Thursday, December 13, 2012

JICA အကူအညီနဲ့ မိုးဇလ စခန်း တည်ဆောက်မယ်

ဘင်္ဂါလီများကို လူမျိုးတုံး သတ်ဖြတ်နေ သည်ဟု အယ်ဂျာဇီးယား ထုတ်လွှင့်မှု အချိန်ကုန်ခံ ချေပမည်မဟုတ်

ဘင်္ဂါလီများကို လူမျိုးတုံး သတ်ဖြတ်နေသည်ဟု ထုတ်လွှင့်နေသော အယ်ဂျာ ဇီးယား သတင်း ဌာနမှ Hidden Genocide ရုပ်သံ အစီအစဉ်ကို အချိန်ကုန်ခံ ချေပသွားမည် မဟုတ်ကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးက ပြောသည်။

 

''လူမျိုးတုံး သတ်ဖြတ်တယ် ဆိုတာကို ကိုယ့်ဦးနှောက် ဥာဏ် လေးနဲ့ စဉ်းစားဖို့
ပေါ့။ ၁၉၈ဝ ခုနှစ် မှာ အဲဒီလူမျိုးနှစ်သိန်းခွဲ ရှိတာ ကနေ ၂ဝ၁၂ ခု နှစ်ရောက်တော့ ၁ဝ သိန်း ဖြစ်လာတယ်။ ရခိုင်လူမျိုး အားလုံး လည်း အကြမ်းဖက်တာ မ ဟုတ်သလို၊ဘင်္ဂါလီအားလုံးလည်း အကြမ်းဖက်တာ မဟုတ်ပါဘူး။

အုပ်စုနှစ်ခု ကြားမှာ ဖြစ်တဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ဘယ်အဖွဲ့အစည်းပဲ ဖြစ်ဖြစ် နိုင်ငံရေးမျှော်မှန်းချက်တွေ ရှိတာပဲ၊ အကောင်အထည် ဖော်တဲ့ နေရာမှာ မီဒီယာနဲ့ ရုပ်ပုံ ခြယ်လေ့ ရှိပါတယ်။ မိမိလိုချင်တဲ့ ပုံစံကိုထုတ်လွှင့်တာကို မူတည်ပြီး ချေပသင့်ရင် ချေပမယ်။ မချေပသင့်ရင် အချိန် ကုန်ခံချေပနေမှာ မဟုတ်ပါဘူး''ဟု ဝန်ကြီးက ရခိုင်ပြည်နယ် အရေး ကိစ္စနှင့် ပတ်သက်၍ တွေ့ဆုံ ရှင်း လင်းပွဲတွင် ပြောကြားသည်။

ယင်းကဲ့သို့ သတင်းထုတ်လွှင့် ခြင်းသည် တစ်ဖက်စောင်းနင်းဆန် နေသော ကိစ္စဖြစ်ကာ လိုအပ်ပါက တရားစွဲဆိုနိုင်သည့် အခြေအနေ အထိ ရောက်ရှိသွားနိုင်ပြီး ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါ တီအနေဖြင့် အချက်အလက်များ ကို

အသေးစိတ်လေ့လာပြီး ထုတ် ပြန်ချက် တစ်ခုထုတ်သွားမည် ဖြစ် ကြောင်း ယင်းပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်(အမျိုးသား လွှတ်တော် ကိုယ်စားလှယ်)က ဒီဇင် ဘာလ၁၁ ရက်နေ့တွင်ပြောသည်။

''ရုတ်တရက် နားထောင်တဲ့ အခါ ဘင်္ဂါလီတွေကို ရခိုင်တွေက မီးရှို့သလို၊ သတ်သလို ဖြစ်သွား လိမ့်မယ်၊ အဲလိုဖြစ်အောင် သူတို့က ဖန်တီးသွား ကြတာ၊ ပြကွက်တော် တော်များများဟာ ဘင်္ဂလားဒေ့ရှ်မှာ ရိုက်ထား တာဖြစ်ဖို့များတယ်။ အမျိုးသမီးတစ်ယောက်ဆို သူကိုယ်တိုင် က မုဒိမ်းကျင့်ခံရတယ်။ ဘာဖြစ် တယ် ညာဖြစ်တယ် ပြောပြီးကာမှ ဘင်္ဂလားဒေ့ရှ်မှာ ဆေးသွားကု တယ်။ အဲဒီ အမျိုးသမီးက အခု သေသွားပါပြီ ဆိုတာမျိုးတွေပေါ့။ အစအန ဖျောက်ပစ်တာမျိုးပေါ့ဗျာ။ လုပ်ကြံထားတယ်ဆိုတာကိုနား ထောင်တဲ့ ပရိသတ်ကလည်း သိ ပါတယ်။

ဒီဘက်က အစိုးရကပဲ မကောင်းသလိုလို ဒီက ပါတီကပဲ အနိုင်ကျင့်ပြီးကာမှ မောင်းထုတ် ပြီး လူမျိုးတုံးသတ် ဖြတ်နေသလို အစွန်းရောက်တဲ့အကြောင်း ပြော ချင်တာပေါ့။ အခြေအမြစ် မရှိဘဲ ပြောတာဆိုတာမျိုးတွေက လိုအပ် လို့ရှိရင် တရားစွဲတာတို့ ဘာတို့ဖြစ် ကောင်းဖြစ်လာနိုင်တယ်''ဟု ၄င်းက ဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်၍ မြန် မာအစိုးရအနေဖြင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှတစ်ဆင့် သတင်းထုတ် ပြန်ချက်တစ်ခု ဒီဇင်ဘာ ၆ ရက် နေ့ကထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည်နယ် အတွင်း ဘင်္ဂါလီများနှင့် ရခိုင် တိုင်းရင်းသားများအကြား အကြမ်း ဖက်မှုသည် စတင်ဖြစ်ပွားသည့် အချိန်မှစ၍ ပွင့်လင်းမြင်သာမှု ရှိစွာ ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်း၊ ယင်း အကြမ်းဖက်သည့် နေရာများသို့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့ များ၊ အပြည်ပြည်ဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ သံ တမန်များ၊Muslim Aid အဖွဲ့တို့ အပါအဝင် တူရကီ၊ အင်ဒိုနီးရှား၊ မလေးရှားစသည့် နိုင်ငံများနှင့် OIC (အစ္စလာမ္မစ် ပူးပေါင်း ဆောင် ရွက်ရေးအဖွဲ့)မှ နိုင်ငံခြားရေး ဝန် ကြီးနှင့် အဆင့်မြင့် ကိုယ်စားလှယ် များကိုသွားရောက်ခွင့်ပြုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့အပြင် အစိုးရအနေဖြင့် အကြမ်းဖက်မှုများအား ငြိမ်းချမ်းရေး နှင့် တရားဥပဒေ စိုးမိုးရေးအတွက် ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင် ရွက်ခဲ့ပြီး အသေးစိတ်စုံစမ်းဖော် ထုတ်နိုင်ရန် လွတ်လပ်သည့် စုံစမ်း ရေးကော်မရှင်ကို ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ကြောင်းထုတ်ပြန်ချက် အရ သိရသည်။

''စုံစမ်းဖော်ထုတ်ဆဲဖြစ်တာ ကြောင့် အထောက်အထားခိုင်လုံပြီး မှ ရှင်းလင်းပေးပါ့မယ်''ဟု ရဲချုပ် ကျော်ကျော်ထွန်းက စာနယ်ဇင်းရှင်း လင်းပွဲတွင်ဝင်ရောက်ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ မှ တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့မှ တာဝန်ယူဆောင်ရွက်နေပြီး မြို့နယ် တစ်ခုချင်းစီအလိုက် ဘင်္ဂါလီအဖွဲ့ မှ ကိုယ်စားလှယ်တစ်ဦး၊ ရဲတပ်ဖွဲ့ မှတစ်ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့က စုစုပေါင်း ၆ ဦးအဖွဲ့ဖြင့် စစ် ဆေးနေကြောင်း လူဝင်မှုကြီးကြပ် ရေးနှ င့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က ပြောကြားသည်။

''ကျွန်တော်တို့ကတော့ ကုလ သမဂ္ဂညီလာခံမှာ အစိုးရရဲ့ ကြေ ညာချက်နဲ့ ထပ်တူ ဖြစ်ကြောင်း ကြေညာထားတာရှိပါတယ်။ ကျွန် တော်တို့က ချက်ချင်းကြီးမထုတ်ပြန် တာက ဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ်လေ့လာဖို့ ဘယ်လို အချက်အလက်တွေလဲ၊ယုတ္တိရှိရဲ့ လား၊ သူတို့က ဘယ်လိုထောက်ပြ သွားသလဲ၊မှန်ရော မှန်ကန်ရဲ့လား၊ သူတို့မထုတ်လွှင့်ခင် ကတည်းက စောင့်ကြည့်ဖို့အတွက် အစည်း အဝေးလုပ်ပြီး ပြောထားပါတယ်။

ဒါနဲ့ ပတ်သက်လို့လည်းအသေးစိတ် လေ့လာပါ့မယ်။ အခု ပြောတာနဲ့ တော့ တူချင်မှတူတော့မှာ၊ပြကွက် တစ်ခုချင်း တစ်ကွက်ချင်း ပြန်ပြီး ကြည့်သွားမှာပါ။ အားနည်းချက် အားသာချက် ပြန်ထောက်ပြဖို့ တော့ ရှိပါတယ်။ ကြေညာချက် လေးတစ်ခု ထွက်ပါမယ်။ လူမျိုးတုံး သတ်ဖြတ်တယ်ဆိုတာတော့ ကျွန် တော်တို့လက်မခံပါဘူး။ သတ်ဖြတ် ရလောက်အောင်လည်း ဒီဘက်က ဘာသာဝင်တွေက မရိုင်းပါဘူး။ အတူတူနေဖို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့တာပဲ။

နောက်ဆုံး ကျရင် မြေပါယူသွားမယ့် သဘောကို လုပ်ကြံထားတာမျိုးပါ။ ဒါမျိုးလုပ်ကြံနေ သမျှ လိမ်ညာနေသမျှပြဿနာကို ပြန်ဆွသလို ဖြစ်လာတာပေါ့''ဟု ဒေါက်တာအေးမောင်ကထပ်လောင်း ပြောသည်။

ယင်းရုပ်သံထုတ်လွှင့်မှု အတွက် ဒေါက်တာအေးမောင်အား အင်တာဗျူးခဲ့သည့် သတင်းထောက် မှာလန်ဒန်သတင်း ဌာနမှဟုအမည် ခံကာ မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 Photo AFP

BCမှ ကြီးမှူး၍ Literature Festival ကျင်းပမည်

၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ British Council မှ  ကြီးမှူး၍

မြန်မာစာရေးဆရာ၊ ဆရာမ အလွှာပေါင်းစုံ ပါဝင်မည့် Literature Festival ကို အင်းလျားလိတ် ဟိုတယ်တွင် ကျင်းပသွားမည်ဟု သိရသည်။ ယင်းပွဲအတွက် အကြိုညှိနှိုင်း စည်းဝေးပွဲကို ဒီဇင်ဘာလ ၉ရက်တနင်္ဂနွေနေ့က ဗိုလ်အောင်ကျော်လမ်းရှိ Home တွင် ကျင်းပခဲ့သည်။

 

အဆိုပါပွဲတွင် မြန်မာစာပေ ကဏ္ဍပေါင်းစုံအားသုံးရက်တိုင်တိုင်ဆွေးနွေးပြောကြားမှု ပြုလုပ်သွားမညဟုသိရသည်။
English Section တွင် ဝတ္ထု၊ကဗျာများကို English ဘာသာဖြင့် ရွတ် ဖတ် ဆွေးနွေးကြမည် ဖြစ်ပြီးအခြား ဝတ္ထုတို ကဏ္ဍ၊ ကဗျာ ကဏ္ဍများ ကိုလည်း မြန်မာစာရေးဆရာ၊ ဆရာမ များကခေါင်းစဉ်အလိုက်ဦးဆောင်ဆွေးနွေးမှုများပြုလုပ် သွားကြမည်ဟုသိရသည်။

ယင်းပွဲတွင်Bloggers' Section ကိုလည်းဆွေးနွေးသွားမည်ဖြစ်ပြီးကိုနေဘုန်းလတ်၊ မမြသွေးနီနှင့် သူရဿဝါတို့မှ ခေါင်းစဉ် တစ်မျိုးစီနှင့် ပါဝင် ဆွေးနွေးမည်ဖြစ်ပြီး ကဗျာဆရာမ မပန်ဒိုရာက Facilitator အဖြစ် ဆောင်ရွက်မည်ဟုသိရသည်။

`ကျွန်တော့်အနေနဲ့ ကတော့ " ရသစာပေနဲ့ ဘလော့ဂ်ရပ်ဝန်း " ဆိုတာလေးပြောမယ်လို့ အကြမ်းဖျဉ်းစဉ်းစား ထားပါတယ် ။အပြောင်း အလဲ ရှိနိုင်ပါတယ်´ ဟု ကိုသူရဿဝါက ၄င်း၏ ဖေ့ဘွတ်စာမျက်နှာ၌ ရေးသား ထားသည်။
၎င်းအပြင် လူငယ်အခန်းကဏ္ဍ (Youth Section) တစ်ခုကို ပြုလုပ်၍ ကိုနေဘုန်းလတ်က Facilitator အနေနှင့် ထိန်းကျောင်းကာ မေးမြန်းဆွေးနွေးမည့် ပုံစံဖြင့်ပြုလုပ်မည်ဟုလည်းသိရသည်။
 
ဓါတ်ပုံ-ThuRa ThaWah- facebook

လက်ပံတောင်းတောင် နောက်ဆက်တွဲ ဆန္ဒပြမှု၏ အဓိကလိုအင် ဘာလဲဟု ဒေါ်အောင်ဆန်းစုကြည် မေးခွန်းထုတ်

နိုင်ငံတစ်ဝန်း လက်ပံတောင်း အရေး နောက်ဆက်တွဲ ဆန္ဒပြမှု များနှင့် ပတ်သက်၍ အဓိက လိုအပ်ချက်ကို သိလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က မေးခွန်း ထုတ်လိုက်သည်။

''ဘာအတွက် ဆန္ဒပြလဲဆိုတာ သိချင်ပါတယ်။ သိလို့ရှိရင် ဆန္ဒပြသူတွေ ရဲ့လိုအပ်ချက်တွေ၊ သဘောထား တွေ သိလို့ရှိရင် ပိုပြီးတော့ အဆင်ပြေအောင် လုပ်နိုင်မှာပေါ့။ အဲဒီဟာ ကတော့ အရေးကြီး ပါတယ်။ နောက်ပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ် တရားဥပဒေ စိုးမိုးရေးကို ဦးထိပ် ထားရမယ်။ ဒါပေမဲ့လည်း နားလည်မှုနဲ့ အားလုံး အဆင်ပြေရေး ကိုလည်း ကျွန်မတို့ ဦးတည်ပြီးတော့ လုပ်သွားမှာပါ''ဟု ဒေါ်အောင်ဆန်း စုကြည်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် မီဒီယာများနှင့်တွေ့ဆုံ စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိ လက်ပံတောင်းတောင်ကိစ္စ နှင့်ပတ်သက်၍ တစ်နိုင်ငံလုံးတွင် ဆန္ဒပြ မည့်သတင်းများ ထွက်ပေါ်နေသော ကြောင့် နောက်ပြန်လှည့်နိုင်မည့် လက္ခဏာများအဖြစ် နိုင်ငံရေးသမား အချို့က ဝေဖန်မှုများ ရှိနေသည်။
''ကျွန်မ ခဏခဏ ပြောတယ်။ ပြဿနာတွေက အခုလည်း ရှိမှာပဲ၊ နောင် လည်း ရှိမှာပဲ။ ဒီပြဿနာတွေကို ဘယ်ပုံဘယ်နည်းနဲ့ ဖြေရှင်းမယ်ဆိုတာ သာ အရေးကြီးတာ။ အကောင်းဆုံး ဖြေရှင်းပုံဖြေရှင်းနည်းတွေကို ကျွန်မတို့ သုံးနိုင်ရမယ်။ အခြေခံအားဖြင့်တော့ ဆွေးနွေးပြီးတော့ အပေးအယူ လုပ်နိုင် ရမယ်။ အပေးအယူ မလုပ်ဘဲနဲ့ ဒီကမ္ဘာကြီးမှာ ဘယ်လိုမှ မတိုးတက်နိုင် ဘူး'' ဟု ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်းပြောသည်။

မြန်မာပြည် အထက်ပိုင်းမှ သံဃာတော်များအဖွဲ့ကလည်း နိုင်ငံတော် သမ္မတနှင့် အစိုးရအဖွဲ့က ထိခိုက်ဒဏ်ရာ ရသူများကို အမြန်ဆုံး ဝန်ချတောင်းပန်ရန်၊ အကြမ်းဖက်နှိမ်နင်းမှုတွင် တာဝန်ရှိသူများအား ထိရောက်စွာအရေးယူရန်၊ ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ ဖမ်းဆီးထားသူများအား ချက်ချင်း ပြန်လွှတ်ရန်၊ ကြေးနီစီမံကိန်း ကို ဒေသခံများနှင့်ပြည်သူများက ကျေနပ်လက်ခံအောင် ဆောင်ရွက်ပေး ရန်၊ ဒီမိုကရေစီအစိုးရတစ်ရပ် ပေါ် ပေါက်လာရန်နှင့်နောက်နောင်တွင် ယခုကဲ့သို့အကြမ်းဖက်မှု မပေါ် ပေါက်စေရန် လွှတ်တော်များနှင့် အစိုးရတွင် ပါဝင်လျက်ရှိသော တပ်မတော်သားများ အမြန်ဆုံးနုတ် ထွက်ပေးရန်ဟူ၍ အချက်(၅)ချက် ကို ထုတ်ပြန်ခဲ့ပြီး လိုက်လျောခြင်း မရှိပါက ဒီဇင်ဘာ ၁၂ ရက်နေ့ တွင် နိုင်ငံအဝန်းဆန္ဒဖော်ထုတ်သွားမည် ဟု သိရသည်။

''နောက်ကြောင်းပြန် လှည့်နိုင်မလှည့်နိုင်ဆိုတာ ကျွန်မတို့ရဲ့လက်ထဲမှာ ရှိတယ်။ ဘယ်ပုဂ္ဂိုလ်တစ်ဦးရဲ့ လက်ထဲမှာမှ မရှိဘူး။ ဒီနိုင်ငံက နိုင်ငံသူနိုင်ငံ သားတွေ လက်ထဲမှာပဲ ရှိပါတယ်''ဟုဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ အရေး နောက်ပြန်လှည့်နိုင်ခြင်းကိစ္စနှင့် ပတ်သက်၍ ၄င်း၏ယုံကြည်ချက်ကို
ချပြခဲ့သည်။
ထို့ပြင် နိုင်ငံရေးအရ နောက် ပြန်လှည့် မလှည့်ဆိုသည့်ကိစ္စသည် ပြည်သူ များ၏ဆန္ဒအပေါ် မူတည်ပါ ကြောင်း၊ ပြည်သူကို မေးကြည့်လျှင် မည်သို့ မျှ နောက်ပြန်လှည့်လိုသည့် ဆန္ဒရှိမည်မဟုတ်ကြောင်း၊ ပြည် သူက နောက်ပြန်မလှည့်လိုသည့် အတွက် မိမိတို့ကလည်း နောက်ပြန် မလှည့်နိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်း စိန်က ပြည်တွင်းပြည်ပမီဒီယာများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံပွဲ တွင် ပြောကြားခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက ''သူတို့ စိတ်ကူးနဲ့သူတို့ လုပ်ချင်တာ လုပ်တာပဲလေ။ အရေးကြီးတာက ဒီနေ့ အလုပ်ကို ဘယ်လိုလုပ်ရမလဲ၊ မနက်ဖြန် ထမင်းဘယ်လိုစားရမလဲ၊ လူတွေက ကိုယ့်တာဝန်ကိုယ်ထမ်း တာ။ ကျန်တဲ့အလုပ်တွေ လိုက်ပြီး စဉ်းစားနေဖို့ မလွယ်ဘူး။ ဒီနေ့ ပြီးသွားတဲ့အလုပ်တွေ၊ နက်ဖြန်လာမယ့် အလုပ်တာဝန်တွေကို ဘယ် လိုလုပ်မလဲဆိုတာကို စဉ်းစားရမယ်။ ဒီကိစ္စမှာ မှားတယ်မှန်တယ် ဆိုတာဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့ သဘော မှာလူတွေကလည်း ကိုယ်ပြောချင် တာပြောကြတာပဲ။ အားလုံး နားလည်သွားကြပါလိမ့်မယ်'' ဟု ပြော ကြားခဲ့သည်။

သိမ်ဖြူလမ်း၌ ကားတစ်စီး မီးလောင်မှုဖြစ်ပွား

မဟာဗန္ဓုလလမ်းနှင့် သိမ်ဖြူလမ်းထောင့် ၀န်ကြီးများ ရုံးရှေ့တွင် ယနေ့ မွန်းလွဲ တစ်နာရီခန့်က Townace တစ်စီး မီးလောင်ရာ သက်ဆိုင်ရာ မီးသတ်မှ လာရောက်ငြိမ်းသတ်ခဲ့သည်။ အဆိုပါ မီးလောင်ယာဉ်သည် မီးလောင်နေချိန်တွင် ကားပေါ်ပါသူ တစ်ဦးမျှမတွေ့ကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။သိမ်ဖြူလမ်း၌ ကားတစ်စီး မီးလောင်မှုဖြစ်ပွား