Monday, March 11, 2013

မြန်မာ့ ရေငန်ပုစွန်များကို အမေရိကန် စတင်ဝယ်ယူပြီ

ရန်ကုန် (မဇ္ဈိမ)။   ။ နိုဝင်ဘာလမတိုင်မီ ထုတ်လွှင့်မည့် ရုပ်မြင်သံကြား လိုင်းသစ်များတွင် လွှတ်တော် ရုပ်မြင်သံကြား လိုင်း တလိုင်းပါ ထည့်သွင်းထုတ်လွှင့် သွားမည်ဟု ပြန်ကြားရေး ဒုတိယ ဝန်ကြီးက ပြောဆိုလိုက်သည်။

မတ်လ ၈ ရက်က ပြုလုပ်သည့် ပြည်သူလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်ဟု ဒု-ဝန်ကြီး ဦးပိုက်ထွေးက အသိပေးသွားခြင်းဖြစ်သည်။

မြန်မာအသံနှင့် ရပ်မြင်သံကြားအနေဖြင့် ရုပ်မြင်သံကြားအစီအစဉ်များကို ထပ်ဆင့်လွှင့် စက်ရုံ ၂၂၇ ရုံ တည်ဆောက်၍ အခမဲ့အဖြစ် ထုတ်လွှင့်လျက်ရှိရာ တနိုင်ငံလုံး လူဦးရေ၏ ၉၂ % ကျော် ဖမ်းယူကြည့်ရှုနိုင်သည်ဟုဆိုသည်။

"မြန်မာအသံနှင့် ရပ်မြင်သံကြားက MRTV-4 နဲ့ ဖက်စပ်ထုတ်လွှင့်တာက MRTV-4 Free to Air (အခမဲ့) ရုပ်သံလိုင်းကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီးတို့မှာသာ ထုတ်လွှင့်နေတာ ဖြစ်တယ်။ ကျန်မြို့တွေက ဖမ်းကြည့်လို့ မရသေးဘူး။ လောလောဆယ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနဲ့ ဖက်စပ် လုပ်ကိုင်နေတဲ့ SkyNet ကတော့ လွှတ်တော် ချန်နယ်လိုင်းတခုကို ၂၀၁၂ ခုနှစ်၊ ဇူလိုင် ၄ ရက်က စပြီး ၂ နာရီခန့် နောက်ကျ စနစ်နဲ့ လွှတ်တော်အစီအစဉ်ကို ထုတ်လွှင့်ပြသပေးနေတာ တွေ့ရတယ်။ ဘာပဲပြောပြော ပြည်သူတွေအနေနဲ့ လွှတ်တော်မှာ ဆွေးနွေးမှုတွေကို

အချိန်နဲ့ တပြေးညီ သိခွင့်ရရင် ပိုကောင်းပါတယ်" ဟု မြန်မာအသံမှ အငြိမ်းစားအရာထမ်း- ဦးလှမြင့် က သုံးသပ်ပြောကြားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။