Monday, March 11, 2013

မြန်မာ-အိန္ဒိယ ရေတပ်ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်

နှစ်နိုင်ငံ စစ်ရေးဆက်ဆံမှု တိုးမြှင့်သည့် အနေဖြင့် မြန်မာနှင့် အိန္ဒိယတို့၏ ရေတပ်စစ်ရေး လေ့ကျင့်မှုနှင့် ဘင်္ဂလား ပင်လယ်အော်အတွင်း ကင်းလှည့်ရေး အစီအစဉ်များကို ပြုလုပ်သွားမည် ဖြစ်ကြောင်း အိန္ဒိယ ကာကွယ်ရေး ၀န်ကြီးဌာနမှ အရာရှိများကပြောကြားလိုက်သည်။

မြန်မာရေတပ်မှ ဖရီးဂိတ် စစ်သင်္ဘောတစ်စီးနှင့် ကြားဖြတ်ဟန့်တားရေး ရေယာဉ်တစ်စီးတို့သည် မတ်လ ၁၀ ရက်နေ့မှ စတင်၍ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ၀ိသာခပတမ် ရေတပ်ဌာနချုပ်သို့ လာရောမည်ဖြစ်ပြီး စစ်ရေးလေ့ကျင့်မှုများကို လာမည့်ရက် အနည်းငယ်အတွင်း ပြုလုပ်သွားမည်ဖြစ်ကြာင်း သိရသည်။

အိန္ဒိယကာကွယ်ရေးဝန်ကြီး အေကေအန်တိုနီ ဇန်န၀ါရီလအတွင်းက မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ် အပြီးတွင် နှစ်နိုင်ငံအကြား ပထမဆုံးအကြိမ် ပြုလုပ်သည့် အဆိုပါ စစ်ရေးလေ့ကျင့်မှု အပါအ၀င် နယ်စပ်ရေးရာ ကိစ္စရပ်များနှင့် မြန်မာစစ်တပ်အတွက် လေ့ကျင့်ပေးမှုများ ပြုလုပ်ပေးရန သဘောတူခဲ့သည်။

Ref:Times of India

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။