သမ္မတအမိန့်ဖြင့် ဆိုင်းငံ့ထားသော ကချင်ပြည်နယ်ရှိ မြစ်ဆုံရေအားလျှပ်စစ်
စီမံကိန်းကို ပြန်လည်စတင် နိုင်ရန် တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှု
ကော်ပိုရေးရှင်း China Power Investment (CPI)က တွန်းအားပေး
ကြိုးပမ်းနေကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန် ရက်(KDNG) က
ပြောဆိုလိုက်သည်။
Wednesday, May 23, 2012
တက္ကစီနှင့် ဘတ်စ်ကားများ တင်သွင်းခွင့်ပြုလိုက်ပြီ
အငှားယာဉ်နှင့် ဘတ်စ်ကားများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်
အစိုးရ၏ ထောက်ခံချက်များအပေါ် မူတည်၍ ကုမ္ပဏီ များအား
တင်သွင်းခွင့်ပေးလျက်ရှိရာ မြန်မာ့ စီးပွားရေး ဦးပိုင် လီမီတက်မှ
အငှားယာဉ် အစီး ၁၀၀ တင်သွင်းခွင့်ရရှိကြောင်း စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ပြောသည်။


လျှပ်စစ်မီး ပုံမှန်ရရှိရေး ရန်ကုန်မှာ ဆန္ဒပြမည်
လျှပ်စစ်မီး ပုံမှန်ရရှိရေး ရန်ကုန်မှာ ဆန္ဒပြမည်
ရန်ကုန်မြို့ ဆူးလေဘုရားရှေ့တွင် လျှပ်စစ်မီးပုံမှန်ရရှိရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြရန် စီစဉ်နေကြောင်း သိရသည်။ ဒေသခံ ပြည် သူများ အပါအ၀င် အလုပ်သမားအဖွဲ့ ၊ ကျောင်းသား အဖွဲ့၊ လယ်သမားအဖွဲ့များနှင့် နိုင်ငံရေး အကျဉ်းသားအရေး ဆောင်ရွက် နေ သည့် အဖွဲ့များ က ဖယောင်းတိုင်များထွန်း၍ အသံတိတ် ဆန္ဒပြမည် ဖြစ်ကြောင်း၊ ထို့နောက် ဆူးလေဘုရားပေါ်သို့ တက်ရောက်ဆု တောင်းမှု ပြုလုပ်မည် ဖြစ်ကြောင်း YPI သတင်းဌာန ဖေ့စ်ဘုတ် စာမျက်နှာ၌ ဖော်ပြထားသည်။“စိတ်နဲ့ ကိုယ့်တိုင်းပြည်ကို ချစ်နေရတာကိုက ကုသိုလ်ရတယ်”
နိုင်ငံကျော် အနုပညာရှင် (ဒေါ်) မာမာအေးဟာ ၁၉၉၈ ခုနှစ်က
နိုင်ငံရပ်ခြားကို အလည်အပတ်သွားရင်း အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ
ရောက်နေကြတဲ့ မြန်မာစစ်အစိုးရ အတိုက်အခံ အင်အားစုတွေရဲ့ ဖျော်ဖြေပွဲမှာ
ပါဝင်ခဲ့ပြီး နောက်ပိုင်း ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ခံခဲ့ရသူ ဖြစ်ပါတယ်။
အခုတော့ (ဒေါ်) မာမာအေးဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ပြည်တော်ပြန်
ခွင့်ပြုမိန့်ကြောင့် မြန်မာပြည်ကို ပြန်လာနိုင်တော့မှာပါ။ ဒါကြောင့်
နိုင်ငံကျော် အဆိုတော် မာမာအေးရဲ့ ၁၄ နှစ်တာ ကာလအတွင်း ပထမဆုံး မြန်မာပြည်
ခရီးစဉ်မှာ ဘာတွေရည်ရွယ်ထားတယ်၊ ဘယ်လို အစီအစဉ်တွေ ရှိတယ် ဆိုတာ သိရဖို့
ဧရာဝတီ သတင်းထောက် မစပ်စုက ဆက်သွယ် မေးမြန်းထားပါတယ်။
တရုပ်လုပ် ပစ္စည်းအတုတွေ အမေရိကန် စစ်တပ်သုံး
အမေရိကန်စစ်လက်နက် ပစ္စည်းတွေမှာ တရုတ်နိုင်ငံလုပ် လျှပ်စစ်ပစ္စည်း
အစိတ်အပိုင်း အတုတွေကို သုံးနေတာ တွေ့ရတယ်လို့ အမေရိကန် အထက်လွှတ်တော်
စုံစမ်းစစ်ဆေးရေး အဖွဲ့က ပြောပါတယ်။ ဒါဟာ အမေရိကန်တပ်တွေရဲ့
လုံခြုံစိတ်ချရမှု အတွက်ရော နိုင်ငံတော် လုံခြုံရေး အတွက်ပါ အန္တရာယ်
ရှိနေတယ်လို့ဆိုပါတယ်။
ဖြိုးဝေအောင် ကျန်းမာရေး ကင်တားနား အနီးကပ်စောင့်ကြည့်
၂၀၁၀ ခုနှစ် ရန်ကုန်သင်္ကြန်မဏ္ဍပ် ဗုံးခွဲမှုနဲ့ စွပ်စွဲခံရပြီး
မကြာသေးခင်ကပဲ သေဒဏ် ချမှတ်ခံလိုက်ရတဲ့ ကိုဖြိုးဝေအောင်ရဲ့ ကျန်းမာရေး
အခြေအနေနဲ့ ပတ်သက်ပြီး အထူး စိုးရိမ်တဲ့အကြောင်းနဲ့ ဒါနဲ့ပတ်သက်လို့
မြန်မာအစိုးရထံ မေးမြန်း ဆွေးနွေးထားတဲ့အကြောင်း ကုလသမဂ္ဂရဲ့
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ်အိုဟေး
ကင်တားနားက ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက အပြည့်အစုံကို
တင်ပြထားပါတယ်။
အာဖဂန်လမ်းပြမြေပုံ NATO ချမှတ်
အမေရိကန်ပြည်ထောင်စု ရှီကာဂိုမှာ ကျင်းပပြုလုပ်နေတဲ့ မြောက်အတ္တလန်တိတ်
စစ်စာချုပ်အဖွဲ့ နေတိုး ထိပ်သီးဆွေးနွေးပွဲမှာ အာဖဂန် နစ္စတန်က
နေတိုးအခန်းကဏ္ဍနဲ့ပတ်သက်လို့ ရှင်းလင်းတဲ့ လမ်းပြမြေပုံ တခု ထွက်လာဖို့
နီးစပ်လာပြီလို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက ပြောလိုက်ပါတယ်။
ရန်ကုန် အလုပ်သမား ဆန္ဒပြမှု ပိုမို ကျယ်ပြန့်
လှိုင်သာယာစက်မှုဇုံ ၄ မှာရှိတဲ့ စက်ရုံ အနည်းဆုံး၎ ရုံက အလုပ်သမား ၅,၀၀၀
လောက်ဟာ ဒီကနေ့မှာ ဆက် ဆန္ဒပြနေကြဆဲပါ။ ဒါ့အပြင် နောက်ထပ် စက်ရုံတခုက
အလုပ်သမားတွေဟာလည်း ဒီကနေ့ မှာလည်း ဆန္ဒပြကြပြန်ပါတယ်။ အလုပ်ရှင်တွေဘက်ကလည်း
အလုပ်သမားတွေ ရဲ့ တောင်းဆိုချက်တွေ ကို မလိုက်လျောသေးဘဲ တင်းခံထားဆဲပါ။
အလုပ်သမား တွေဘက်ကလည်း အခုချိန်ထိတော့ လက်လျှော့ မယ့်ပုံမရှိတဲ့အပြင်
ပြီးခဲ့တဲ့ရက်ပိုင်းတွေက အော်ဟစ် ကြွေးကျော်တာမရှိဘဲ တိတ်တိတ်ဆိတ်ဆိတ်ပဲ
ဆန္ဒပြခဲ့ကြရာက ဒီကနေ့မှာတော့ အော်ဟစ် တောင်းဆိုတဲ့အခြေအနေထိ ရှိခဲ့ပါတယ်။
ဒီအခြေအနေ တွေကို ဘန်ကောက်ကနေ ဆက်သွယ် မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက
သတင်းပေးပို့ထားပါတယ်။
+++++
+++++
ရွေးကောက်ပွဲကာလ NLD လုပ်ရပ် ပါတီတချို့ ဝေဖန်
ဓာတ်ပုံ Reuters
ပြီးခဲ့တဲ့ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်လွန်းပြီး
မျှတမှုမရှိဘူးလို့ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဋ္ဌ က
ပြောကြားလိုက်ပါတယ်၊ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့
နိုင်ငံရေး ပါတီ တချို့ NLD ပါတီရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်တဲ့
တိုင်တန်းချက်တွေကို အခြေပြုပြီး ပြောသွား တာ ဖြစ်ပါတယ်၊ ဒီကိစ္စ နဲ့
ပတ်သက်တဲ့ အချက်အလက်တွေ နဲ့ NLD ပါတီရဲ့ တုံ့ပြန်ချက်တွေကိုတော့
မသင်းသီရိက ဆက်ပြောပြပေးမှာပါ၊
ဒေါ်အောင်ဆန်းစုကြည် ILO ညီလာခံမှာ စကားပြောမည်
ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ပထမဆုံး မြန်မာနိုင်ငံ ပြင်ပမှာ ဟောကြားမယ့်
မိန့်ခွန်းကို ဂျနီဗာက ILO ညီလာခံမှာ ဇွန်လ ၁၄ ရက်နေ့ ပြောကြားမှာ
ဖြစ်ပါတယ်။
ဓာတ်ပုံ dapd
ကုလသမဂ္ဂ ILO ရုံး အကြီးအကဲ Juan Somavia က ဒေါ်အောင်ဆန်းစုကြည်ဟာ
သူ့ရဲ့ ပထမဆုံး မြန်မာနိုင်ငံ ပြင်ပမှာ ဟောကြားမယ့် မိန့်ခွန်းကို
ဂျနီဗာက ILO ညီလာခံမှာ ဇွန်လ ၁၄ ရက်နေ့ကျရင် ပြောကြားမှာဖြစ်ကြောင်း
အင်္ဂါနေ့မှာ ထုတ်ဖေါ်ပြောဆို လိုက်တာပါ။
လျှပ်စစ်မီး အချိန်ပြည့်ရရှိရေး ဆန္ဒထုတ်ဖော်ပွဲများ ပျံ့နှံ့လာ
လျှပ်စစ်မီး အချိန်ပြည့်ရရှိရေး ဆန္ဒထုတ်ဖော်ပွဲများ ပျံ့နှံ့လာ
2012-05-22
လျှပ်စစ်မီး (၂၄) နာရီ ရရှိရေးအတွက် ဒီကနေ့ ရန်ကုန်နဲ့ ပဲခူးမြို့တွေမှာလည်း ဆန္ဒထုတ်ဖော်ဖို့ ပြင်ဆင်နေကြပါတယ်။ ရန်ကုန်မြို့က ဆန္ဒထုတ်ဖော်ပွဲကို နိုင်ငံရေးအကျဉ်းသား မိသားစုတွေ၊ ကွန်ယက်အဖွဲ့ဝင်တွေ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမား အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ အဖွဲ့ဝင်တွေ ပါဝင်မှာဖြစ်သလို အဖွဲ့အစည်းဝင် မဟုတ်သူတွေလည်း ပါဝင်ဖွယ်ရှိတယ်လို့ ဆော်သြသူတွေက ပြောပါတယ်။
AFP
ရန်ကုန်မြို့တွင် လျှပ်စစ် ဂျင်နရေတာကို
စက်နှိုးနေသော ကလေးတဦး ဖြစ်ပါသည်။ မြန်မာ တပြည်လုံး
၂၄ နာရီ မီးလင်းရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူတချို့ကို အာဏာပိုင်တွေ ခေါ်ယူမေးမြန်း
၂၄ နာရီ မီးလင်းရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူတချို့ကို အာဏာပိုင်တွေ ခေါ်ယူမေးမြန်း
2012-05-22
မန္တလေးမြို့ ၂၄ နာရီ မီးလင်းရေးအတွက် မေလ (၂၀) ရက်နေ့ကစတင်ပြီး နှစ်ရက်ဆက်တိုက် ဖယောင်းတိုင်တွေ မီးထွန်းကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူတချို့ကို အာဏာပိုင်တွေက ဒီကနေ့ မနက်အစောကြီးကတည်းက စတင် ခေါ်ယူမေးမြန်းနေတယ်လို့ သိရပါတယ်။
RFA
မန္တလေးမြို့ ၂၄ နာရီမီးလင်းရေးအတွက် ဖယောင်းတိုင်မီး ကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာဆန္ဒပြသူ တချို့ကို မေလ(၂၀)ရက်နေ့က တွေ့ရစဉ်။
ပိတ်ပင်မှုဥပဒေ သက်တမ်းတိုးဖို့ အမေရိကန်အမတ် ဆောင်ရွက်
ပိတ်ပင်မှုဥပဒေ သက်တမ်းတိုးဖို့ အမေရိကန်အမတ် ဆောင်ရွက်
2012-05-21
အမေရိကန် အောက်လွှတ်တော်အမတ် Joseph Crowley က မြန်မာစစ်အစိုးရအပေါ် ပြဋ္ဌာန်းထားတဲ့ စီးပွားရေး ပိတ်ပင်မှုဥပဒေကို ထပ်မံသက်တမ်းတိုးဖို့ တနင်္လာနေ့မှာ အဆိုပြုလိုက်ပါတယ်။
Subscribe to:
Posts (Atom)



