Wednesday, August 14, 2013

အာဆီယံ ယူ-၁၆ ဘောလုံးပြိုင်ပွဲတွင် အိမ်ရှင်မြန်မာအသင်း ဗိုလ်လုပွဲတက်ရန် မျှော်မှန်း

လာမည့် သြဂုတ် ၂၀ ရက်တွင် နေပြည်တော်၌ ကျင်းပမည့် ၂၀၁၃ ခုနှစ် အာဆီယံ ယူ-၁၆ ဘောလုံးပြိုင်ပွဲ (AFF U-16 AYA Bank Championship 2013) တွင် အိမ်ရှင် မြန်မာ ယူ-၁၆ ဘောလုံးအသင်း အနေဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ရန် မျှော်မှန်းထားကြောင်း ယူ-၁၆ ဘောလုံးအသင်း မန်နေဂျာဦးဝင်းသူမိုးမှ ပြောကြားခဲ့သည်။

အာဆီယံ ယူ-၁၆ ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စု(က)တွင် သြစတြေးလျ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စု(ခ)တွင် စင်ကာပူ၊ လာ အို၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်တို့ ပါဝင်နေသည်။ မြန်မာ ယူ-၁၆ ဘောလုံး အသင်း မန်နေဂျာ ဦးဝင်းသူမိုးက "သြစတြေးလျအသင်းက ဒီအုပ်စုမှာ အကောင်းဆုံး အသင်းတစ်သင်း ဖြစ်မှာပါ။ကမ္ဘောဒီး ယားနဲ့ ဘရူနိုင်းတို့ကတော့ နိုင်ပါတယ်။ ဒါပေမဲ့
လျှော့တော့ မတွက်ထားပါဘူး။ ဗီယက်နမ်ကို သေချာ ပေါက် အနိုင်ကစားပြီး သြစတြေးလျနဲ့ပွဲမှာ အမှတ်ရသလောက် ယူမှာပါ။ ဒီပြိုင်ပွဲမှာ ဗိုလ်လုပွဲ တက်ဖို့ မှန်းထားပါတယ်" ဟု ပြောကြားခဲ့သည်။ မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းအား ရတနာပုံနှင့် နေပြည် တော် အကယ်ဒမီတို့မှ လူငယ်ကစားသမားတချို့ ပါဝင်သည်။ မြန်မာ ယူ- ၁၆ အသင်းသည် သြဂုတ် ၂၀ ရက်တွင် ဗီယက်နမ်အသင်းနှင့် လည်းကောင်း၊ သြဂုတ် ၂၂ ရက်တွင် သြစတြေးလျအသင်းနှင့် လည်းကောင်း၊ သြဂုတ် ၂၆ ရက်တွင် ဘရူနိုင်းအသင်းနှင့် လည်းကောင်း၊ သြဂုတ် ၂၈ ရက်တွင် ကမ္ဘောဒီးယား အသင်းတို့နှင့် လည်းကောင်း ကစားရမည် ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။