေါ်လာ ၃၀,၀၀၀ လောက် ရနေပါတယ်" ဟု ပုစွန်လုပ်ငန်းရှင်များအသင်း -ဥက္ကဋ္ဌ ဦးနှင်းဦး က ပြောသည်။
ရွှေယမုံကုမ္ပဏီမှာ ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်တွင် ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံ နှစ်ရုံ၊ ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်တွင် စက်ရုံ တရုံနှင့် ပုသိမ်မြို့တွင် ရေခဲစက်ရုံ တရုံဖြင့် ရေထွက်ကုန်များကို ထုတ်လုပ်လျက်ရှိသည်။
ထိုကုမ္ပဏီက ရေထွက်ကုန်များကို ပြည်ပသို့ တင်ပို့ရာတွင် ဂျပန်ဈေးကွက်သို့ အဓိက တင်ပို့နေပြီး ၂၀၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်ဖိုး တင်ပို့ရောင်းချနိုင်ခဲ့ပြီး ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ သန်း ၃၀ ဖိုးခန့် တင်ပို့ ရောင်းချနိုင်မည်ဟု ဆိုသည်။
KIO နဲ့ အပစ်ရပ်နိုင်ဖို့ မြန်မာအာဏာပိုင်တွေ မျှော်လင့်
ဒေါ်ခင်စိုးဝင်းခင်ဗျ၊ KIO နဲ့ မြန်မာအာဏာပိုင်တွေ အခု ရွှေလီမြို့မှာ တွေ့ကြတယ်။ တွေ့ကြတဲ့ အခါမှာ မနေ့ကတော့ အလွတ်သဘော တွေ့ဆုံတယ်လို့သိရပါတယ်ခင်ဗျ။ ဘာတွေများ ထူးထူးခြားခြား တွေ့ရပါလဲခင်ဗျ၊ ဒီတွေ့ဆုံပွဲမှာ။
"သူတို့ ဒီလိုမျိုးတွေ့တဲ့အခါမှာ မြန်မာဘက်ကလည်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ကိုတော့ ၀န်ကြီး ဦးအောင်မင်းရယ်၊ မွေးမြူရေးဝန်ကြီး ဦးအုန်းမြင့်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်တို့က ဦးဆောင်ပါတယ်။ အဲဒီအထဲမှာ ထူးခြားတဲ့အချက်ကတော့ လက်တွေ့နယ်ပယ်မှာ တိုက်ပွဲတွေဖြစ်နေတယ်ဆိုတဲ့ နေရာတွေမှာ ကိုယ်တိုင် တာဝန်ရှိတဲ့သူတွေ ပါလာတာ တွေ့ရပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး ပါလာတာတွေ့ရပါတယ်။ အရှေ့မြောက်တိုင်းက တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုး၊ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်၊ ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဦးသန်းအောင်၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဦးစီးမှူး ဗိုလ်မှူးကြီး ကျော်စိုးဝင်း စတဲ့ စစ်ဘက်အကြီးအကဲတွေ ပါလာတာ တွေ့ရပါတယ်။ အဲဒီလိုပဲ KIO ကိုယ်စားလှယ်ဘက်ကလည်း ဆရာကြီး ဦးစွန်လွတ်ဂံ က ဦးဆောင်တယ်လို့ဆိုပေမဲ့ အတူတွဲပြီးပါလာတဲ့ စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေကတော့ ဗိုလ်ချုပ်ဂွမ်မော်၊ ဗိုလ်မှူးကြီး ဇော်ရော်၊ ဗိုလ်မှူးကြီး လထိုင်န၊ ဗိုလ်မှူးကြီး ခွန်နောင် ပါလာတာတွေ့ရပါတယ်။ အဲဒီတော့ ဒီတခေါက်ကတော့ ထူးခြားတယ်လို့ ပြောလို့ရတာက စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်တွေ ကိုယ်တိုင် တက်တက်ကြွကြွ ပါဝင်လာတာတွေ့ရပါတယ်။"
အခုက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်တုန်းကလည်း တကြိမ် ရွှေလီမှာ တွေ့ခဲ့ကြပြီးတော့ အခု ထပ်တွေ့ကြတယ်ဆိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်တုန်းက ဆွေးနွေးခဲ့တာတွေနဲ့ပတ်သက်လို့ ထူးထူးခြားခြားတွေ ဖြစ်မလာတဲ့အပေါ်မှာ အားမလိုအားမရသံတွေလည်း ကျနော်တို့ ကြားရပါတယ်ခင်ဗျ။ အခုဆွေးနွေးပွဲ ရလဒ် အလားအလာနဲ့ပတ်သက်လို့ရော ဒေါ်ခင်စိုးဝင်း ဘယ်လိုများ သုံးသပ်မိပါလဲ။
"မနေ့ကတုန်းက ကျမ ၀န်ကြီး ဦးအုန်းမြင့်နဲ့ တွေ့ဆုံမေးမြန်းခွင့်ရပါတယ်။ ၀န်ကြီးဦးအုန်းမြင့်ကတော့ ဒီနေ့ဆွေးနွေးပွဲကနေ ငြိမ်းချမ်းရေးလုံးဝရဖို့တော့ မပြောပေမဲ့ အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူညီမှုရလိမ့်မယ်လို့ အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူညီမှုရလိမ့်မယ်လို့ သူ မျှော်လင့်တယ်လို့ ပြောပါတယ်။ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဘက်က ပြောတာကတော့ အမေးရှိပြီး အဖြေမရှိ ဖြစ်မှာစိုးတယ်လို့ စိုးရိမ်နေတာလည်း ရှိပါတယ်။ နောက် UNFC ကပြောတာက ကျတော့လည်း KNU လို အရင်တုန်းက အထီးကျန်လို ပစ်ထားခဲ့ပြီးတော့ အခု KIO အထီးကျန်ဖြစ်တာကို သူတို့မလိုလားဘူး။ အဲဒီတော့ မြန်မာအစိုးရဘက်ကနေပြီးတော့ စေတနာမှန်မှန် သဘောထားကြီးကြီးနဲ့ ဆောင်ရွက်ပါဆိုပြီး တိုက်တွန်းချင်တယ်လို့ မနေ့ကတော့ UNFC ကိုယ်စားလှယ်တွေက ပြောပါတယ်။"
UNFC ကိုယ်စားလှယ်တွေ တက်တယ်ဆိုတော့ UNFC က ဘယ် တိုင်းရင်းသား ကိုယ်စားလှယ်တွေ တက်ကြသလဲခင်ဗျ။
"အဲဒီ UNFC ကိုယ်စားလှယ်တွေ တက်တယ်ဆိုတဲ့အခြေအနေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တုန်းက တွေ့ခဲ့တဲ့ ပူးတွဲကြေညာချက်ထဲမှာ ပါတဲ့ အချက်တချက်ပေါ့နော်။ အဲဒါကို အကောင်အထည်ဖော်တဲ့သဘောပါ။ ပြီးခဲ့တဲ့ကြေညာချက်ထဲမှာက နှစ်ဘက် ဆက်သွယ်ရေးလမ်းကြောင်း ထားရှိဖို့ရယ်၊ နှစ်ဘက်စစ်ရေးတင်းမာမှုတွေ လျှော့ချနိုင် ဖို့ရယ်၊ နောက်တကြိမ် အစည်းအဝေး ဆွေးနွေးပွဲမှာ လေ့လာသူတွေအဖြစ်နဲ့ သက်သေအဖြစ် ပါဝင်နိုင်မယ့်သူတွေကို အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ဖို့ သူတို့ ဆွေးနွေးခဲ့ကြတယ်ပေါ့နော်။ ဒါကို သဘောတူခဲ့လို့မိုလို့ ဒီတခေါက်မှာ KIO ကနေပြီးတော့ UNFC အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကိုပါ ဖိတ်တာပါ။ အဲဒီမှာ UWSA ပေါ့နော်၊ ၀အဖွဲ့ကို ဖိတ်ထားပေမဲ့ ၀အဖွဲ့ကလာတာ မနေ့က မတွေ့ရပါဘူး။"
အဲဒါက သူတို့ဘာကြောင့်မလာနိုင်လဲလို့ သိရပါလဲ။
"ဒီမှာကတော့ ကောလာဟလတွေလည်း တော်တော်လေး ပျံ့နေပါတယ်။ ၀အဖွဲ့မလာရတာက မြန်မာအစိုးရက လက်မခံလို့ တရုတ်အိမ်ရှင်ဘက်ကလည်း ၀ကို မလာနဲ့တော့ဆိုပြီး ပြောတယ်ဆိုတဲ့ ကောလာဟလတွေ ရှိပါတယ်။ ကျမလည်း သေချာအောင်ဆိုပြီးတော့ အတည်ပြုချက် ရယူချင်တာနဲ့ မနေ့က UWSA က ပြောရေးဆိုခွင့်ရှိတဲ့ ဦးအောင်မြင့်ကို ကျမ တယ်လီဖုန်းဆက်ပြီး မေးလိုက်ပါတယ်။ ဦးအောင်မြင့်ကတော့ ငြင်းလည်းမငြင်းဘူး။ ဒါပေမဲ့ သူက အချက်နှစ်ချက်ကြောင့် မလာတာပါလို့ ကျမကို ရှင်းပြပါတယ်။ တချက်ကတော့ မပြေလည်မှုလေး တခု ရှိလို့ပါတဲ့။ နောက်တချက်ကတော့ စနေ၊ တနင်္ဂနွေနဲ့ ကြုံသွားတဲ့အတွက်ကြောင့်မိုလို့ သူတို့ တရားဝင်လာခွင့် စာရွက်စာတမ်းတွေလုပ်ဖို့ အခက်အခဲရှိလို့ ဖြစ်တယ်လို့ ဦးအောင်မြင့်ကတော့ ကျမကို ရှင်းပြပါတယ်။"
အခု ဆွေးနွေးပွဲ နောက်ပိုင်း KIO နဲ့ မြန်မာအာဏာပိုင်တွေ ဆွေးနွေးပွဲမှာ အဓိက တရုတ်နိုင်ငံဘက်က တရုတ်အာဏာပိုင်တွေက ကမကထလုပ်ပေးတယ်လို့ ကြားရပါတယ်။ အခု ဆွေးနွေးပွဲမှာရော တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိပါလဲ။
"တရုတ်ဘက်ကနေပြီးတော့ ဟိုတလောကပဲ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဆိုပြီးတော့ မစ္စတာ ဝေါင်း ဆိုတဲ့ ၀ါရင့်သံတမန်တယောက်ကို ခန့်လိုက်ပါတယ်။ အဲဒီ မစ္စတာ ဝေါင်း က ဒီနေ့ကျင်းပမယ့်ဆွေးနွေးပွဲကို သူကိုယ်တိုင်လာပြီးတော့ တက်မှာပါ။ မစ္စတာ ဝေါင်းက အရင်တုန်းက တရုတ်နိုင်ငံရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း လည်း ဖြစ်ပါ တယ်။ နောက်ပြီးတော့ အာဆီယံအရေးနဲ့ ပတ်သက်ပြီးတော့လည်း တော်တော်လေးကို အတွေ့အကြုံရင့်ကျက်တဲ့ ပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ သူ့ကို ရွေးပြီးတော့ မြန်မာ့ရေးမှာ ကြားဝင် ဖြန်ဖြေပေးတဲ့သဘောလို့လည်း သိရပါတယ်။"
KIO နဲ့ မြန်မာအစိုးရအကြား ဆွေးနွေးပွဲပြုလုပ်တဲ ရွှေလီကို သတင်းသွားရောက် ယူနေတဲ့ ဒေါ်ခင်စိုးဝင်းကို ကိုသားညွန့်ဦး ဒီမနက်ပဲ ဆက်သွယ်မေးမြန်းထားတာပါ။ အခု ဒီကနေ့ မနက်ပိုင်းမှာတော့ KIO နဲ့ မြန်မာအစိုးရအကြား တရားဝင်ဆွေးနွေးပွဲတွေ စတင်မှာဖြစ်ပါတယ်။
ကိုသားညွှန့်ဦး, ဒေါ်ခင်စိုးဝင်း (ဗွီအိုအေ)
မြန်မာ့ ရေငန်ပုစွန်များကို အမေရိကန် စတင်ဝယ်ယူပြီ
မတ်လ ၈ ရက်က ပြုလုပ်သည့် ပြည်သူလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်ဟု ဒု-ဝန်ကြီး ဦးပိုက်ထွေးက အသိပေးသွားခြင်းဖြစ်သည်။
မြန်မာအသံနှင့် ရပ်မြင်သံကြားအနေဖြင့် ရုပ်မြင်သံကြားအစီအစဉ်များကို ထပ်ဆင့်လွှင့် စက်ရုံ ၂၂၇ ရုံ တည်ဆောက်၍ အခမဲ့အဖြစ် ထုတ်လွှင့်လျက်ရှိရာ တနိုင်ငံလုံး လူဦးရေ၏ ၉၂ % ကျော် ဖမ်းယူကြည့်ရှုနိုင်သည်ဟုဆိုသည်။
"မြန်မာအသံနှင့် ရပ်မြင်သံကြားက MRTV-4 နဲ့ ဖက်စပ်ထုတ်လွှင့်တာက MRTV-4 Free to Air (အခမဲ့) ရုပ်သံလိုင်းကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီးတို့မှာသာ ထုတ်လွှင့်နေတာ ဖြစ်တယ်။ ကျန်မြို့တွေက ဖမ်းကြည့်လို့ မရသေးဘူး။ လောလောဆယ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနဲ့ ဖက်စပ် လုပ်ကိုင်နေတဲ့ SkyNet ကတော့ လွှတ်တော် ချန်နယ်လိုင်းတခုကို ၂၀၁၂ ခုနှစ်၊ ဇူလိုင် ၄ ရက်က စပြီး ၂ နာရီခန့် နောက်ကျ စနစ်နဲ့ လွှတ်တော်အစီအစဉ်ကို ထုတ်လွှင့်ပြသပေးနေတာ တွေ့ရတယ်။ ဘာပဲပြောပြော ပြည်သူတွေအနေနဲ့ လွှတ်တော်မှာ ဆွေးနွေးမှုတွေကို
အချိန်နဲ့ တပြေးညီ သိခွင့်ရရင် ပိုကောင်းပါတယ်" ဟု မြန်မာအသံမှ အငြိမ်းစားအရာထမ်း- ဦးလှမြင့် က သုံးသပ်ပြောကြားသည်။
ပုသိမ်ကြီး မြို့နယ်အတွင်း လူဦးရေ ရာနှင့်ချီ အစာအဆိပ်သင့်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသည့် သတင်းနှင့် ပတ်သက်ပြီး ရှင်းလင်း
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် မတ်လ ၉ ရက်နေ့က လူဦးရေ ရာနှင့်ချီ အစာအဆိပ်သင့်မှု ဖြစ်စဉ်တွင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်းနှင့် အဆိုပါ အမျိုးသမီးသည် အလှူရက် မတိုင်မီကတည်းက သေဆုံးခဲ့သူ ဖြစ်သည်ဟု အလှူပွဲကို ဦးဆောင်စီစဉ်ခဲ့သူ သံဃာတော်များက မတ်လ ၁၀ ရက်နေ့က ရှင်းလင်း မိန့်ကြားပါသည်။
"အစာအဆိပ်သင့်တာ ဟုတ်မဟုတ် ဓာတ်ခွဲခန်းကိုပို့ပြီး စစ်ဆေးထားတယ်။ သေဆုံးတဲ့ အမျိုးသမီးက အလှူရက် မတိုင်ခင် ကတည်းကပါ။ အလှူနဲ့ မဆိုင်ဘူး။ ဒီရွာပတ်ဝန်းကျင်မှာ ၀မ်းပျက်ဝမ်းလျှော ဖြစ်နေတာ အလှူမတိုင်ခင် ကတည်းက၊ အခုအချိန်က ရာသီဥတု အကူးအပြောင်းလည်းဖြစ်၊ အလှူပေးတဲ့နေ့က နေပူထဲ အလှူလှည့်ပြီး အပြန်မှာ အအေးတိုက်လိုက် သေးတယ်။ အလှူအိမ်က ထမင်းနဲ့ဟင်းကို ကျောင်းတိုက်မှာရှိတဲ့ သံဃာအပါး ၃၅၀ ကျော်ကို အရုဏ်ဆွမ်း၊ နေ့ဆွမ်းကပ်တာ ဘာမှမဖြစ်ပါဘူး" ဟု အဆိုပါ အလှူကို စီစဉ်ဆောင်ရွက်သူ သံဃာတစ်ပါးက ပုဏ္ဏားကုန်း ကျေးရွာရှိ အလှူအိမ်တွင် ရှင်းလင်း ပြောကြားပါသည်။
"ဒီဖြစ်စဉ်ကြောင့် ဆေးထိုးရတဲ့ သူတော့ မရှိပါဘူး။ သူတို့ဖြစ်တဲ့ အခြေအနေက အစာအဆိပ်သင့်တဲ့အခါ ကြုံတွေ့ရတဲ့ လက္ခဏာတွေပါ။ အစားအသောက်က မသန့်ရှင်းတာလား၊ ကိုင်တွယ်သူတွေက မသန့်ရှင်းတာလား ဆိုတာကိုတော့ ဓာတ်ခွဲပြီး အဖြေထွက်မှ အတိအကျ ပြောနိုင်ပါမှာ" ဟု ပုသိမ်ကြီးမြို့နယ် ဆရာဝန်မှ ပြောကြားထားသည်။
လှည်းတန်းခုံးကျော်တံတား တည်ဆောက်မှု ၉၅ ရာခိုင်နှုန်းခန့် ပြီးစီး၊ လာမည့် ဧပြီ ၁၀ ရက်မှစ၍ ယာဉ်များ သွားလာခွင့်ပြုမည်ဟု သိရ

လှည်းတန်ခုံးကျော်တံတား ဆောက်လုပ်မှုအား တွေ့ရစဉ်
လှည်းတန်းခုံးကျော်တံတား တည်ဆောက်မှု လုပ်ငန်းများ ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်၍ လာမည့် ဧပြီ ၁၀ ရက်နေ့မှစ၍ ယာဉ်များ ဖြတ်သန်းသွားလာခွင့် ပြုမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့်တံတားဌာနမှ သိရသည်။
"ဧပြီ ၁၀ ရက်နေ့ကစပြီး ယာဉ်တွေ ဖြတ်သန်းခွင့် စပြုမယ်။ ဖွင့်ပွဲအခမ်းအနားကိုတော့ နောက်မှလုပ်မယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့်တံတားဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
လှည်းတန်းခုံးကျော်တံတားကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကစ၍ ပန္နက်တင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလကုန်တွင် အပြီးသတ်ရန် သက်ဆိုင်ရာမှ ညွှန်ကြားခဲ့သည်။
အဆိုပါ တံတားကို တာဝန်ယူ တည်ဆောက်နေသည့် ရွှေတောင်ကုမ္ပဏီကလည်း ၂၀၁၃ ခုနှစ် ဧပြီလတွင် အပြီးသတ်နိုင်မည်ဟု ထုတ်ပြန်ထားသည်။
လှည်းတန်းခုံးကျော်တံတားသည် တန် ၆၀ အထိ ယာဉ်များ ဖြတ်သန်းသွားလာနိုင်ပြီး လေးလမ်းသွားဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ ပြေလည်စေရန်အတွက် ယာဉ်ကြောပိတ်ဆို့မှု အများဆုံး လမ်းဆုံများဖြစ်သည့် လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်လမ်းဆုံတို့တွင် ခုံးကျော်တံတားများအား လေးလအတွင်းအပြီး ဆောက်လုပ်သွားမည်ဟု ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ကုန်ပိုင်းကတည်းက ထုတ်ပြန်ခဲ့သော်လည်း ဦးဆုံးတည်ဆောက်မှုအဖြစ် လှည်းတန်းခုံးကျော်တံတားကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှ စတင်နိုင်ခဲ့သည်။
ထို့ပြင် ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားနေသော ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံးကျော်တံတားများကိုလည်း လာမည့် ဒီဇင်ဘာလတွင် အပြီးသတ်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ညွှန်ကြားထားသည်။
လှည်းတန်းခုံးကျော်တံတားအား ရွှေတောင်ကုမ္ပဏီ၊ ရွှေဂုံတိုင် ခုံးကျော်တံတားအား Capital Development ကုမ္ပဏီ၊ ဘုရင့်နောင် ခုံးကျော်တံတားအား FMI ကုမ္ပဏီတို့မှ တာဝန်ယူ တည်ဆောက်နေခြင်း ဖြစ်သည်။
| လှည်းတန်းခုံးကျော်တံတားနှင့် သက်ဆိုင်သည့် အချက်အလက်များ |
| တံတားအမျိုးအစား | သံမဏိယက်မနှင့် သံကူကွန်ကရစ် |
| တံတားအရှည်(လျာထား) | - ၂၅၀၇ ပေ |
| တံတားတွင်ပါဝင်မည့် လမ်း | - ၄ လမ်းသွား |
| တံတားအကျယ် | - ၅၀ ပေ ၈ လက်မ |
| တံတားအောက်ကင်းလွတ်အမြင့် | - ၁၈ ပေ |
| ယာဉ်တစ်စီးချင်းခွင့်ပြုတန်ချိန် | - တန် ၆၀ |
| တံတား၏ လူသွားလမ်းအကျယ် | - တစ်ဖက် ၃ ပေ |
မြန်မာ-အိန္ဒိယ ရေတပ်ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်
နှစ်နိုင်ငံ စစ်ရေးဆက်ဆံမှု တိုးမြှင့်သည့် အနေဖြင့် မြန်မာနှင့် အိန္ဒိယတို့၏ ရေတပ်စစ်ရေး လေ့ကျင့်မှုနှင့် ဘင်္ဂလား ပင်လယ်အော်အတွင်း ကင်းလှည့်ရေး အစီအစဉ်များကို ပြုလုပ်သွားမည် ဖြစ်ကြောင်း အိန္ဒိယ ကာကွယ်ရေး ၀န်ကြီးဌာနမှ အရာရှိများကပြောကြားလိုက်သည်။
မြန်မာရေတပ်မှ ဖရီးဂိတ် စစ်သင်္ဘောတစ်စီးနှင့် ကြားဖြတ်ဟန့်တားရေး ရေယာဉ်တစ်စီးတို့သည် မတ်လ ၁၀ ရက်နေ့မှ စတင်၍ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ၀ိသာခပတမ် ရေတပ်ဌာနချုပ်သို့ လာရောမည်ဖြစ်ပြီး စစ်ရေးလေ့ကျင့်မှုများကို လာမည့်ရက် အနည်းငယ်အတွင်း ပြုလုပ်သွားမည်ဖြစ်ကြာင်း သိရသည်။
အိန္ဒိယကာကွယ်ရေးဝန်ကြီး အေကေအန်တိုနီ ဇန်န၀ါရီလအတွင်းက မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ် အပြီးတွင် နှစ်နိုင်ငံအကြား ပထမဆုံးအကြိမ် ပြုလုပ်သည့် အဆိုပါ စစ်ရေးလေ့ကျင့်မှု အပါအ၀င် နယ်စပ်ရေးရာ ကိစ္စရပ်များနှင့် မြန်မာစစ်တပ်အတွက် လေ့ကျင့်ပေးမှုများ ပြုလုပ်ပေးရန သဘောတူခဲ့သည်။
Ref:Times of India
အဓမ္မကျင့်ခံရပြီး ခိုးမှုနှင့်ပြန်လည် တရားစွဲခံရသူ မိန်းကလေးကို အာမခံဖြင့် ပြန်လွှတ်ပေးပြီ
ခြိမ်းခြောက်၍ အဓမ္မပြုကျင့် ခံရသည့်အပြင် ခိုးမှုဖြင့် ပြန်လည် တရားစွဲခံနေရသည့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးသည် ရန်ကုန် နတ်မောက်လမ်းရှိ အမျိုးသမီး ကလေးသူငယ် စောင့်ရှောက်ရေး ကျောင်းမှ အာမခံဖြင့် ယမန်နေ့က ပြန်လည် လွတ်မြောက် လာပြီဖြစ်သည်။
(ပ) နံပါတ် ၁၀၄၊ ၁၃ ပုဒ်မ ၃၈၁ ဖြင့် တရားစွဲဆိုခံထားရသူ မိန်းကလေးအား မြောက်ဥက္ကလာပ မြို့နယ် တရားရုံးသို့ ယမန်နေ့နေ့လယ် ၁၁ နာရီခွဲကျော်တွင် နတ်မောက်လမ်း ကျောင်းမှ ခေါ်ယူလာပြီး အာမခံ နှစ်ဦးဖြင့် သွားရောက် ထုတ်ခဲ့ကြောင်း၊ မိန်းကလေး တရားရုံးသို့ မလာမီ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သေးသည်ဟု သိရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကလေးသူငယ် ကူညီ စောင့်ရှောက်ရေးအဖွဲ့ မှ ဒေါ်လေးလေးက ဧရာဝတီသို့ ပြောသည်။
"ဒီနေ့တော့ အာမခံ နှစ်ဦးနဲ့ အတူ မြေဂရမ်တွေပါ ပြပြီး ထုတ်ခဲ့တယ်။ မြေဂရမ်ကတော့ နှစ်ယောက်ပေါင်း သိန်း ၅၀ လောက်ရှိပါတယ်။ ကျမကတော့ သူ့ကို အာမခံနဲ့ ထုတ်ပေးပြီးတော့ ကလေးကို လုံခြုံတဲ့နေရာမှာ ထားသွားမှာပါ" ဟု ဒေါ်လေးလေးက ဆိုသည်။
အမျိုးသမီးလည်းဖြစ်၊ အသက် ၁၆ နှစ်အောက်လည်း ဖြစ်၍ ပြစ်မှု ကျင့်ထုံး (ပ) ၄၉၇ အရ ရုံးမှ အာမခံပေးနိုင်ကြောင်း၊ မိန်းကလေးတိုင်း လျှောက်ခွင့်ရှိကြောင်း၊ မိန်းကလေး ဖြစ်သည့်အတွက် အာမခံ နှစ်ဦးမရှိပါက ကိုယ်ပိုင် ခံဝန်နှင့်လည်း ရကြောင်း၊ အာမခံသည့်အခါ ကျပ် ၁၀ သိန်းနှင့် တန်းတူညီ ပစ္စည်းများကို တင်ပြရမည်ဖြစ်ကြောင်း အဆိုပါ မိန်းကလေး ကိစ္စကို လိုက်ပါကူညီ ဆောင်ရွက်ပေးနေသည့် ရှေ့နေများ ကွန်ရက်မှ ရှေ့နေ တဦးက ဧရာဝတီသို့ ရှင်းပြသည်။
"သမီးကို လွန်ခဲ့တဲ့ သုံးရက်မှာ ရဲတွေက "အန်တီ သမီး တောင်းပန်ပါတယ်" ဆိုတဲ့ စာရေးခိုင်းတယ်၊ လက်မှတ်ထိုးခိုင်းတယ်။ သမီးကတော့ မရေးတက်ဘူး၊ မထိုးတက်ဘူး" ဟု ခိုးယူမှုဖြင့် ပြန်လည် တရားစွဲဆို ခံနေရသည့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးက ဧရာဝတီသို့ ပြောသည်။
နတ်မောက် အမျိုးသမီး ကလေးသူငယ် စောင့်ရှောက်ရေး ကျောင်းတွင် နေ့စဉ် ငါးခြောက်ကြော်နှင့် ပဲဟင်းကိုသာ စားသောက် ရပြီး မနက် ၉ နာရီ မှ ညနေ ၄ နာရီအထိ ကော်ချောင်းခြစ်သည့် အလုပ်ကိုလုပ်ရကြောင်း၊ အရွယ် မရောက်သေးသည့်
ကလေးသူငယ် အယောက် ၅၀ ခန့် ရှိရာ ရေအိမ် ၂ လုံးသာ ထားကြောင်း၊ ရေကို လုံလောက်စွာ မသုံးစွဲရကြောင်း ၎င်းက ဆိုသည်။
အရွယ်မရောက်သေးသည့် မိန်းကလေးကို အဓမ္မပြုကျင့်မှုဖြင့် ချုပ်နှောင် ခံထားရသူ စားသောက်ဆိုင်ပိုင်ရှင် ဦးမြင့်အောင်၏ ဇနီးက ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညနေပိုင်းတွင် အဆိုပါ မိန်းကလေးသည် ကျပ် ၃ သိန်းတန် လက်ပတ်နာရီနှင့် ပိုက်ဆံ ကျပ် ၂ သောင်း ခိုးယူခဲ့သည်ဟု ရန်ကုန် မြောက်ဥက္ကလာပ ရဲစခန်းသို့ တိုင်ကြားခဲ့သောကြောင့် မိန်းကလေးကို ရန်ကုန် နတ်မောက် လမ်းရှိ အမျိုးသမီး ကလေးသူငယ် စောင့်ရှောက်ရေး ကျောင်းသို့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပို့လိုက်ခြင်း ဖြစ်သည်။
"ကျနော် အာမခံပေးရတဲ့ အကြောင်းရင်းက အသက်လည်း ငယ်တယ်၊ ပြီးတော့ အချုပ်ထဲမှာလည်း နေရတယ်။ ငွေ ၂ သောင်းကျပ်၊ နာရီတလုံးနဲ့တော့ အချုပ်ထဲမှာ နေရတာ မတန်ဘူး" ဟု အာမခံပေးသည့် ဦးမင်းမင်းအောင်က
ဧရာဝတီသို့ ပြောသည်။
အဆိုပါ ကလေးငယ်အား အာမခံ ပေးရန်အတွက် ရပ်ကွက်ရုံးတွင် ထောက်ခံစာ ပြုလုပ်နေသည့်အချိန်တွင် ရဲများသည် နောက်မှ တကောက်ကောက် လိုက်လာကြောင်း၊ တခြားသူများကို မိန်းကလေးအား အာမခံမပေးရန် တားမြစ်မှုများလည်း ရှိကြောင်း ဦးမင်းမင်းအောင်က ဆိုသည်။
"ကျမကတော့ လုံးဝမကျေနပ်ဘူး။ အဲဒီ သူဌေးတွေက ပိုက်ဆံရှိပြီး လုပ်ချင်တိုင်းလုပ်နေကြတာ။ ကျမကတော့ ပြီးတဲ့အထိ လုပ်ဆောင်သွားမယ်။ ကျမရဲ့သမီးကို အာမခံနဲ့ ပြန်လွှတ်ပေးတဲ့အတွက် ပျော်တယ်" ဟု မိန်းကလေး၏ မိခင်က ဧရာဝတီသို့ ပြောသည်။
ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို ကမ္ဘာ့နိုင်ငံ အသီးသီးမှ ၁၉၈၉ ခုနှစ်တွင် စတင် လက်မှတ် ရေးထိုးချုပ်ဆို ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ၁၉၉၉ ခုနှစ် ကျမှသာလျှင် လက်မှတ် ရေးထိုးခဲ့ကြောင်း၊ စာချုပ်တွင် အချက်ပေါင်း ၅၄ ချက် ပါဝင်ပြီး အချက် ၄၀ အထိ ကလေး အခွင့်အရေးကို ဖော်ပြထားကာ၊ ကျန် ၁၄ ချက်သည် အစိုးရများ ဘက်မှ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အပိုင်းကို ပြဋ္ဌာန်းထားခြင်း ဖြစ်ကြောင်း သိရသည်။
ကလေးသူငယ်၏ အသက် အပိုင်းအခြားကို နိုင်ငံတကာတွင် ၁၈ နှစ်အရွယ်အထိ သက်မှတ်ထားပြီး မြန်မာနိုင်ငံတွင်မူ အသက် ၁၆ နှစ်အထိသာ ကလေးအဖြစ် သတ်မှတ်၍ အသက် ၁၆ နှစ်မှ ၁၈ နှစ်ကို လူငယ်ဟု သတ်မှတ်ထားသည်။




