Sunday, August 11, 2013

အလုပ်ရှာလိုသူများ Call Center မှ တစ်ဆင့် လျှောက်ထားနိုင်

အလုပ်အကိုင်ရှာဖွေလျှောက်ထားလိုသူများအတွက် ၀န်ဆောင်မှုတစ်ခုဖြစ်သော အလုပ်အကိုင်ရှာဖွေရေး ၀န်ဆောင်မှုကို ပြည်တွင်းတွင် Call Center ၀န်ဆောင်မှုများ ဆောင်ရွက်ပေးနေသည့် ရတနာပုံ  Call Center က ဆောင်ရွက်ပေးနေပြီး အလုပ်လျှောက်ထားလိုသူများ သြဂုတ်လအတွင်းမှ စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အဆိုပါ  Call Center မှ သိရသည်။

အဆိုပါဝန်ဆောင်မှုဖြင့် အလုပ်လျှောက်ထားလိုပါက ဖုန်းနံပါတ်-၁၈၇၅ Hotline လိုင်းခွဲ နံပါတ်-၄ သို့ ဖုန်းခေါ် ဆိုကာ မိမိ၏ကိုယ်ရေးအချက်အလက်များပေးခြင်းဖြင့် လျှောက်ထားနိုင်သကဲ့သို့ အီးမေးလ်ဖြင့်လည်း
လျှောက်ထားနိုင်မည်ဖြစ်သည်။ ယင်းအပြင် Call Center ရုံးသို့လည်း CV Form များ ပေးပို့၍ လျှောက်ထား
နိုင်ကြောင်း သိရသည်။

ယင်းသို့ပေးပို့ထားသည့်အချက်အလက်များကို အလုပ်ခေါ်သည့်ကုမ္ပဏီများသို့ ပေးပို့ပေးမည်ဖြစ်ပြီး အလုပ် ရရှိပါက အလုပ်ရှာသူဘက်မှ ၀န်ဆောင်ခပေးရန် မလိုကြောင်း သိရသည်။

Call Center မှ မစောနန္ဒာနိုင်က "အလုပ်လျှောက်ထားလိုတဲ့သူတွေက CV ဖောင်အတွက် ဖုန်းနဲ့လှမ်းဆက်ပြီး ကိုယ်ရေးအချက်အလက်နဲ့ ပညာအရည်အချင်း၊ လုပ်ကိုင်လိုတဲ့ အလုပ်အကိုင်တွေကို ပြောပြပြီး လျှောက်ထား လို့ရတယ်။ အလုပ်ခေါ်တဲ့ကုမ္ပဏီဘက်က လိုအပ်ချက် အလုပ်နေရာနဲ့ ကိုက်ညီတဲ့သူတွေဆီကို ဖုန်းဆက်ပြီး အကြောင်းကြားပေးမယ်" ဟု ပြောသည်။

အွန်လိုင်းမှတစ်ဆင့် လျှောက်ထားလိုလျှင်လည်း မိမိလုပ်ကိုင်လိုသည့်ရာထူး၊ ကိုက်ညီသောအရည်အချင်း၊ လုပ်ခလစာတို့ကို ဖြည့်စွတ်ကာ  1875jobsearch@gmail.com သို့ ပေးပို့လျှောက်ထားနိုင်မည်ဖြစ်သည်။

အလုပ်အကိုင်ရရှိပါက ၀န်ထမ်းများ အနေနှင့် ၀န်ဆောင်ခကိုပေးရန်မလိုအပ်ဘဲ လုပ်ငန်းရှင်များဘက်က အဆိုပါဝန်ဆောင်ခကို ပေးချေရမည်ဖြစ်ကြောင်း Call Center မှ သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။