Friday, March 1, 2013
အိန္ဒိယမှ ပေးသည့် ချင်းပြည်နယ်ဖွံ့ဖြိုးရေး အကူအညီ အလဟဿ ဖြစ်မည်ကို ဒေသခံများ စိုးရိမ်
ရန်ကုန် (မဇ္ဈိမ)။ ။ ချင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်၍ အိန္ဒိယအစိုးရက ပေးအပ်မည့် ငွေကြေး အကူအညီများသည် မြန်မာနိုင်ငံ၏ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ တဆင့် ပေးအပ်မည် ဖြစ်သောကြောင့် ထိုအကူအညီများအား တကယ်လိုအပ်သည့် နေရာတွင် အသုံးချခွင့် မရဘဲ အဟောသိကံ ဖြစ်သွားမည်ကို
ဒေသခံများက စိုးရိမ်ပူပန်နေကြသည်။
ဒေသခံများက စိုးရိမ်ပူပန်နေကြသည်။
တိုက်ပွဲများ ပြန်ဖြစ်ရခြင်းကို ရှမ်း (မြောက်၊ တောင်) တပ်ဖွဲ့များ သမ္မတထံ စာပို့
စံခလပူရီ (မဇ္ဈိမ)။ ။ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) နှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) တို့နှင့် အစိုးရတပ်များအကြား ဖေဖော်ဝါရီ လလယ်ပိုင်းက တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ခြင်းများ အပေါ် ထိုနှစ်ဖွဲ့စလုံးမှ သမ္မတ ဦးသိန်းစိန် ထံသို့ လိပ်မူ၍ စာရေး အကြောင်းကြားခဲ့ကြကြောင်း ရှမ်းပြည်တပ်မတော် အရာရှိကြီးများက ပြောသည်။
ဘိန်းရာဇာ နော်ခမ်းနဲ့ အပေါင်းပါ ၃ ဦး တရုတ်ပြည်မှာကွပ်မျက်မည်
တရုတ်နိုင်ငံမှာ သေဒဏ်ချမှတ်ခံထားရတဲ့ ဘိန်းရာဇာ ရှမ်းတိုင်းရင်းသား နော်ခမ်းနဲ့ အပေါင်းပါ ၃ ဦးကို မနက်ဖြန် မတ်လ ၁ ရက်နေ့မှာ ဆေးထိုးကွပ်မျက်ဖို့ ကူမင်းလူထုတရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။
သူတို့တွေကို မိသားစုတွေနဲ့ တွေ့ဆုံခွင့်ပေးထားသလို ကူမင်းမြို့က ထိုင်း-မြန်မာ ကောင်စစ်ဝန်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ပေးထားကြောင်း တရုတ်အစိုးရသတင်းမှာ ရေးသားထားပါတယ်။
သူတို့ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်းနဲ့ ပစ္စည်းတွေကို ဆွေမျိုးတွေနဲ့ သက်ဆိုင်ရာ ကောင်စစ်ဝန်ရုံးကို ပေးပို့သွားမယ်လို့လဲ ဆိုပါတယ်။
ဘိန်းရာဇာ နော်ခမ်းနဲ့ အပေါင်းပါတွေကို ၂၀၁၁ ခုနှစ်က မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောသား ၁၃ ဦးကို သတ်ဖြတ်မှုနဲ့ ဖမ်းဆီးခဲ့ပြီး ၂၀၁၂ နိုဝင်ဘာလမှာ သေဒဏ်အပြစ် ချမှတ်ခဲ့ပါတယ်။
စိုင်းနော်ခမ်းဟာ ထိုင်းအစိုးရက ဖမ်းဝရမ်းထုတ်ပြန်ထားတဲ့ မူးယစ်ရာဇာတစ်ဦးလည်း ဖြစ်ပါတယ်။
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ၃ လပြည့်အဖြစ် အစာငတ်ခံ ဆန္ဒပြ
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ဆန္ဒပြခဲ့ကြတဲ့ သပိတ်စခန်းတွေ အကြမ်းဖက်ဖြိုခွဲခံရမှု ၃ လပြည့် အထိမ်းအမှတ်အဖြစ် ကျေးရွာ ၂၆ ရွာကို ကိုယ်စားပြုတဲ့ ဒေသခံ ၂၆ ဦးဟာ ဒီကနေ့ တုန်ရွာသပိတ်စခန်းမှာ အစာငတ်ခံ ဆန္ဒပြခဲ့ကြပါတယ်။
ဥပဒေအရ အခြေအနေ ထိန်းသိမ်းခြင်းသာ ဖြစ်တယ်လို့ ရဲမှူးကြီးပြော
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စုမှာ ဒေသခံလယ်သမား ၃၀၀ ကျော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ပြီး လူစုခွဲခဲ့ရတာဟာ အခြေအနေတွေကို ထိန်းသိမ်းနိုင်အောင် ဥပဒေအရ ဆောင်ရွက်ခဲ့ရတာ ဖြစ်တယ်လို့ ဧရာဝတီတိုင်း ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းမင်းက ဖေဖေါ်ဝါရီလ ၂၇ ရက် ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ပြည်မြို့မှာ လျှပ်စစ်မီး ပုံမှန်ရရှိဖို့အတွက် ဒေသခံများ ဆန္ဒပြ
လျှပ်စစ်မီးပုံမှန်ရရှိရေးအပြင် တာဝန်ရှိပုဂ္ဂိုလ်တွေရဲ့ ပွင့်လင်းမြင်သာမှုရှိရေးအတွက်ပါ ဆန္ဒပြကြတာပါလို့ ဆန္ဒပြပွဲမှာပါဝင်သူ ပြည်ခရိုင် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ဝင် ကိုသန်းထိုက်အောင်က RFA ကို ပြောပါတယ်။
Subscribe to:
Posts (Atom)